Shwe Pann Thee Global News မိသားစုကို စိတ်ကုန်လို့ မွန်ဘိုင်းအထိလင်ရှာထွက်ခဲ့သော ၁၆ နှစ်အရွယ် ဆွီဒင်အမျိုးသမီးအား မိသားစုနဲ့ ပြန်ဆုံစည်းပေးလိုက်တဲ့ တာဝန်သိရဲများ

မိသားစုကို စိတ်ကုန်လို့ မွန်ဘိုင်းအထိလင်ရှာထွက်ခဲ့သော ၁၆ နှစ်အရွယ် ဆွီဒင်အမျိုးသမီးအား မိသားစုနဲ့ ပြန်ဆုံစည်းပေးလိုက်တဲ့ တာဝန်သိရဲများ



မိသားစုကို စိတ်ကုန်လို့ မွန်ဘိုင်းအထိလင်ရှာထွက်ခဲ့သော ၁၆ နှစ်အရွယ် ဆွီဒင်အမျိုးသမီးအား မိသားစုနဲ့ ပြန်ဆုံစည်းပေးလိုက်တဲ့ တာဝန်သိရဲများ

ဆွီဒင်နိုင်ငံရှိ ဆယ်ကျော်သက်မိန်းကလေးတစ်ဦးသည် ၎င်း၏နေအိမ်မှ ရုန်းထွက်ပြီးနောက် နှစ်ပတ်အကြာတွင် မွန်ဘိုင်းမြို့ရှိ ၎င်း၏ Instagram သူငယ်ချင်းဖြစ်သူ‌ အီစီကလီကောင်လေးနှင့် တွေ့ဆုံရန် မွန်ဘိုင်းမြို့သို့ ထွက်ခွာလာရာ Crime Branch Unit Six မှ အဝါရောင်သတိပေးချက်ဖြင့် သူမနောက်ကို ခြေရာခံလိုက်ခဲ့ကြောင်း ရဲများက ထုတ်ပြန်ခဲ့သည်။

ကောလိပ်တက်နေသော အသက် ၁၆ နှစ်အရွယ် ဆွီဒင်နိုင်ငံသူသည် ယမန်နှစ် ဇန်နဝါရီလတွင် Chembur မှ အသက် 18 နှစ်အရွယ် ယောက်ျားလေးနှင့် တွေ့ဆုံခဲ့ပြီး ထိုအချိန်မှစ၍ ၎င်းတို့နှစ်ဦးဟာ အီစီကလီအနေအထားနဲ့ အဆက်မပြတ် ဆက်သွယ်လာခဲ့သည်။ ထိုမိန်းကလေးသည် အကြီးဆုံးသမီးဖြစ်ပြီး သူမ၏ဖခင် Sardar Tomar သည် စီးပွားရေးသမားဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

သူမသည် လေယာဉ်လက်မှတ်များကို ဝယ်ယူပြီး ခရီးသွားဗီဇာဖြင့် နိုဝင်ဘာလ ၂၇ ရက်နေ့တွင် မွန်ဘိုင်းသို့ ထွက်ခွာလာခဲ့သည်။ Chembur မှာရှိတဲ့ Cheeta Camp မှာနေထိုင်တဲ့ သူမရဲ့သူငယ်ချင်းဖြစ်သူ အီစီကလီကောင်လေးနဲ့ တွေ့ဆုံခဲ့ပေမယ့် ကောင်လေးက မိသားစုနဲ့ အတူနေတာကြောင့် ကောင်မလေးက ကောင်လေးနဲ့အတူမနေလိုက်ရဘဲ အနီးနားက တိုက်ခန်းတစ်ခန်းကို ငှားရမ်းပြီး နေလိုက်ရသည်။

သူမသည် နိုဝင်ဘာလ၏နောက်ဆုံးပတ်တွင် မြို့သို့ရောက်ရှိလာပြီးသောကြာနေ့တွင် သူမ၏ဖခင်ထံသို့ လွှဲပြောင်းပေးအပ်ခံရသည်။ သမီးဖြစ်သူကို ပြန်လည်ခေါ်ယူဖို့ ဖခင်ဖြစ်သူဟာ မြို့ထဲမှာတည်းပြီး ဆွီဒင်နိုင်ငံကို ပြန်သွားခဲ့သည်။ ထွက်ခွာစဉ်တွင် ဖခင်ဖြစ်သူသည် မွန်ဘိုင်းရဲတပ်ဖွဲ့အား ကောင်းစွာလုပ်ဆောင်ခဲ့သော အလုပ်အတွက် အထူးကျေးဇူးတင်ရှိခဲ့သည်။

