Shwe Pann Thee Global News ပထမဆုံး အာကာသယာဉ်ကို 2022 နှစ်လယ်ပိုင်းတွင် လွှတ်တင်ပြီး 2023 ခုနှစ်တွင် လူသားအာကာသမစ်ရှင်ကို အကောင်အထည်ဖော်တော့မည့် အိန္ဒိယနိုင်ငံ

ပထမဆုံး အာကာသယာဉ်ကို 2022 နှစ်လယ်ပိုင်းတွင် လွှတ်တင်ပြီး 2023 ခုနှစ်တွင် လူသားအာကာသမစ်ရှင်ကို အကောင်အထည်ဖော်တော့မည့် အိန္ဒိယနိုင်ငံ



ပထမဆုံး အာကာသယာဉ်ကို 2022 နှစ်လယ်ပိုင်းတွင် လွှတ်တင်ပြီး 2023 ခုနှစ်တွင် လူသားအာကာသမစ်ရှင်ကို အကောင်အထည်ဖော်တော့မည့် အိန္ဒိယနိုင်ငံ

အိန္ဒိယနိုင်ငံ၏ Rs 9,023 ကုဋေတန်ဖိုးရှိ ပထမဆုံးသော လူသားအာကာသမစ်ရှင်ကို ‘Gaganyaan’ ဟု အမည်ပေးထားပြီး 2022 ခုနှစ် ဒုတိယနှစ်ဝက်တွင် ပြုလုပ်ရန် စီစဉ်ထားကြောင်း အစိုးရက ပြောကြားခဲ့သည်။

Rajya Sabha တွင်မေးမြန်းခဲ့သည့်မေးခွန်းကိုဖြေကြားရာတွင်သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ Jitendra Singh က Crew Escape System ၏စွမ်းဆောင်ရည်နှင့် Gaganyaan ၏ပထမဆုံးခရီးသည် မတင်ရသေးသောမစ်ရှင်ကို 2022 ခုနှစ်ဒုတိယနှစ်ဝက်အစတွင် စီစဉ်ထားကြောင်းကြာသပတေးနေ့က ပြောကြားခဲ့သည်။

အိန္ဒိယ၏ တတိယမြောက် လမစ်ရှင် Chandrayaan-3 ၏ အခြေအနေနှင့် ပတ်သက်၍ မေးခွန်းထုတ်ရာတွင် ၎င်းအား လက်တွေ့အကောင်အထည်ဖော်ဖို့အနေအထားတွင် ရှိနေသည်ဟု ဆိုသည်။ Propulsion Module နှင့် Rover Module နှစ်ခုလုံးရှိ စနစ်အားလုံးကို လက်တွေ့ကျကျ၊ ပေါင်းစပ်ပြီး စမ်းသပ်ထားသည်။ Lander Module တွင် စနစ်အများစုကို သိရှိပြီးဖြစ်ကာ စမ်းသပ်မှုများ လုပ်ဆောင်နေပါသည်။

 

Lander တွင် ပေါင်းစပ်ထားသော အာရုံခံကိရိယာများနှင့် လမ်းကြောင်းပြခြင်းဆိုင်ရာ စွမ်းဆောင်ရည်စမ်းသပ်မှုများ ပြီးမြောက်ပြီး အခြားစမ်းသပ်မှုများကို လုပ်ဆောင်နေပါသည်။ Chandrayaan-3 လွှတ်တင်ခြင်းမပြုမီ သတ်မှတ်ထားသော စမ်းသပ်မှုများအားလုံး ပြီးမြောက်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။Chandrayaan-3 ကို 2022 -2023 ဘဏ္ဍာရေးနှစ်၏ ဒုတိယသုံးလပတ်တွင် စတင်ထုတ်လုပ်ရန် ရည်မှန်းထားသည်။

Translate by Wint Phue Aung

Zawgyi Version

ပထမဆုံး အာကာသယာဥ္ကို 2022 ႏွစ္လယ္ပိုင္းတြင္ လႊတ္တင္ၿပီး 2023 ခုႏွစ္တြင္ လူသားအာကာသမစ္ရွင္ကို အေကာင္အထည္ေဖာ္ေတာ့မည့္ အိႏၵိယႏိုင္ငံ

အိႏၵိယႏိုင္ငံ၏ Rs 9,023 ကုေဋတန္ဖိုးရွိ ပထမဆုံးေသာ လူသားအာကာသမစ္ရွင္ကို ‘Gaganyaan’ ဟု အမည္ေပးထားၿပီး 2022 ခုႏွစ္ ဒုတိယႏွစ္ဝက္တြင္ ျပဳလုပ္ရန္ စီစဥ္ထားေၾကာင္း အစိုးရက ေျပာၾကားခဲ့သည္။

Rajya Sabha တြင္ေမးျမန္းခဲ့သည့္ေမးခြန္းကိုေျဖၾကားရာတြင္သိပၸံႏွင့္နည္းပညာဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာ Jitendra Singh က Crew Escape System ၏စြမ္းေဆာင္ရည္ႏွင့္ Gaganyaan ၏ပထမဆုံးခရီးသည္ မတင္ရေသးေသာမစ္ရွင္ကို 2022 ခုႏွစ္ဒုတိယႏွစ္ဝက္အစတြင္ စီစဥ္ထားေၾကာင္းၾကာသပေတးေန႔က ေျပာၾကားခဲ့သည္။

အိႏၵိယ၏ တတိယေျမာက္ လမစ္ရွင္ Chandrayaan-3 ၏ အေျခအေနႏွင့္ ပတ္သက္၍ ေမးခြန္းထုတ္ရာတြင္ ၎အား လက္ေတြ႕အေကာင္အထည္ေဖာ္ဖို႔အေနအထားတြင္ ရွိေနသည္ဟု ဆိုသည္။ Propulsion Module ႏွင့္ Rover Module ႏွစ္ခုလုံးရွိ စနစ္အားလုံးကို လက္ေတြ႕က်က်၊ ေပါင္းစပ္ၿပီး စမ္းသပ္ထားသည္။ Lander Module တြင္ စနစ္အမ်ားစုကို သိရွိၿပီးျဖစ္ကာ စမ္းသပ္မႈမ်ား လုပ္ေဆာင္ေနပါသည္။

Lander တြင္ ေပါင္းစပ္ထားေသာ အာ႐ုံခံကိရိယာမ်ားႏွင့္ လမ္းေၾကာင္းျပျခင္းဆိုင္ရာ စြမ္းေဆာင္ရည္စမ္းသပ္မႈမ်ား ၿပီးေျမာက္ၿပီး အျခားစမ္းသပ္မႈမ်ားကို လုပ္ေဆာင္ေနပါသည္။ Chandrayaan-3 လႊတ္တင္ျခင္းမျပဳမီ သတ္မွတ္ထားေသာ စမ္းသပ္မႈမ်ားအားလုံး ၿပီးေျမာက္မည္ျဖစ္ေၾကာင္း ၎က ေျပာၾကားခဲ့သည္။Chandrayaan-3 ကို 2022 -2023 ဘ႑ာေရးႏွစ္၏ ဒုတိယသုံးလပတ္တြင္ စတင္ထုတ္လုပ္ရန္ ရည္မွန္းထားသည္။

Leave a Reply

Your email address will not be published. Required fields are marked *