Shwe Pann Thee Global News မျက်နှာပေါ် ယင်နားရာမှ ကပ်ပါးမျက်လုံးသန်ကောင်ကူးစက်ပြီး သန်ကောင် ၃ ကောင်ကို မျက်လုံးထဲကဆွဲထုတ်မိတဲ့ အမျိုးသမီးရဲ့အဖြစ်

မျက်နှာပေါ် ယင်နားရာမှ ကပ်ပါးမျက်လုံးသန်ကောင်ကူးစက်ပြီး သန်ကောင် ၃ ကောင်ကို မျက်လုံးထဲကဆွဲထုတ်မိတဲ့ အမျိုးသမီးရဲ့အဖြစ်



မျက်နှာပေါ် ယင်နားရာမှ ကပ်ပါးမျက်လုံးသန်ကောင်ကူးစက်ပြီး သန်ကောင် ၃ ကောင်ကို မျက်လုံးထဲကဆွဲထုတ်မိတဲ့ အမျိုးသမီးရဲ့အဖြစ်

VICE ၏အဆိုအရ 2018 မတ်လတွင် Nebraska မှအသက် 68 နှစ်အရွယ် အပြေးသမားအမျိုးသမီးသည် သူမ၏ညာဘက်မျက်လုံးတွင် စတင်ယားယံလာခဲ့သည်။ ယားယံလာတာနဲ့အမျှ မျက်လုံးကို သက်သာရာရစေဖို့ ရေနဲ့ဆေးချခဲ့ပါတယ်။

ထိုအချိန်တွင် အမျိုးသမီးသည် လက်မဝက်ခန့် ရှည်လျားသော သန်ကောင်ကြီးတစ်ကောင် မျက်လုံးမှ ထွက်လာသောအခါ ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။ ထို့နောက် သူမ၏ မျက်လုံးကို အနီးကပ် စစ်ဆေးကြည့်ရာ ဒုတိယသန်ကောင်ကို ထပ်မံတွေ့ရှိပြီး ဖယ်ထုတ်ခဲ့သည်။

ထို့နောက် သူမသည် ကယ်လီဖိုးနီးယားပြည်နယ်၊ Monterey ရှိ မျက်စိဆရာဝန်ထံ သွားရောက်ပြသရန် ကြိုတင်စာရင်းပေးထားပြီး သူမနေထိုင်ရာ Carmel Valley မှ မိနစ် 30 ခန့် ကားမောင်းသွားခဲ့သည်။ ဆေးခန်းတွင် တတိယမြောက် သန်ကောင်တစ်ကောင်ကို တွေ့ရှိပြီး သူမ၏ မျက်လုံးမှ ဖယ်ရှားခဲ့သည်။

ဖယ်ထုတ်လိုက်သော တတိယသန်ကောင်အား ဖော်မယ်ဒီဟိုက်ဖြင့် ထိန်းသိမ်းထားပြီး ကယ်လီဖိုးနီးယားပြည်နယ် ပြည်သူ့ကျန်းမာရေးဓာတ်ခွဲခန်းသို့ သန်ကောင်အမျိုးအစားသိရှိရန် ပို့လိုက်သည်။ ပိုမိုထူးခြားသော ခွဲခြမ်းစိတ်ဖြာမှုအတွက် နမူနာအား ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာများ (CDC) လက်အောက်ရှိ Parasitology Reference Diagnostic Laboratory သို့ ပေးပို့ခဲ့ပါသည်။

စမ်းသပ်မှုရလဒ်များအရ အမျိုးသမီးကို ကူးစက်သည့် သန်ကောင်မျိုးစိတ်မှာ ကျွဲနွားများနှင့် အခြားတိရစ္ဆာန်များတွင် ရံဖန်ရံခါ တွေ့ရလေ့ရှိသည့် ကပ်ပါးမျက်လုံးသန်ကောင် Thelazia gulosa ဖြစ်သည်။ ကပ်ပါးပိုးသည် မျက်ရည်နှင့် မျက်လုံးမှထွက်ရှိသည့် အညစ်အကြေးများကို လာရောက်စားသုံးသော မျက်နှာပေါ်နားသည့် ယင်ကောင်များမှ ကူးစက်ခြင်းဖြစ်သည်။

