Shwe Pann Thee Global News ကျားသစ်ပေါက်လေးတွေ ကားလမ်းကူးတာ ကူညီပေးနေတဲ့ မိခင် ကျားသစ်မကြီး

ကျားသစ်ပေါက်လေးတွေ ကားလမ်းကူးတာ ကူညီပေးနေတဲ့ မိခင် ကျားသစ်မကြီး



မိဘမေတ္တာဆိုတာ လူတွေမှာသာမက တိရစ္ဆာန်တွေမှာပါ ရှိပါတယ်။ တစ်ချို့တွေကတော့ တိရစ္ဆာန်ဆိုတာ အရိုင်းကောင်သာသာပဲ ရှိတာမို့လို့ မိဘစိတ်မရှိဘူးလို့ ထင်ကောင်းထင်နေကြလိမ့်ပါမယ်။

တစ်ကယ်တော့ သတ္တဝါတိုင်းမှာ မိဘမေတ္တာဆိုတာရှိပါတယ်။ အခုပြောပြချင်တြ့အကြောင်းကတော့ ကားလမ်းမပေါ်မှာ သွားရခက်နေတဲ့ ကျားသစ်ပေါက်လေးနှစ်ကောင်ကို မိခင်ကျားသစ်မကြီးက စောင့်ပြီးခေါ်နေတဲ့ ဗီဒီယိုင်လေးပဲ ဖြစ်ပါတယ်။

ဗီဒီယိုကိုတော့ အသက် ၆၄ နှစ်အရွယ်ရှိ Thinus Delport လို့အမည်ရတဲ့ အမျိုးသားကြီးတစ်ယောက်က တောင်အာဖရိကနိုင်ငံရှိ Kruger National Park မှာ ရိုက်ကူးခဲ့တာပဲ ဖြစ်ပါတယ်။ Delport ဟာ သူ့သမီးဖြစ်သူတွေကို သားရဲတိရစ္ဆာန်တွေရဲ့ ဘဝကို လက်တွေ့ကျကျပြချင်တာကြောင့် အခုလို သမီးတွေကို ခေါ်လာခဲ့တာဖြစ်ောကာင်း သိရပါတယ်။

အစပိုင်းမှာတော့ Delport ဟာ ကျားသစ်မကြီးကို ကားလမ်းဘေးက ချုံပုတ်ထဲမှာ ဝပ်နေတာတွေ့လိုက်ရတာကြောင့် ကားကို ရပ်လိုက်ပြီး အခြားဖက်က ကားတွေကိုလည်း ကားရပ်ထားဖို့ အချက်ပြလိုက်ပါတယ်။ လမ်းသွားလမ်းလာကားတွေ မရှတော့တဲ့အချိန်မှာမှ ကျားသစ်မကြီးဟာ ချုံပုတ်ထဲကနေ ကျားသစ်ပေါက်လေးနှစ်ကောင်နဲ့ ထွက်လာပါတယ်။ ကျားသစ်ပေါက်လေးနှစ်ကောင်မှာ တစ်ကောင်ကတော့ လမ်းမပေါ်ရောက်မှ လာခဲ့တဲ့ လမ်းဖက်ကို ပြန်သွေားချင်တဲ့ပုံစံနဲ့ လမ်းမပေါ်မှာ ပေတေပြီးနေခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ကျားသစ်မကြီးဟာ အဆိုပါလမ်းမပေါ်မှာ လှဲနေတဲ့ ကျားသစ်ပေါက်လေးဆီ ပြန်လှည့်သွားပြီး ဂုတ်ကနေချီကာ သွားရမယ့်ဖက်ကို လှည့်ပေးလိုက်ပါတယ်။ အဲဒီနောက်မှာတော့ တစ်ဖက်လမ်းကို ရောက်နေတဲ့ ကျားသစ်ပေါက်လေးကလည်း လမ်းမပေါ်ပြန်ရောက်လာပြီး ကျားသစ်ပေါက်လေးနှစ်ကောင်ဟာ လာရာလမ်းအတိုင်း ပြန်သွားချင်တဲ့ ပုံစံတွေ လုပ်ပြနေပါတယ်။

နောက်မှာတော့ ကျားသစ်မကြီးဟာ သူ့သားတွေဆုံးဖြတ်ချက်အတိုင်းသွားဖို့စဉ်းစားခဲ့ဟန်နဲ့ ဒီအတိုင်းရပ်နေလိုက်ပါတယ်။ နောက်ဆုံးမှာတော့ ကျားသစ်ပေါက်လေးနှစ်ကောင်ဟာ မိခင်ကြီးသွားချင်တဲ့ လာရာလမ်းနဲ့ ဆန့်ကျင်ဖက်အရပ်ကို မျက်နှာမူပြီး ဆက်လျှောက်သွားကြပြီး ကျားသစ်မကြီးလဲ သူတို့နှစ်ကောင်နဲ့ လိုက်သွားပါတော့တယ်။

