Shwe Pann Thee Health ညဘက်အိပ်နေတဲ့အချိန်မှာ ခြေထောက်ကြွက်မတက်စေမယ့် အိမ်တွင်းနည်း

ညဘက်အိပ်နေတဲ့အချိန်မှာ ခြေထောက်ကြွက်မတက်စေမယ့် အိမ်တွင်းနည်း



ညဘက်အိပ်နေတဲ့အချိန်မှာ ခြေထောက်ကြွက်မတက်စေမယ့် အိမ်တွင်းနည်း

အေးတဲ့အခုလိုရာသီမှာ ပိုပြီးဖြစ်တတ်တဲ့ ခြေထောက်ကြွက်တက်တာကို ကာကွယ်ပေးနိုင်မယ့် နည်းလမ်းလေးတွေကို ပြောပြထားတဲ့ ဆောင်းပါးလေး တစ်ခုကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

အိပ်နေရင်း ခြေထောက် ကြွက်တက်ခြင်း ကြုံဖူးသူတွေဟာ ခံရအတော်ခက်ကြောင်း သိကြပါတယ်။ အင်မတန် နာကျင်ပြီး နေရထိုင်ရ မသက်သာလှပါဘူး။ အိပ်နေချိန်တွေမှာ ခြေထောက်ကြွက်မတက်ရအောင် အိမ်တွင်းနည်းလေးတွေနဲ့ ပြင်ဆင်ထားရင် အဆင်ပြေလှပါပြီ။

အိပ်ရာမဝင်ခင် နွားနို့ပူပူ တစ်ခွက် သောက်တာက ခြေသလုံးကြွက်တက်တဲ့ဝေဒနာကို သက်သာစေတဲ့ ထိရောက်တဲ့နည်းပါ။ အိပ်ရာမဝင်ခင် ကြက်သီးနွေး ရေချိုးတာက ခြေသလုံးကြွက်တက်တာကို သက်သာစေတဲ့ နည်းလမ်းကောင်း တစ်ခုပါ။ ကြွက်တက်ပြီး နာကျင်နေတဲ့ ခြေသလုံးနေရာကို ကြက်သီးနွေးရေ များများလောင်းချပေးရပါမယ်။ အိပ်ရာထဲ ရှိနေချိန်မှာ တတ်နိုင်သလောက် ခြေထောက်ကို ဆွဲဆန့်ပေးပါ။

ပြီးရင် အဲဒီအနေ အထားနဲ့ နာရီဝက်ခန့် နေပေးပါ။
မတ်တတ်ရပ်နေစဉ် ခြေဖနောင့် ကို ကြမ်းပြင်ပေါ် ချထားပေးပြီး ခြေချောင်းတွေကို အပေါ်ကို ကော့ထားပါ။ ဒါက ခြေသလုံးကြွက်တက်တာအတွက် နည်းလမ်းကောင်း ဖြစ်ပါတယ်။ ခြေသလုံးကြွက်တက်ရင် နံရံပေါ်မှာ ခြေချောင်းတွေ ဖိထားရင်းခြေတံကောက် ကြွက်သားတွေကို ဆွဲဆန့်ပေးပါ။ ကြွက်တက်တဲ့ ခြေသလုံးပေါ် ရေနွေး အိတ် တင်ပေးတာကလည်း သက်သာ စေတဲ့ နည်းဖြစ်ပါတယ်။

တစ်နေ့ ငှက်ပျောသီး ၂-၃လုံးစားပါ။ ဒါဆိုရင် ပိုတက်စီယမ်စုပ်ယူမှု ရရှိပြီး ကြွက်တက်တာကို သက်သာစေပါတယ်။ တစ်နေ့ ပျားရည် လက်ဖက်စားဇွန်း နှစ်ဇွန်းစားတာကြောင့် ခြေသလုံးကြွက်တက်မှု မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ကယ်လ်စီယမ်၊ ပိုတက်စီယမ်နဲ့ မဂ္ဂ နီဆီယမ်တို့ များများ ပါဝင်တဲ့ အစားအ စာတွေကို စားပေးပါ။ ခြေသလုံးကြွက်တက်တဲ့နေရာကို လာဗန်ဒါဆီ၊ ယူကလစ်ဆီစတဲ့ မရှိမဖြစ်ဆီ တို့သုံးပြီး နှိပ်ပေးလိုက်ပါ။ ဒီလိုနှိပ်ပြီး ရေနွေးဆွတ်ထားတဲ့ တဘက်တစ်ထည်နဲ့ ပတ်ပေးရပါမယ်။

