Shwe Pann Thee Global News မိဘတွေက သဲနဲ့ပွတ်မိလို့ မျက်နှာရောင်ရမ်းနေတယ်ထင်ပေမဲ့ ရှားရှားပါးပါး ကင်ဆာရောဂါ ခံစားနေရတဲ့ ကလေးငယ်

မိဘတွေက သဲနဲ့ပွတ်မိလို့ မျက်နှာရောင်ရမ်းနေတယ်ထင်ပေမဲ့ ရှားရှားပါးပါး ကင်ဆာရောဂါ ခံစားနေရတဲ့ ကလေးငယ်



မိဘတွေက သဲနဲ့ပွတ်မိလို့ မျက်နှာရောင်ရမ်းနေတယ်ထင်ပေမဲ့ ရှားရှားပါးပါး ကင်ဆာရောဂါ ခံစားနေရတဲ့ ကလေးငယ်

မေမေ Jessica နဲ့ ဖေဖေ Lee Neal တို့ဟာ အားလပ်ရက်မှာ သူတို့ရဲ့ (၁၁) လသားအရွယ် သားလေး Ted ရဲ့ မျက်နှာ ရောင်ရမ်းနေတာကို သတိပြုမိတဲ့အခါ စိတ်ပူမိသွားပါတယ်။ North Wales ရှိ ကမ်းခြေတွင်ကစားစဉ် ကလေးကို သဲများဖြင့်ပွတ်မိသည်ဟုထင်ကာ အိမ်ပြန်ရောက်သောအခါ ကြိုတင်ကာကွယ်မှုအဖြစ် A&E သို့ ခေါ်ဆောင်သွားခဲ့သည်။

၎င်းတို့ ဇနီးမောင်နှံသည် စမ်းသပ်မှုများ ပြုလုပ်သောအခါတွင် ရှားရှားပါးပါး အမည်မဖော်နိုင်သော ကင်ဆာအကျိတ်တစ်ခုရှိကြောင်း သိရှိကာ ရင်ထုမနာဖြစ်ခဲ့သည်။ ကလေးသည် ၎င်း၏ ethmoid sinus တွင် အတိအကျ မဖော်ပြနိုင်သော အကျိတ်ရှိနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး ပြင်းထန်သော ဓာတုကုထုံးဖြင့် စတင်ကုသခဲ့သည်။

ဩဂုတ်လ 14 ရက်နေ့တွင် ရောဂါရှာဖွေတွေ့ရှိပြီးနောက် Ted သည် Nottingham ရှိ Queen’s Medical Center နှင့် အိမ်တွင် ပြုစုကုသပေးလျက်ရှိသည်။

သူ့မိဘတွေက သားသမီးတွေရဲ့ မျက်နှာ ဒါမှမဟုတ် မျက်လုံးတွေမှာ ပုံမှန်မဟုတ်တဲ့ ရောင်ရမ်းလာတာကို သတိပြုမိရင် မိသားစုဆရာဝန်ဆီ ခေါ်သွားကြဖို့ တိုက်တွန်းလိုက်ပါတယ်။

Translate by Anne

Zawgyi Version






Leave a Reply

Your email address will not be published. Required fields are marked *