Shwe Pann Thee Global News ကိုဗစ်မျိုးစိတ်သစ် အိုမီခရွန် သည် ယခုနှစ်ဆောင်းရာသီတွင် လူပေါင်း ၇၅,၀၀၀ ကို သေဆုံးစေနိုင်ကြောင်း ကျွမ်းကျင်သူများက သတိပေးထားသည်။

ကိုဗစ်မျိုးစိတ်သစ် အိုမီခရွန် သည် ယခုနှစ်ဆောင်းရာသီတွင် လူပေါင်း ၇၅,၀၀၀ ကို သေဆုံးစေနိုင်ကြောင်း ကျွမ်းကျင်သူများက သတိပေးထားသည်။



Omicron သည် ယခုနှစ်ဆောင်းရာသီတွင် လူပေါင်း ၇၅,၀၀၀ ကို သေဆုံးစေနိုင်ကြောင်း ကျွမ်းကျင်သူများက သတိပေးထားသည်။

နေ့စဥ်ဆေးရုံတက်သူ 2,000 ကျော်၊ ဆေးရုံတက်ရန် လျှောက်ထားသူ 175,000 နှင့် ယခုနှစ် ဒီဇင်ဘာလ 1 ရက်နေ့မှ 2022 ခုနှစ် ဧပြီလ 30 ရက်နေ့ကြားတွင် သေဆုံးမှု 24,700 ရှိနိုင်ကြောင်း သိရသည်။ ကျွမ်းကျင်သူများက အပြည့်အဝနားမလည်သေးသော မျိုးကွဲသည် ရှိပြီးသား ကာကွယ်ဆေးများကို တုံ့ပြန်ပုံအပေါ် မူတည်၍ ကပ်ရောဂါ မည်မျှထိ ကြီးထွားနိုင်သည်ကို ဆန်းစစ်သုံးသပ်ခဲ့သည်။

လေ့လာမှုတွင် ထည့်သွင်းစဉ်းစားသည့် ကာကွယ်ရေးအစီအမံများတွင် အိမ်တွင်းဧည့်ဝတ်ပြုခြင်းဆိုင်ရာ ကန့်သတ်ချက်များ၊ ဖျော်ဖြေရေးနေရာအချို့ကို ပိတ်ပစ်ခြင်းနှင့် တစ်နေရာတည်းတွင် လူမည်မျှစုဝေးနိုင်မှုအပေါ် ကန့်သတ်ချက်များ ပါဝင်သည်။ Omicron သည် ကာကွယ်ဆေးများကိုပင် ခံနိုင်ရည်ရှိပြီး ကာကွယ်ဆေးထိုးထားပြီးသားသူ‌များအပေါ်ကိုပါ ကူးစက်နိုင်ကြောင်းသိရသည်။

၎င်းသည် ဆေးရုံတက်ရသူ ၄၉၂,၀၀၀ နှင့် သေဆုံးမှု ၇၄,၈၀၀ ကို ဖြစ်စေနိုင်ကြောင်း လေ့လာမှုအရ သုံးသပ်ရသည်။ သုတေသနကို ပူးတွဲဦးဆောင်သူ ဒေါက်တာ Rosanna Barnard က ‘ကျွန်ုပ်တို့၏ ထိုကူးစက်နှုန်း လျှော့ချဖို့အခြေအနေဟာဆိုရင် 2022 ခုနှစ်အစောပိုင်းကာလအတွင်း Omicron ၏အကျိုးသက်ရောက်မှုရှိနေသေးသ၍ နေအိမ်မှအလုပ်လုပ်ခြင်းကဲ့သို့သော ရောဂါပျံ့နှံ့နှုန်း လျှော့ချထိန်းချုပ်မှုအစီအစဥ်များကို ကျင့်သုံးသွားရဦးမည်ဖြစ်ပါသည်။

နှာခေါင်းစည်းတပ်ခြင်းနှင့် လူစုလူဝေးရှောင်‌ကြဉ်ခြင်းတို့က အရေးကြီးသော်လည်း မလုံလောက်သေးပါ။ Omicron သည် ထိုအကာအကွယ်များကိုပင် မမှုဘဲ အားကောင်းနေတာကြောင့် နောက်ဆုံးတွင် မည်သူမျှ ခံနိုင်ရည်မရှိသည့်အခြေအနေကို ရောက်ရှိသွားနိုင်သည်။ အင်္ဂလန်တွင် ကာကွယ်ထိန်းချုပ်ရေးအစီအမံများ ထပ်မံလုပ်ဆောင်ရန် အစီအစဉ်မရှိသေးသော်လည်း ပိုမိုပြင်းထန်သောစည်းမျဉ်းများပါရှိသည့် Plan C အတွက် အဆိုပြုချက်များကို ရေးဆွဲနေကြောင်း သတင်းများကြားနေရသည်။