Translate by Anne

Zawgyi Version

မ်က္ႏွာေပၚ ယင္နားရာမွ ကပ္ပါးမ်က္လုံးသန္ေကာင္ကူးစက္ၿပီး သန္ေကာင္ ၃ ေကာင္ကို မ်က္လုံးထဲကဆြဲထုတ္မိတဲ့ အမ်ိဳးသမီးရဲ႕အျဖစ္

VICE ၏အဆိုအရ 2018 မတ္လတြင္ Nebraska မွအသက္ 68 ႏွစ္အ႐ြယ္ အေျပးသမားအမ်ိဳးသမီးသည္ သူမ၏ညာဘက္မ်က္လုံးတြင္ စတင္ယားယံလာခဲ့သည္။ ယားယံလာတာနဲ႔အမွ် မ်က္လုံးကို သက္သာရာရေစဖို႔ ေရနဲ႔ေဆးခ်ခဲ့ပါတယ္။

ထိုအခ်ိန္တြင္ အမ်ိဳးသမီးသည္ လက္မဝက္ခန႔္ ရွည္လ်ားေသာ သန္ေကာင္ႀကီးတစ္ေကာင္ မ်က္လုံးမွ ထြက္လာေသာအခါ ထိတ္လန႔္တုန္လႈပ္သြားခဲ့သည္။ ထို႔ေနာက္ သူမ၏ မ်က္လုံးကို အနီးကပ္ စစ္ေဆးၾကည့္ရာ ဒုတိယသန္ေကာင္ကို ထပ္မံေတြ႕ရွိၿပီး ဖယ္ထုတ္ခဲ့သည္။

ထို႔ေနာက္ သူမသည္ ကယ္လီဖိုးနီးယားျပည္နယ္၊ Monterey ရွိ မ်က္စိဆရာဝန္ထံ သြားေရာက္ျပသရန္ ႀကိဳတင္စာရင္းေပးထားၿပီး သူမေနထိုင္ရာ Carmel Valley မွ မိနစ္ 30 ခန႔္ ကားေမာင္းသြားခဲ့သည္။ ေဆးခန္းတြင္ တတိယေျမာက္ သန္ေကာင္တစ္ေကာင္ကို ေတြ႕ရွိၿပီး သူမ၏ မ်က္လုံးမွ ဖယ္ရွားခဲ့သည္။

ဖယ္ထုတ္လိုက္ေသာ တတိယသန္ေကာင္အား ေဖာ္မယ္ဒီဟိုက္ျဖင့္ ထိန္းသိမ္းထားၿပီး ကယ္လီဖိုးနီးယားျပည္နယ္ ျပည္သူ႔က်န္းမာေရးဓာတ္ခြဲခန္းသို႔ သန္ေကာင္အမ်ိဳးအစားသိရွိရန္ ပို႔လိုက္သည္။ ပိုမိုထူးျခားေသာ ခြဲျခမ္းစိတ္ျဖာမႈအတြက္ နမူနာအား ေရာဂါထိန္းခ်ဳပ္ေရးႏွင့္ ကာကြယ္ေရးစင္တာမ်ား (CDC) လက္ေအာက္ရွိ Parasitology Reference Diagnostic Laboratory သို႔ ေပးပို႔ခဲ့ပါသည္။

စမ္းသပ္မႈရလဒ္မ်ားအရ အမ်ိဳးသမီးကို ကူးစက္သည့္ သန္ေကာင္မ်ိဳးစိတ္မွာ ကြၽဲႏြားမ်ားႏွင့္ အျခားတိရစာၦန္မ်ားတြင္ ရံဖန္ရံခါ ေတြ႕ရေလ့ရွိသည့္ ကပ္ပါးမ်က္လုံးသန္ေကာင္ Thelazia gulosa ျဖစ္သည္။ ကပ္ပါးပိုးသည္ မ်က္ရည္ႏွင့္ မ်က္လုံးမွထြက္ရွိသည့္ အညစ္အေၾကးမ်ားကို လာေရာက္စားသုံးေသာ မ်က္ႏွာေပၚနားသည့္ ယင္ေကာင္မ်ားမွ ကူးစက္ျခင္းျဖစ္သည္။

Leave a Reply

Your email address will not be published. Required fields are marked *