Shwe Pann Thee Knowledge အောင်မြင်ရေးအတွက် ဦးသန့်ပြောတဲ့ မှတ်သားဖွယ် “စကားငါးခွန်း”

အောင်မြင်ရေးအတွက် ဦးသန့်ပြောတဲ့ မှတ်သားဖွယ် “စကားငါးခွန်း”



အောင်မြင်ရေးအတွက် ဦးသန့်ပြောတဲ့ မှတ်သားဖွယ် “စကားငါးခွန်း”

ဘုန်းကြီး ရဟန်း ၃-ဝါရ ရွာကို ပြန်စဉ် အဖိုး ရဟန်းလူထွက် ဆရာကြီး ဦးစာရိန္ဒ သိမ်းထားသော ကြီးပွားရေးမဂ္ဂဇင်း (အတွဲ၊ အမှတ်နဲ့ ခုနှစ်များကို မရေးထားမိ ) ထဲက ကုလသမဂ္ဂ အတွင်းဝန်ချုပ် ဦးသန့် ရေးသည့် ”စကားငါးခွန်း” အမည်ရှိ ဆောင်းပါးကို ဘုန်းကြီး ဒိုင်ယာရီ စာအုပ်ထဲမှာ ကူယူထားခဲ့သည်ကို ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည် ။

လောက၌ ကြီးပွားရေး လမ်းတို့သည် များပြားကုန်၏။ ကြီးပွားရေး ဆရာတို့လည်း ပေါများကုန်၏။ သို့ရာတွင် ကြီးပွားကုန်သော သူတို့၏ ကြီးပွားရာ လမ်းများအနက် အောက်ဖော်ပြပါ ငါးချက်တို့သည် အရေးကြီးပေသည် ။

၁ ။ ရည်ရွယ်ချက် ရှိပါ လောက်၌ ရည်ရွယ်ချက် မရှိသောသူသည် မည်သည့် အရေးသို့ သွားရန် မသိသေးသော ခရီးသည်နှင့် တူ၏။ ကြီးပွားလိုသော လူတိုင်း ၌ ရည်ရွယ်ချက် ရှိရမည်။ သုံးလူ့ထွတ်ထား သဗ္ဗညုဘုရားပင်လျှင် တစ်ခုတည်းသော ရည်ရွယ်ချက်ဖြင့် ကြိုးစား အားထုတ်တော်မူခဲ့ ပေသည် ။

မည်သူမဆို ငယ်စဉ်ကပင် မှန်းခြေတစ်ခု ရှိရမည်။ မှန်းခြေရှိသော လူတို့သည် မိမိတို့ လုပ်ငန်း၌ လွယ်ကူသည်သာမက မှန်းခြေ မရှိသော သူထက် မနှိုးင်းယှဉ်သာအောင် ကြီးပွားကြလေသည် ။

၂ ။ သူများနှင့် မတူအောင် လုပ်ပါ ထိုအချက်သည် ဆန်းဆန်းဖြစ်သည် ။ သို့ရာတွင် စေ့စေ့တွေးသော် ကြီးပွားသော သူတို့၏ လက်သုံး အချက်ကြီး ဖြစ်သည် ။ သူများကဲ့သို့ လုပ်လျှင် သူများကဲ့သိုပင် ဖြစ်မည် ။ သူများနှင့် မတူအောင် လုပ်လျှင် သူများနှင့် တူမည် ဟုတ်ချေ ။ မြတ်စွာဘုရားသည် ခပ်သိမ်းသော သူတို့နှင့် မတူအောင် အားထုတ်တော်မူခဲ့၍ သူများနှင့် မတူသော သဗ္ဗညုအဖြစ်သို့ ရောက်ရှိခဲ့ပေသည် ။