Translate by Wint Phue Aung

Zawgyi Version

မိသားစုကို စိတ္ကုန္လို႔ မြန္ဘိုင္းအထိလင္ရွာထြက္ခဲ့ေသာ ၁၆ ႏွစ္အ႐ြယ္ ဆြီဒင္အမ်ိဳးသမီးအား မိသားစုနဲ႔ ျပန္ဆုံစည္းေပးလိုက္တဲ့ တာဝန္သိရဲမ်ား

ဆြီဒင္ႏိုင္ငံရွိ ဆယ္ေက်ာ္သက္မိန္းကေလးတစ္ဦးသည္ ၎၏ေနအိမ္မွ ႐ုန္းထြက္ၿပီးေနာက္ ႏွစ္ပတ္အၾကာတြင္ မြန္ဘိုင္းၿမိဳ႕ရွိ ၎၏ Instagram သူငယ္ခ်င္းျဖစ္သူ‌ အီစီကလီေကာင္ေလးႏွင့္ ေတြ႕ဆုံရန္ မြန္ဘိုင္းၿမိဳ႕သို႔ ထြက္ခြာလာရာ Crime Branch Unit Six မွ အဝါေရာင္သတိေပးခ်က္ျဖင့္ သူမေနာက္ကို ေျခရာခံလိုက္ခဲ့ေၾကာင္း ရဲမ်ားက ထုတ္ျပန္ခဲ့သည္။

ေကာလိပ္တက္ေနေသာ အသက္ ၁၆ ႏွစ္အ႐ြယ္ ဆြီဒင္ႏိုင္ငံသူသည္ ယမန္ႏွစ္ ဇန္နဝါရီလတြင္ Chembur မွ အသက္ 18 ႏွစ္အ႐ြယ္ ေယာက္်ားေလးႏွင့္ ေတြ႕ဆုံခဲ့ၿပီး ထိုအခ်ိန္မွစ၍ ၎တို႔ႏွစ္ဦးဟာ အီစီကလီအေနအထားနဲ႔ အဆက္မျပတ္ ဆက္သြယ္လာခဲ့သည္။ ထိုမိန္းကေလးသည္ အႀကီးဆုံးသမီးျဖစ္ၿပီး သူမ၏ဖခင္ Sardar Tomar သည္ စီးပြားေရးသမားျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕က ေျပာၾကားခဲ့သည္။

သူမသည္ ေလယာဥ္လက္မွတ္မ်ားကို ဝယ္ယူၿပီး ခရီးသြားဗီဇာျဖင့္ ႏိုဝင္ဘာလ ၂၇ ရက္ေန႔တြင္ မြန္ဘိုင္းသို႔ ထြက္ခြာလာခဲ့သည္။ Chembur မွာရွိတဲ့ Cheeta Camp မွာေနထိုင္တဲ့ သူမရဲ႕သူငယ္ခ်င္းျဖစ္သူ အီစီကလီေကာင္ေလးနဲ႔ ေတြ႕ဆုံခဲ့ေပမယ့္ ေကာင္ေလးက မိသားစုနဲ႔ အတူေနတာေၾကာင့္ ေကာင္မေလးက ေကာင္ေလးနဲ႔အတူမေနလိုက္ရဘဲ အနီးနားက တိုက္ခန္းတစ္ခန္းကို ငွားရမ္းၿပီး ေနလိုက္ရသည္။

သူမသည္ ႏိုဝင္ဘာလ၏ေနာက္ဆုံးပတ္တြင္ ၿမိဳ႕သို႔ေရာက္ရွိလာၿပီးေသာၾကာေန႔တြင္ သူမ၏ဖခင္ထံသို႔ လႊဲေျပာင္းေပးအပ္ခံရသည္။ သမီးျဖစ္သူကို ျပန္လည္ေခၚယူဖို႔ ဖခင္ျဖစ္သူဟာ ၿမိဳ႕ထဲမွာတည္းၿပီး ဆြီဒင္ႏိုင္ငံကို ျပန္သြားခဲ့သည္။ ထြက္ခြာစဥ္တြင္ ဖခင္ျဖစ္သူသည္ မြန္ဘိုင္းရဲတပ္ဖြဲ႕အား ေကာင္းစြာလုပ္ေဆာင္ခဲ့ေသာ အလုပ္အတြက္ အထူးေက်းဇူးတင္ရွိခဲ့သည္။

Leave a Reply

Your email address will not be published. Required fields are marked *