Credit – Original Uploader

Zawgyi Version

ညဘက္အိပ္ေနတဲ့အခ်ိန္မွာ ေျခေထာက္ႂကြက္မတက္ေစမယ့္ အိမ္တြင္းနည္း

ေအးတဲ့အခုလိုရာသီမွာ ပိုၿပီးျဖစ္တတ္တဲ့ ေျခေထာက္ႂကြက္တက္တာကို ကာကြယ္ေပးႏိုင္မယ့္ နည္းလမ္းေလးေတြကို ေျပာျပထားတဲ့ ေဆာင္းပါးေလး တစ္ခုကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။

အိပ္ေနရင္း ေျခေထာက္ ႂကြက္တက္ျခင္း ႀကဳံဖူးသူေတြဟာ ခံရအေတာ္ခက္ေၾကာင္း သိၾကပါတယ္။ အင္မတန္ နာက်င္ၿပီး ေနရထိုင္ရ မသက္သာလွပါဘူး။ အိပ္ေနခ်ိန္ေတြမွာ ေျခေထာက္ႂကြက္မတက္ရေအာင္ အိမ္တြင္းနည္းေလးေတြနဲ႔ ျပင္ဆင္ထားရင္ အဆင္ေျပလွပါၿပီ။

အိပ္ရာမဝင္ခင္ ႏြားႏို႔ပူပူ တစ္ခြက္ ေသာက္တာက ေျခသလုံးႂကြက္တက္တဲ့ေဝဒနာကို သက္သာေစတဲ့ ထိေရာက္တဲ့နည္းပါ။ အိပ္ရာမဝင္ခင္ ၾကက္သီးေႏြး ေရခ်ိဳးတာက ေျခသလုံးႂကြက္တက္တာကို သက္သာေစတဲ့ နည္းလမ္းေကာင္း တစ္ခုပါ။ ႂကြက္တက္ၿပီး နာက်င္ေနတဲ့ ေျခသလုံးေနရာကို ၾကက္သီးေႏြးေရ မ်ားမ်ားေလာင္းခ်ေပးရပါမယ္။ အိပ္ရာထဲ ရွိေနခ်ိန္မွာ တတ္ႏိုင္သေလာက္ ေျခေထာက္ကို ဆြဲဆန႔္ေပးပါ။

ၿပီးရင္ အဲဒီအေန အထားနဲ႔ နာရီဝက္ခန႔္ ေနေပးပါ။
မတ္တတ္ရပ္ေနစဥ္ ေျခဖေနာင့္ ကို ၾကမ္းျပင္ေပၚ ခ်ထားေပးၿပီး ေျခေခ်ာင္းေတြကို အေပၚကို ေကာ့ထားပါ။ ဒါက ေျခသလုံးႂကြက္တက္တာအတြက္ နည္းလမ္းေကာင္း ျဖစ္ပါတယ္။ ေျခသလုံးႂကြက္တက္ရင္ နံရံေပၚမွာ ေျခေခ်ာင္းေတြ ဖိထားရင္းေျခတံေကာက္ ႂကြက္သားေတြကို ဆြဲဆန႔္ေပးပါ။ ႂကြက္တက္တဲ့ ေျခသလုံးေပၚ ေရေႏြး အိတ္ တင္ေပးတာကလည္း သက္သာ ေစတဲ့ နည္းျဖစ္ပါတယ္။

တစ္ေန႔ ငွက္ေပ်ာသီး ၂-၃လုံးစားပါ။ ဒါဆိုရင္ ပိုတက္စီယမ္စုပ္ယူမႈ ရရွိၿပီး ႂကြက္တက္တာကို သက္သာေစပါတယ္။ တစ္ေန႔ ပ်ားရည္ လက္ဖက္စားဇြန္း ႏွစ္ဇြန္းစားတာေၾကာင့္ ေျခသလုံးႂကြက္တက္မႈ မျဖစ္ေအာင္ ကာကြယ္ေပးပါတယ္။ ကယ္လ္စီယမ္၊ ပိုတက္စီယမ္နဲ႔ မဂၢ နီဆီယမ္တို႔ မ်ားမ်ား ပါဝင္တဲ့ အစားအ စာေတြကို စားေပးပါ။ ေျခသလုံးႂကြက္တက္တဲ့ေနရာကို လာဗန္ဒါဆီ၊ ယူကလစ္ဆီစတဲ့ မရွိမျဖစ္ဆီ တို႔သုံးၿပီး ႏွိပ္ေပးလိုက္ပါ။ ဒီလိုႏွိပ္ၿပီး ေရေႏြးဆြတ္ထားတဲ့ တဘက္တစ္ထည္နဲ႔ ပတ္ေပးရပါမယ္။

Credit – Original Uploader

Leave a Reply

Your email address will not be published. Required fields are marked *