၃ ။ အများ သဘောကို မလိုက်နှင့် အများသဘောသည် အမှားပေါ၏ ။ လောက၌ ပညာ ရှိသောသူနှင့် မရှိသောသူ အရေအတွက်ကို နှိုင်းယှဉ်ကြည့်လျှင် ပညာ ရှိသူက မနှိုင်းယှဉ် လောက်အောင် နည်းလှ၏ ။ အများသဘောကို မလိုက်နှင့်ဟု ဆိုရာ၌ မည်သည့်အခါ မဆို အများသဘောနှင့် ဆန့်ကျင်ရ မည်ဟု မဆိုလိုပေ ။ မည်သည့် ကိစ္စ၌မဆို ‘ဟာ .. အများ သဘောပါ’ဟု ပြောလေ့ရှိသောသူကို အသုံးမကျသူ ဟူ၍ မှတ်အပ်၏။ အများ သဘောသည် မှားလျှင်လည်း မှားကြောင်း ညွှန်ပြနိုင်ရမည်။ ဆန့်ကျင်ရဲရမည်။ ရေလိုက်ငါးလိုက် နေသောသူတို့သည် မကြီးပွားနိုင်ကု န်။

၄ ။ ပြုပြင်ရန် မကြောက်နှင့် လောက၌ ဘာသာရေးမှ လွဲလျှင် အားလုံးသော ကိစ္စဟူသမျှသည် အမြဲ ပြုပြင် ပြောင်းလဲလျက် ရှိ၏။ အဝတ်အစား အနေအထိုင် အပြောအဆို အယူအဆ စသည်တို့မှာ အမြဲ ပြောင်းလဲလျက် ရှိ၏။ ယခု ခေတ်သည် အလွန် မြန်နိုင်မှ တော်ရုံ ရှိ၏ ။ အပြေးသွား အပြေး လာ အပြေးလုပ်ရသော ခေတ်ကြီး ဖြစ်၏။ ဘဝသံသရာ ကြီးပွားရေးအတွက် ပြုပြင်ရေးသည်လည်း အထူး အရေးကြီးလှပေသည် ။

၅ ။ မယုံလွယ်နှင့် မစဉ်းစားပဲ ယုံလွယ်သူ ပေါးများသော တိုင်းပြည်သည် အောက်တန်းကျသော တိုင်းပြည် ဖြစ်၏။ အသိဉာဏ်ကို ချင့်ချိန်နိုင်ရန် ၎င်းတိုင်း ပြည်၏ သတင်းစာကို ကြည့်၍ အကဲခတ်နိုင်၏ ။ သတင်းစာများတွင် မြတ်စွာဘုရား ဆင်းတုတော်မှ မျက်ရည်ကျခြင်း၊ ကိုယ်ဝန်ရှိသော ဥစ္စာစောင့်မ၊ နတ်ပေးသော ကလေး စသည်ဖြင့် ခေါင်းတပ်ထားသော ဆောင်းပါးများကို အလုအယက် ဖတ်သမျှ ကာလပတ်လုံး မြန်မာ လူမျိုးတို့၏ အဆင့်အတန်းသည် ခေတ်မီရန် များစွာ လိုသေးသည်ဟု ဆိုရမည် ဖြစ်သည် ။ ပြောတိုင်း မယုံနှင့်၊ ယုံတိုင်းလည်း မပြာနှင့်၊ ချင့်ချိန် မှန်းဆ၍ ပြုလုပ် ပြောဆိုရာ၏။ ဤသည်လည်း ကြီးပွားရေး လှေကား တစ်ထစ်ပေတည်း ။

Via : Ashin Kelasa ,

Credit – Thutazone

Zawgyi Version

ေအာင္ျမင္ေရးအတြက္ ဦးသန႔္ေျပာတဲ့ မွတ္သားဖြယ္ “စကားငါးခြန္း”

