Shwe Pann Thee Global News ဘရာဇီးနိုင်ငံရဲ့ မြေပြင်ထက် ၂၆၄ ပေမြင့်သော ကြိုးတန်းပေါ်မှာ သတ္တိရှိရှိလမ်းလျှောက်ပြခဲ့တဲ့ ပြင်သစ်အမျိုးသား

ဘရာဇီးနိုင်ငံရဲ့ မြေပြင်ထက် ၂၆၄ ပေမြင့်သော ကြိုးတန်းပေါ်မှာ သတ္တိရှိရှိလမ်းလျှောက်ပြခဲ့တဲ့ ပြင်သစ်အမျိုးသား



ဘရာဇီးနိုင်ငံရဲ့ မြေပြင်ထက် ၂၆၄ ပေမြင့်သော ကြိုးတန်းပေါ်မှာ သတ္တိရှိရှိလမ်းလျှောက်ပြခဲ့တဲ့ ပြင်သစ်အမျိုးသား

ဘရာဇီးတွင် မြေပြင်ထက် ၂၆၄ ပေမြင့်သောကြိုးတန်းပေါ်၌ ပြင်သစ် Highline Walker ကသတ္တိရှိရှိ လမ်းလျှောက်ပြနိုင်ခဲ့သည်။ Nathan Paulin သည် သူ၏ပထမဆုံးကြိုးစားမှုအတွင်း Babilonia နှင့် Urca တောင်ကုန်းတို့ကိုဖြတ်ကျော်ခဲ့သည်။

လူအုပ်ကြီးက သူ့ကို အားပေးနေချိန်မှာ သူက ကြိုးတန်းပေါ်တွင် ဖြည်းညှင်းစွာ လမ်းလျှောက်နေသည်။ သူ့ကို ဘေးကင်းရေးအတွက် သိုင်းကြိုးနဲ့ချိတ်ထားပြီး အနုပညာရှင်တစ်ဦးက လှပတဲ့ Sugar Loaf တောင်ကိုနောက်ခံထားကာ လှုပ်ရှားနေတဲ့ပုံကို သေချာရိုက်ကူးထားသည်။

Rio de Janeiro ရှိ Babilonia Hill နှင့် Urca Hill အကြားတွင် ပြင်သစ်စွန့်စားလိုသူက slackline ဟုလူသိများသော webbing တံတားတစ်ခုပေါ်တွင် ဖြတ်လျှောက်ပြခဲ့တာပါ။ Nathan Paulin ၏စတန့်သည် အမြင့် 80 မီတာ (264 ပေ) တွင်ပြုလုပ်ခဲ့ပြီး စုစုပေါင်းအကွာအဝေး 500 မီတာ (0.3 မိုင်) ရှိသည်။

Nathan သည် ကမ္ဘာ့အခြားနေရာများတွင် အလားတူ စတန့်များလုပ်ပြသည်ဟု သိရသည်။ မကြာသေးမီက သူသည် ပါရီရှိ အီဖယ်မျှော်စင်နှင့် ထရိုကာဒရိုရင်ပြင်ကြား မီတာ ၆၇၀ အကွာကို ဖြတ်ကျော်ခဲ့သည်။ အဆိုပါ စတန့်သည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို အသိပညာမြှင့်တင်ရန် ရည်ရွယ်သည့် “Les Traceurs” ပရောဂျက်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။

Translate by Anne

Zawgyi Version

ဘရာဇီးႏိုင္ငံရဲ႕ ေျမျပင္ထက္ ၂၆၄ ေပျမင့္ေသာ ႀကိဳးတန္းေပၚမွာ သတၱိရွိရွိလမ္းေလွ်ာက္ျပခဲ့တဲ့ ျပင္သစ္အမ်ိဳးသား

ဘရာဇီးတြင္ ေျမျပင္ထက္ ၂၆၄ ေပျမင့္ေသာႀကိဳးတန္းေပၚ၌ ျပင္သစ္ Highline Walker ကသတၱိရွိရွိ လမ္းေလွ်ာက္ျပႏိုင္ခဲ့သည္။ Nathan Paulin သည္ သူ၏ပထမဆုံးႀကိဳးစားမႈအတြင္း Babilonia ႏွင့္ Urca ေတာင္ကုန္းတို႔ကိုျဖတ္ေက်ာ္ခဲ့သည္။

လူအုပ္ႀကီးက သူ႔ကို အားေပးေနခ်ိန္မွာ သူက ႀကိဳးတန္းေပၚတြင္ ျဖည္းညႇင္းစြာ လမ္းေလွ်ာက္ေနသည္။ သူ႔ကို ေဘးကင္းေရးအတြက္ သိုင္းႀကိဳးနဲ႔ခ်ိတ္ထားၿပီး အႏုပညာရွင္တစ္ဦးက လွပတဲ့ Sugar Loaf ေတာင္ကိုေနာက္ခံထားကာ လႈပ္ရွားေနတဲ့ပုံကို ေသခ်ာ႐ိုက္ကူးထားသည္။

Rio de Janeiro ရွိ Babilonia Hill ႏွင့္ Urca Hill အၾကားတြင္ ျပင္သစ္စြန္႔စားလိုသူက slackline ဟုလူသိမ်ားေသာ webbing တံတားတစ္ခုေပၚတြင္ ျဖတ္ေလွ်ာက္ျပခဲ့တာပါ။ Nathan Paulin ၏စတန႔္သည္ အျမင့္ 80 မီတာ (264 ေပ) တြင္ျပဳလုပ္ခဲ့ၿပီး စုစုေပါင္းအကြာအေဝး 500 မီတာ (0.3 မိုင္) ရွိသည္။

Nathan သည္ ကမာၻ႔အျခားေနရာမ်ားတြင္ အလားတူ စတန႔္မ်ားလုပ္ျပသည္ဟု သိရသည္။ မၾကာေသးမီက သူသည္ ပါရီရွိ အီဖယ္ေမွ်ာ္စင္ႏွင့္ ထ႐ိုကာဒ႐ိုရင္ျပင္ၾကား မီတာ ၆၇၀ အကြာကို ျဖတ္ေက်ာ္ခဲ့သည္။ အဆိုပါ စတန႔္သည္ သဘာဝပတ္ဝန္းက်င္ဆိုင္ရာ ျပႆနာမ်ားကို အသိပညာျမႇင့္တင္ရန္ ရည္႐ြယ္သည့္ “Les Traceurs” ပေရာဂ်က္၏ တစ္စိတ္တစ္ပိုင္းျဖစ္သည္။

Leave a Reply

Your email address will not be published. Required fields are marked *