Shwe Pann Thee Astrology ၇)ရက်သားသီးများအတွက် အချစ်ဗေဒင်ဟောကိန်း

၇)ရက်သားသီးများအတွက် အချစ်ဗေဒင်ဟောကိန်း



၇)ရက်သားသီးများအတွက် အချစ်ဗေဒင်ဟောကိန်း

တနင်္ဂနွေ အချစ်ရေး

ချစ်ရတဲ့သူကို အရမ်းချစ်ပေမဲ့ အနေဝေးနေကြတတ်ပါတယ်၊ ချစ်သူကအနိုင်ယူတာမျိုးခဏခဏငိုအောင် စိတ်ညစ်အောင်လုပ်တာမျိုးကြုံရတတ်တယ်၊ ဒါပေမဲ့ အဲ့ချစ်သူကဘဲ သင့်ကိုသစ္စာရှိရှိနဲ့ ချစ်သွားမယ်ဆိုတာမမေ့ပါနဲ့

တနလာၤ အချစ်ရေး

ချစ်သူရဲ့ ချော့တာလေးကိုနှစ်သက်ပေးမဲ့ ကိုယ်ကလိုက်ပြီး ချော့နေရတဲ့ အနေအထားမှာရှိပါတယ် မာနကြီးတယ်၊ ရည်းစားတစ်ယောက်က ိုလွယ်လွယ်မထားတတ်ကျဘူး၊ ချစ်ပြီဆိုတစ်ဘဝလုံးစာ၊ မုန်းပြီဆိုရင်လည်းသံသရာအဆက်ဆက်ပဲ၊ လမ်းခွဲတဲ့နေရာမှာလည်း ပြတ်သားရက်စက်တတ်တာ နှစ်ယောက်မရှိပါဘူး

အင်္ဂါ အချစ်ရေး

တယောက်ဆိုတယောက်အပေါ်မှာဘဲ အစွဲအလန်းရှိနေပါတယ်၊ သူအဝေးမှာရှိနေတောင် ပြန်လာဖို့သတ္တိရှိစွာနဲ့ မေတ္တာမပျက်စောင့်မျော်နေတတ်ပါတယ်၊ ရှေ့တိုးရမဲ့လိုလို နောက်ဆုတ်ရမဲ့လိုလိုနဲ့ သံယောဇဉ်လည်းပြတ်နိုင်ကြမှာမဟုတ်ပါဘူး

ဗုဒ္ဓဟူး အချစ်ရေး

ကိုယ်ကစကားပြောကောင်းတာကြောင့် စန်းအလွန်ပွင့်သလိုတခါတလေကိုယ်ဘဲခံစားရတာပါ၊ သိပ်ချစ်ပြတယ် နောက်ဆုံးကိုယ်ကဘဲနောင်တရတယ်၊ ချစ်သူကြောင့်ငိုခဲ့ရလွန်းလို့ ကျလိုက်တဲ့မျက်ရည်တွေက ရေအားလျှပ်စစ်ပါ ထုတ်လို့ရလောက်တဲ့ခံစားချက်မျိုး

ကြာသပတေး အချစ်ရေး

အချစ်စစ်ရဖို့အချိန်တွေမနည်းရင်းရတတ်ပါတယ်၊ စန်းပွင့်ပြီးလူချစ်လူခင်ပေါတယ် အသေရရအရှင်ရရ ချစ်ပြမယ့်သူတွေရှိလို့ ပတ်ဝန်းကျင်ကအားကျရတဲ့သူ ဖြစ်ချင်ရင်ဖြစ်လိမ့်မယ်၊ တကယ်တမ်းအချစ်စစ်နဲ့ပက်သက်ရင် ကံနိမ့်တတ်တာကိုယ်ကိုယ်တိုင်ပဲသိတယ်