ဘုန္းႀကီး ရဟန္း ၃-ဝါရ ႐ြာကို ျပန္စဥ္ အဖိုး ရဟန္းလူထြက္ ဆရာႀကီး ဦးစာရိႏၵ သိမ္းထားေသာ ႀကီးပြားေရးမဂၢဇင္း (အတြဲ၊ အမွတ္နဲ႔ ခုႏွစ္မ်ားကို မေရးထားမိ ) ထဲက ကုလသမဂၢ အတြင္းဝန္ခ်ဳပ္ ဦးသန႔္ ေရးသည့္ ”စကားငါးခြန္း” အမည္ရွိ ေဆာင္းပါးကို ဘုန္းႀကီး ဒိုင္ယာရီ စာအုပ္ထဲမွာ ကူယူထားခဲ့သည္ကို ကူးယူ ေဖာ္ျပျခင္း ျဖစ္ပါသည္ ။

ေလာက၌ ႀကီးပြားေရး လမ္းတို႔သည္ မ်ားျပားကုန္၏။ ႀကီးပြားေရး ဆရာတို႔လည္း ေပါမ်ားကုန္၏။ သို႔ရာတြင္ ႀကီးပြားကုန္ေသာ သူတို႔၏ ႀကီးပြားရာ လမ္းမ်ားအနက္ ေအာက္ေဖာ္ျပပါ ငါးခ်က္တို႔သည္ အေရးႀကီးေပသည္ ။

၁ ။ ရည္႐ြယ္ခ်က္ ရွိပါ ေလာက္၌ ရည္႐ြယ္ခ်က္ မရွိေသာသူသည္ မည္သည့္ အေရးသို႔ သြားရန္ မသိေသးေသာ ခရီးသည္ႏွင့္ တူ၏။ ႀကီးပြားလိုေသာ လူတိုင္း ၌ ရည္႐ြယ္ခ်က္ ရွိရမည္။ သုံးလူ႔ထြတ္ထား သဗၺညဳဘုရားပင္လွ်င္ တစ္ခုတည္းေသာ ရည္႐ြယ္ခ်က္ျဖင့္ ႀကိဳးစား အားထုတ္ေတာ္မူခဲ့ ေပသည္ ။

မည္သူမဆို ငယ္စဥ္ကပင္ မွန္းေျခတစ္ခု ရွိရမည္။ မွန္းေျခရွိေသာ လူတို႔သည္ မိမိတို႔ လုပ္ငန္း၌ လြယ္ကူသည္သာမက မွန္းေျခ မရွိေသာ သူထက္ မႏႈိးင္းယွဥ္သာေအာင္ ႀကီးပြားၾကေလသည္ ။

 

၂ ။ သူမ်ားႏွင့္ မတူေအာင္ လုပ္ပါ ထိုအခ်က္သည္ ဆန္းဆန္းျဖစ္သည္ ။ သို႔ရာတြင္ ေစ့ေစ့ေတြးေသာ္ ႀကီးပြားေသာ သူတို႔၏ လက္သုံး အခ်က္ႀကီး ျဖစ္သည္ ။ သူမ်ားကဲ့သို႔ လုပ္လွ်င္ သူမ်ားကဲ့သိုပင္ ျဖစ္မည္ ။ သူမ်ားႏွင့္ မတူေအာင္ လုပ္လွ်င္ သူမ်ားႏွင့္ တူမည္ ဟုတ္ေခ် ။ ျမတ္စြာဘုရားသည္ ခပ္သိမ္းေသာ သူတို႔ႏွင့္ မတူေအာင္ အားထုတ္ေတာ္မူခဲ့၍ သူမ်ားႏွင့္ မတူေသာ သဗၺညဳအျဖစ္သို႔ ေရာက္ရွိခဲ့ေပသည္ ။

