Shwe Pann Thee Global News မဲဆန္ဒရှင်တွေရဲ့နှလုံးသားကို အနိုင်ယူနိုင်လောက်အောင် ချောမောလှတဲ့ ထိုင်းရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း

မဲဆန္ဒရှင်တွေရဲ့နှလုံးသားကို အနိုင်ယူနိုင်လောက်အောင် ချောမောလှတဲ့ ထိုင်းရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း



မဲဆန္ဒရှင်တွေရဲ့နှလုံးသားကို အနိုင်ယူနိုင်လောက်အောင် ချောမောလှတဲ့ ထိုင်းရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း

ထိုင်းနိုင်ငံရှိ ခရိုင်အချို့တွင် တမ်ဘွန်အုပ်ချုပ်ရေးအဖွဲ့၏ ကောင်စီဝင်များနှင့် ဥက္ကဋ္ဌများအတွက် ရွေးကောက်ပွဲတစ်ရပ်ကို တနင်္လာနေ့တွင် ကျင်းပခဲ့သည်။ ထိုင်းမဲဆန္ဒရှင် အများအပြားသည် မဲရုံများတွင် တန်းစီနေကြသည်ကို မြင်တွေ့ခဲ့ရသည်။

2021 ခုနှစ် နိုဝင်ဘာလ 28 ရက်နေ့တွင် Tam သည် သူ၏နိုင်ငံရေးလှုပ်ရှားမှုနဖူးစည်းစာတန်းပါ ဓာတ်ပုံများကို ၎င်း၏တရားဝင်ဖေ့စ်ဘွတ်ခ်အကောင့် Nantachai Butdee တွင် ဘန် Nong Praduk ၏နေထိုင်သူများအား မဲပေးရန် ဆွဲဆောင်သည့် ပုံကိုတင်ခဲ့သည် ။

၎င်း၏ဓာတ်ပုံများသည် တရားဝင်မဟုတ်သော ပရိုမိုးရှင်းမဲဆွယ်ပွဲတစ်ခုဖြစ်ခဲ့သော်လည်း ဆွဲဆောင်မှုရှိသော ကိုယ်စားလှယ်လောင်းသည် နိုင်ငံတစ်ဝှမ်းရှိ အင်တာနက်သုံးစွဲသူ မဲဆန္ဒရှင်အများစုရဲ့ အသည်းနှလုံးကို အနိုင်ရရှိပုံရသည်။

အသက် 30 အရွယ် Tam သည် သူ့အားလပ်ချိန်များတွင် သစ်ပင်စိုက်ပျိုးခြင်းကို နှစ်သက်ပြီး နံနက်ခင်းတွင် မိခင်ဖြစ်သူကို အစားအသောက်ရောင်းချရန် ကူညီလုပ်ဆောင်ပေးကြောင်း Khaosod က ဖော်ပြသည် ။

တမ်ဘွန် ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းအဖြစ် လျှောက်ထားရသည့် အကြောင်းရင်းနှင့် ပတ်သက်၍ မေးမြန်းရာတွင် ၎င်းတို့နေထိုင်သည့် ကျေးရွာနှင့်ပတ်သက်သည့် နောက်ဆုံးရသတင်းအချက်အလက်များကို လူများသိရှိနိုင်ရန် ကူညီလိုကြောင်း Tam က ပြောသည်။

Translate by Anne

မဲဆႏၵရွင္ေတြရဲ႕ႏွလုံးသားကို အႏိုင္ယူႏိုင္ေလာက္ေအာင္ ေခ်ာေမာလွတဲ့ ထိုင္းေ႐ြးေကာက္ပြဲ ကိုယ္စားလွယ္ေလာင္း

ထိုင္းႏိုင္ငံရွိ ခ႐ိုင္အခ်ိဳ႕တြင္ တမ္ဘြန္အုပ္ခ်ဳပ္ေရးအဖြဲ႕၏ ေကာင္စီဝင္မ်ားႏွင့္ ဥကၠ႒မ်ားအတြက္ ေ႐ြးေကာက္ပြဲတစ္ရပ္ကို တနလၤာေန႔တြင္ က်င္းပခဲ့သည္။ ထိုင္းမဲဆႏၵရွင္ အမ်ားအျပားသည္ မဲ႐ုံမ်ားတြင္ တန္းစီေနၾကသည္ကို ျမင္ေတြ႕ခဲ့ရသည္။

2021 ခုႏွစ္ ႏိုဝင္ဘာလ 28 ရက္ေန႔တြင္ Tam သည္ သူ၏ႏိုင္ငံေရးလႈပ္ရွားမႈနဖူးစည္းစာတန္းပါ ဓာတ္ပုံမ်ားကို ၎၏တရားဝင္ေဖ့စ္ဘြတ္ခ္အေကာင့္ Nantachai Butdee တြင္ ဘန္ Nong Praduk ၏ေနထိုင္သူမ်ားအား မဲေပးရန္ ဆြဲေဆာင္သည့္ ပုံကိုတင္ခဲ့သည္ ။

၎၏ဓာတ္ပုံမ်ားသည္ တရားဝင္မဟုတ္ေသာ ပ႐ိုမိုးရွင္းမဲဆြယ္ပြဲတစ္ခုျဖစ္ခဲ့ေသာ္လည္း ဆြဲေဆာင္မႈရွိေသာ ကိုယ္စားလွယ္ေလာင္းသည္ ႏိုင္ငံတစ္ဝွမ္းရွိ အင္တာနက္သုံးစြဲသူ မဲဆႏၵရွင္အမ်ားစုရဲ႕ အသည္းႏွလုံးကို အႏိုင္ရရွိပုံရသည္။

အသက္ 30 အ႐ြယ္ Tam သည္ သူ႔အားလပ္ခ်ိန္မ်ားတြင္ သစ္ပင္စိုက္ပ်ိဳးျခင္းကို ႏွစ္သက္ၿပီး နံနက္ခင္းတြင္ မိခင္ျဖစ္သူကို အစားအေသာက္ေရာင္းခ်ရန္ ကူညီလုပ္ေဆာင္ေပးေၾကာင္း Khaosod က ေဖာ္ျပသည္ ။

တမ္ဘြန္ ေ႐ြးေကာက္ပြဲအတြက္ ကိုယ္စားလွယ္ေလာင္းအျဖစ္ ေလွ်ာက္ထားရသည့္ အေၾကာင္းရင္းႏွင့္ ပတ္သက္၍ ေမးျမန္းရာတြင္ ၎တို႔ေနထိုင္သည့္ ေက်း႐ြာႏွင့္ပတ္သက္သည့္ ေနာက္ဆုံးရသတင္းအခ်က္အလက္မ်ားကို လူမ်ားသိရွိႏိုင္ရန္ ကူညီလိုေၾကာင္း Tam က ေျပာသည္။

Leave a Reply

Your email address will not be published. Required fields are marked *