သောကြာ အချစ်

ရေးချစ်မယ့်သူတွေပေါမယ်၊ ချောမောလှပတဲ့သူတွေဖြစ်ပေမယ့် ရည်းစားဆို ကိုယ်ထက်ပိုချောတဲ့သူမရတတ်ကြပါဘူး၊ ကိုယ်ထက်အသက်ပိုကြီးတဲ့သူတွေက အသေအလဲကြွေခြင်းခံရတတ်ပါတယ်၊ မျက်ရည်အကျလွယ်တယ် ကိုယ်ချစ်သူရဲ့ မြတ်နိုးမှုအချစ်တွေကိုခံစားရပေမဲ့ ခေတ္တယာယီတော့ဝေးနေတတ်ကြပါတယ်

စနေ အချစ်ရေး

ဘယ်လိုနေနေလှနေတယ်၊ ဖျက်ခနဲရီလိုက်တာကသူတို့ရဲ့အားသာချက်ပါ၊ အဲ့ဒီအပြုံးကိုမြင်လိုက်ရတဲ့သူတိုင်း သေမလိုရှင်မလိုဖြစ်ပြီးညှို့ချက်ပြင်းတယ်၊ လူတစ်ယောက်ကိုသိပ်ချစ်ဖူးခဲ့ပေးမယ့် အဲ့ဒီလူကကိုယ်ကိုဥပေက္ခာပြုခဲ့ခြင်းခံခဲ့ရဖူးတယ်၊ အချစ်ဦးနဲ့လွဲနေပေမဲ့ အချစ်စစ်နဲ့ရင်ဆိုင်ကြုံတွေ့နေရတဲ့အနေအထားမှာရှိပါတယ်

ခရက်ဒစ် ဗေဒင်နှင့်လက္ခဏာ ဆရာဝင်းမင်းလတ်မန္တလေးမြို့

Credit

Zawgyi Version

၇)ရက္သားသီးမ်ားအတြက္ အခ်စ္ေဗဒင္ေဟာကိန္း

တနဂၤေႏြ အခ်စ္ေရး

ခ်စ္ရတဲ့သူကို အရမ္းခ်စ္ေပမဲ့ အေနေဝးေနၾကတတ္ပါတယ္၊ ခ်စ္သူကအႏိုင္ယူတာမ်ိဳးခဏခဏငိုေအာင္ စိတ္ညစ္ေအာင္လုပ္တာမ်ိဳးႀကဳံရတတ္တယ္၊ ဒါေပမဲ့ အဲ့ခ်စ္သူကဘဲ သင့္ကိုသစၥာရွိရွိနဲ႔ ခ်စ္သြားမယ္ဆိုတာမေမ့ပါနဲ႔

တနလာၤ အခ်စ္ေရး

ခ်စ္သူရဲ႕ ေခ်ာ့တာေလးကိုႏွစ္သက္ေပးမဲ့ ကိုယ္ကလိုက္ၿပီး ေခ်ာ့ေနရတဲ့ အေနအထားမွာရွိပါတယ္ မာနႀကီးတယ္၊ ရည္းစားတစ္ေယာက္က ိုလြယ္လြယ္မထားတတ္က်ဘူး၊ ခ်စ္ၿပီဆိုတစ္ဘဝလုံးစာ၊ မုန္းၿပီဆိုရင္လည္းသံသရာအဆက္ဆက္ပဲ၊ လမ္းခြဲတဲ့ေနရာမွာလည္း ျပတ္သားရက္စက္တတ္တာ ႏွစ္ေယာက္မရွိပါဘူး

အဂၤါ အခ်စ္ေရး

တေယာက္ဆိုတေယာက္အေပၚမွာဘဲ အစြဲအလန္းရွိေနပါတယ္၊ သူအေဝးမွာရွိေနေတာင္ ျပန္လာဖို႔သတၱိရွိစြာနဲ႔ ေမတၱာမပ်က္ေစာင့္ေမ်ာ္ေနတတ္ပါတယ္၊ ေရွ႕တိုးရမဲ့လိုလို ေနာက္ဆုတ္ရမဲ့လိုလိုနဲ႔ သံေယာဇဥ္လည္းျပတ္ႏိုင္ၾကမွာမဟုတ္ပါဘူး