Translate by Wint Phue Aung

Zawgyi Version

Omicron သည္ ယခုႏွစ္ေဆာင္းရာသီတြင္ လူေပါင္း ၇၅,၀၀၀ ကို ေသဆုံးေစႏိုင္ေၾကာင္း ကြၽမ္းက်င္သူမ်ားက သတိေပးထားသည္။

ေန႔စဥ္ေဆး႐ုံတက္သူ 2,000 ေက်ာ္၊ ေဆး႐ုံတက္ရန္ ေလွ်ာက္ထားသူ 175,000 ႏွင့္ ယခုႏွစ္ ဒီဇင္ဘာလ 1 ရက္ေန႔မွ 2022 ခုႏွစ္ ဧၿပီလ 30 ရက္ေန႔ၾကားတြင္ ေသဆုံးမႈ 24,700 ရွိႏိုင္ေၾကာင္း သိရသည္။ ကြၽမ္းက်င္သူမ်ားက အျပည့္အဝနားမလည္ေသးေသာ မ်ိဳးကြဲသည္ ရွိၿပီးသား ကာကြယ္ေဆးမ်ားကို တုံ႔ျပန္ပုံအေပၚ မူတည္၍ ကပ္ေရာဂါ မည္မွ်ထိ ႀကီးထြားႏိုင္သည္ကို ဆန္းစစ္သုံးသပ္ခဲ့သည္။

ေလ့လာမႈတြင္ ထည့္သြင္းစဥ္းစားသည့္ ကာကြယ္ေရးအစီအမံမ်ားတြင္ အိမ္တြင္းဧည့္ဝတ္ျပဳျခင္းဆိုင္ရာ ကန႔္သတ္ခ်က္မ်ား၊ ေဖ်ာ္ေျဖေရးေနရာအခ်ိဳ႕ကို ပိတ္ပစ္ျခင္းႏွင့္ တစ္ေနရာတည္းတြင္ လူမည္မွ်စုေဝးႏိုင္မႈအေပၚ ကန႔္သတ္ခ်က္မ်ား ပါဝင္သည္။ Omicron သည္ ကာကြယ္ေဆးမ်ားကိုပင္ ခံႏိုင္ရည္ရွိၿပီး ကာကြယ္ေဆးထိုးထားၿပီးသားသူ‌မ်ားအေပၚကိုပါ ကူးစက္ႏိုင္ေၾကာင္းသိရသည္။

၎သည္ ေဆး႐ုံတက္ရသူ ၄၉၂,၀၀၀ ႏွင့္ ေသဆုံးမႈ ၇၄,၈၀၀ ကို ျဖစ္ေစႏိုင္ေၾကာင္း ေလ့လာမႈအရ သုံးသပ္ရသည္။ သုေတသနကို ပူးတြဲဦးေဆာင္သူ ေဒါက္တာ Rosanna Barnard က ‘ကြၽႏ္ုပ္တို႔၏ ထိုကူးစက္ႏႈန္း ေလွ်ာ့ခ်ဖို႔အေျခအေနဟာဆိုရင္ 2022 ခုႏွစ္အေစာပိုင္းကာလအတြင္း Omicron ၏အက်ိဳးသက္ေရာက္မႈရွိေနေသးသ၍ ေနအိမ္မွအလုပ္လုပ္ျခင္းကဲ့သို႔ေသာ ေရာဂါပ်ံ႕ႏွံ႔ႏႈန္း ေလွ်ာ့ခ်ထိန္းခ်ဳပ္မႈအစီအစဥ္မ်ားကို က်င့္သုံးသြားရဦးမည္ျဖစ္ပါသည္။

ႏွာေခါင္းစည္းတပ္ျခင္းႏွင့္ လူစုလူေဝးေရွာင္‌ၾကဥ္ျခင္းတို႔က အေရးႀကီးေသာ္လည္း မလုံေလာက္ေသးပါ။ Omicron သည္ ထိုအကာအကြယ္မ်ားကိုပင္ မမႈဘဲ အားေကာင္းေနတာေၾကာင့္ ေနာက္ဆုံးတြင္ မည္သူမွ် ခံႏိုင္ရည္မရွိသည့္အေျခအေနကို ေရာက္ရွိသြားႏိုင္သည္။ အဂၤလန္တြင္ ကာကြယ္ထိန္းခ်ဳပ္ေရးအစီအမံမ်ား ထပ္မံလုပ္ေဆာင္ရန္ အစီအစဥ္မရွိေသးေသာ္လည္း ပိုမိုျပင္းထန္ေသာစည္းမ်ဥ္းမ်ားပါရွိသည့္ Plan C အတြက္ အဆိုျပဳခ်က္မ်ားကို ေရးဆြဲေနေၾကာင္း သတင္းမ်ားၾကားေနရသည္။

Leave a Reply

Your email address will not be published. Required fields are marked *