Credit

Zawgyi Version

မိဘေမတၱာဆိုတာ လူေတြမွာသာမက တိရစာၦန္ေတြမွာပါ ရွိပါတယ္။ တစ္ခ်ိဳ႕ေတြကေတာ့ တိရစာၦန္ဆိုတာ အ႐ိုင္းေကာင္သာသာပဲ ရွိတာမို႔လို႔ မိဘစိတ္မရွိဘူးလို႔ ထင္ေကာင္းထင္ေနၾကလိမ့္ပါမယ္။ တစ္ကယ္ေတာ့ သတၱဝါတိုင္းမွာ မိဘေမတၱာဆိုတာရွိပါတယ္။ အခုေျပာျပခ်င္ၾတ့အေၾကာင္းကေတာ့ ကားလမ္းမေပၚမွာ သြားရခက္ေနတဲ့ က်ားသစ္ေပါက္ေလးႏွစ္ေကာင္ကို မိခင္က်ားသစ္မႀကီးက ေစာင့္ၿပီးေခၚေနတဲ့ ဗီဒီယိုင္ေလးပဲ ျဖစ္ပါတယ္။

ဗီဒီယိုကိုေတာ့ အသက္ ၆၄ ႏွစ္အ႐ြယ္ရွိ Thinus Delport လို႔အမည္ရတဲ့ အမ်ိဳးသားႀကီးတစ္ေယာက္က ေတာင္အာဖရိကႏိုင္ငံရွိ Kruger National Park မွာ ႐ိုက္ကူးခဲ့တာပဲ ျဖစ္ပါတယ္။ Delport ဟာ သူ႔သမီးျဖစ္သူေတြကို သားရဲတိရစာၦန္ေတြရဲ႕ ဘဝကို လက္ေတြ႕က်က်ျပခ်င္တာေၾကာင့္ အခုလို သမီးေတြကို ေခၚလာခဲ့တာျဖစ္ောကာင္း သိရပါတယ္။

အစပိုင္းမွာေတာ့ Delport ဟာ က်ားသစ္မႀကီးကို ကားလမ္းေဘးက ခ်ဳံပုတ္ထဲမွာ ဝပ္ေနတာေတြ႕လိုက္ရတာေၾကာင့္ ကားကို ရပ္လိုက္ၿပီး အျခားဖက္က ကားေတြကိုလည္း ကားရပ္ထားဖို႔ အခ်က္ျပလိုက္ပါတယ္။ လမ္းသြားလမ္းလာကားေတြ မရွေတာ့တဲ့အခ်ိန္မွာမွ က်ားသစ္မႀကီးဟာ ခ်ဳံပုတ္ထဲကေန က်ားသစ္ေပါက္ေလးႏွစ္ေကာင္နဲ႔ ထြက္လာပါတယ္။ က်ားသစ္ေပါက္ေလးႏွစ္ေကာင္မွာ တစ္ေကာင္ကေတာ့ လမ္းမေပၚေရာက္မွ လာခဲ့တဲ့ လမ္းဖက္ကို ျပန္ေသြားခ်င္တဲ့ပုံစံနဲ႔ လမ္းမေပၚမွာ ေပေတၿပီးေနခဲ့ပါတယ္။

အဲဒီေနာက္မွာေတာ့ က်ားသစ္မႀကီးဟာ အဆိုပါလမ္းမေပၚမွာ လွဲေနတဲ့ က်ားသစ္ေပါက္ေလးဆီ ျပန္လွည့္သြားၿပီး ဂုတ္ကေနခ်ီကာ သြားရမယ့္ဖက္ကို လွည့္ေပးလိုက္ပါတယ္။ အဲဒီေနာက္မွာေတာ့ တစ္ဖက္လမ္းကို ေရာက္ေနတဲ့ က်ားသစ္ေပါက္ေလးကလည္း လမ္းမေပၚျပန္ေရာက္လာၿပီး က်ားသစ္ေပါက္ေလးႏွစ္ေကာင္ဟာ လာရာလမ္းအတိုင္း ျပန္သြားခ်င္တဲ့ ပုံစံေတြ လုပ္ျပေနပါတယ္။ ေနာက္မွာေတာ့ က်ားသစ္မႀကီးဟာ သူ႔သားေတြဆုံးျဖတ္ခ်က္အတိုင္းသြားဖို႔စဥ္းစားခဲ့ဟန္နဲ႔ ဒီအတိုင္းရပ္ေနလိုက္ပါတယ္။ ေနာက္ဆုံးမွာေတာ့ က်ားသစ္ေပါက္ေလးႏွစ္ေကာင္ဟာ မိခင္ႀကီးသြားခ်င္တဲ့ လာရာလမ္းနဲ႔ ဆန႔္က်င္ဖက္အရပ္ကို မ်က္ႏွာမူၿပီး ဆက္ေလွ်ာက္သြားၾကၿပီး က်ားသစ္မႀကီးလဲ သူတို႔ႏွစ္ေကာင္နဲ႔ လိုက္သြားပါေတာ့တယ္။

 

 

Leave a Reply

Your email address will not be published. Required fields are marked *