ဗုဒၶဟူး အခ်စ္ေရး

ကိုယ္ကစကားေျပာေကာင္းတာေၾကာင့္ စန္းအလြန္ပြင့္သလိုတခါတေလကိုယ္ဘဲခံစားရတာပါ၊ သိပ္ခ်စ္ျပတယ္ ေနာက္ဆုံးကိုယ္ကဘဲေနာင္တရတယ္၊ ခ်စ္သူေၾကာင့္ငိုခဲ့ရလြန္းလို႔ က်လိုက္တဲ့မ်က္ရည္ေတြက ေရအားလွ်ပ္စစ္ပါ ထုတ္လို႔ရေလာက္တဲ့ခံစားခ်က္မ်ိဳး

ၾကာသပေတး အခ်စ္ေရး

အခ်စ္စစ္ရဖို႔အခ်ိန္ေတြမနည္းရင္းရတတ္ပါတယ္၊ စန္းပြင့္ၿပီးလူခ်စ္လူခင္ေပါတယ္ အေသရရအရွင္ရရ ခ်စ္ျပမယ့္သူေတြရွိလို႔ ပတ္ဝန္းက်င္ကအားက်ရတဲ့သူ ျဖစ္ခ်င္ရင္ျဖစ္လိမ့္မယ္၊ တကယ္တမ္းအခ်စ္စစ္နဲ႔ပက္သက္ရင္ ကံနိမ့္တတ္တာကိုယ္ကိုယ္တိုင္ပဲသိတယ္

ေသာၾကာ အခ်စ္

ေရးခ်စ္မယ့္သူေတြေပါမယ္၊ ေခ်ာေမာလွပတဲ့သူေတြျဖစ္ေပမယ့္ ရည္းစားဆို ကိုယ္ထက္ပိုေခ်ာတဲ့သူမရတတ္ၾကပါဘူး၊ ကိုယ္ထက္အသက္ပိုႀကီးတဲ့သူေတြက အေသအလဲေႂကြျခင္းခံရတတ္ပါတယ္၊ မ်က္ရည္အက်လြယ္တယ္ ကိုယ္ခ်စ္သူရဲ႕ ျမတ္ႏိုးမႈအခ်စ္ေတြကိုခံစားရေပမဲ့ ေခတၱယာယီေတာ့ေဝးေနတတ္ၾကပါတယ္

စေန အခ်စ္ေရး

ဘယ္လိုေနေနလွေနတယ္၊ ဖ်က္ခနဲရီလိုက္တာကသူတို႔ရဲ႕အားသာခ်က္ပါ၊ အဲ့ဒီအၿပဳံးကိုျမင္လိုက္ရတဲ့သူတိုင္း ေသမလိုရွင္မလိုျဖစ္ၿပီးညႇိဳ႕ခ်က္ျပင္းတယ္၊ လူတစ္ေယာက္ကိုသိပ္ခ်စ္ဖူးခဲ့ေပးမယ့္ အဲ့ဒီလူကကိုယ္ကိုဥေပကၡာျပဳခဲ့ျခင္းခံခဲ့ရဖူးတယ္၊ အခ်စ္ဦးနဲ႔လြဲေနေပမဲ့ အခ်စ္စစ္နဲ႔ရင္ဆိုင္ႀကဳံေတြ႕ေနရတဲ့အေနအထားမွာရွိပါတယ္

ခရက္ဒစ္ ေဗဒင္ႏွင့္လကၡဏာ ဆရာဝင္းမင္းလတ္မႏၲေလးၿမိဳ႕

Credit

Leave a Reply

Your email address will not be published. Required fields are marked *