၃ ။ အမ်ား သေဘာကို မလိုက္ႏွင့္ အမ်ားသေဘာသည္ အမွားေပါ၏ ။ ေလာက၌ ပညာ ရွိေသာသူႏွင့္ မရွိေသာသူ အေရအတြက္ကို ႏႈိင္းယွဥ္ၾကည့္လွ်င္ ပညာ ရွိသူက မႏႈိင္းယွဥ္ ေလာက္ေအာင္ နည္းလွ၏ ။ အမ်ားသေဘာကို မလိုက္ႏွင့္ဟု ဆိုရာ၌ မည္သည့္အခါ မဆို အမ်ားသေဘာႏွင့္ ဆန႔္က်င္ရ မည္ဟု မဆိုလိုေပ ။ မည္သည့္ ကိစၥ၌မဆို ‘ဟာ .. အမ်ား သေဘာပါ’ဟု ေျပာေလ့ရွိေသာသူကို အသုံးမက်သူ ဟူ၍ မွတ္အပ္၏။ အမ်ား သေဘာသည္ မွားလွ်င္လည္း မွားေၾကာင္း ၫႊန္ျပႏိုင္ရမည္။ ဆန႔္က်င္ရဲရမည္။ ေရလိုက္ငါးလိုက္ ေနေသာသူတို႔သည္ မႀကီးပြားႏိုင္ကု န္။

၄ ။ ျပဳျပင္ရန္ မေၾကာက္ႏွင့္ ေလာက၌ ဘာသာေရးမွ လြဲလွ်င္ အားလုံးေသာ ကိစၥဟူသမွ်သည္ အၿမဲ ျပဳျပင္ ေျပာင္းလဲလ်က္ ရွိ၏။ အဝတ္အစား အေနအထိုင္ အေျပာအဆို အယူအဆ စသည္တို႔မွာ အၿမဲ ေျပာင္းလဲလ်က္ ရွိ၏။ ယခု ေခတ္သည္ အလြန္ ျမန္ႏိုင္မွ ေတာ္႐ုံ ရွိ၏ ။ အေျပးသြား အေျပး လာ အေျပးလုပ္ရေသာ ေခတ္ႀကီး ျဖစ္၏။ ဘဝသံသရာ ႀကီးပြားေရးအတြက္ ျပဳျပင္ေရးသည္လည္း အထူး အေရးႀကီးလွေပသည္ ။

၅ ။ မယုံလြယ္ႏွင့္ မစဥ္းစားပဲ ယုံလြယ္သူ ေပါးမ်ားေသာ တိုင္းျပည္သည္ ေအာက္တန္းက်ေသာ တိုင္းျပည္ ျဖစ္၏။ အသိဉာဏ္ကို ခ်င့္ခ်ိန္ႏိုင္ရန္ ၎တိုင္း ျပည္၏ သတင္းစာကို ၾကည့္၍ အကဲခတ္ႏိုင္၏ ။ သတင္းစာမ်ားတြင္ ျမတ္စြာဘုရား ဆင္းတုေတာ္မွ မ်က္ရည္က်ျခင္း၊ ကိုယ္ဝန္ရွိေသာ ဥစၥာေစာင့္မ၊ နတ္ေပးေသာ ကေလး စသည္ျဖင့္ ေခါင္းတပ္ထားေသာ ေဆာင္းပါးမ်ားကို အလုအယက္ ဖတ္သမွ် ကာလပတ္လုံး ျမန္မာ လူမ်ိဳးတို႔၏ အဆင့္အတန္းသည္ ေခတ္မီရန္ မ်ားစြာ လိုေသးသည္ဟု ဆိုရမည္ ျဖစ္သည္ ။ ေျပာတိုင္း မယုံႏွင့္၊ ယုံတိုင္းလည္း မျပာႏွင့္၊ ခ်င့္ခ်ိန္ မွန္းဆ၍ ျပဳလုပ္ ေျပာဆိုရာ၏။ ဤသည္လည္း ႀကီးပြားေရး ေလွကား တစ္ထစ္ေပတည္း ။

Via : Ashin Kelasa ,

Credit – Thutazone

Leave a Reply

Your email address will not be published. Required fields are marked *