Shwe Pann Thee Global News သက်စွန့်စံဖျားနဲ့ တည်းခိုရမယ့် ကိုလံဘီယာနိုင်ငံက တောင်ခါးပန်းဟိုတယ်လေး

သက်စွန့်စံဖျားနဲ့ တည်းခိုရမယ့် ကိုလံဘီယာနိုင်ငံက တောင်ခါးပန်းဟိုတယ်လေး



လက်ရှိအချိန်ဟာ COVID 19 ကပ်ရောဂါ ဖြစ်ပွားနေတဲ့အချိန်ဖြစ်တာကြောင့် လူတိုင်းလိုလို အိမ်မှာပဲနေပြီး အချိန်ဖြုန်းနေရမယ့် အချိန်ဖြစ်ပြီး အိမ်မှာပဲ အချိန်ပြည့် နေနေရတာကြောင့် လူတိုင်းပျင်းရိနေကြမှာ အမှန်ပါပဲ။

ဒါပေမယ့် လူတွေရဲ့ စိတ်ထဲမှာ အကုနလုံးတူညီနေတဲ့ တစ်ချက်ကတော့ ဒီကပ်ရောဂါကြီးပြီးဆုံးသွားတာနဲ့ ခရီးသွားချင်နေကြမှာ အမှန်ပါပဲ။ ဒါ့ကြောင့် အခုလက်ရှိ ဆိုရှယ်မီဒီယာမှာ နာမည်ကြီးနေတဲ့ ခရီးတစ်ခုကို ပြောပြပေးချင်ပါတယ်။ အဆိုပါခရီးဟာ စွန်းစားပြီးသွားလာချင်တဲ့ လူတွေအတွက်တော့ ကျိန်းသေပျော်ရွှင်ရမယ့် နေရာတစ်ခုဖြစ်ကြောင်း Oddity Central သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အဆိုပါနေရာကတော့ ကိုလမ်ဘီယာနိုင်ငံရှိ Abejorral မြို့ကလေးမှာ တည်ရှိတဲ့ နေရာပဲ ဖြစ်ပါတယ်။ La Casa en el Aire လို့ အမည်ရတဲ့ အဆိုပါနေရာလေးဟာ ကိုလမ်ဘီယာတောင်တန်းတွေရဲ့ တောင်ခါးပန်းမှာ တည်ဆောက်ထားတဲ့ နေရာတစ်နေရာဖြစ်ပြီး အင်္ဂလိပ်လိုဆိုရင်တော့ The house in the air လို့ အမည်ရပါတယ်။ ကိုလမ်ဘီယာတောင်တန်းတွေဟာ ပင်လယ်ရေမျက်နှာပြင်ကနေ မီတာ ၂,၅၀၀ အထက်မှာ တည်ရှိပြီး အဆိုပါ အိမ်လေးကတော့ မြေင်ပြင်ကနေ မီတာ ၃၀ အကွာမှာ တည်ရှိတာပဲ ဖြစ်ပါတယ်။

အဆိုပါ ဟိုတယ်နေရာလေးက ကိုလမ်ဘီယာနိုင်ငံရဲ့ ခရီးသွားဧည့်သည်တွေ အမြဲလိုလို ပြည့်နှက်နေတဲ့ နေရာတစ်နေရာဖြစ်သလို အမြဲလိုလို booking ပြည့်နေတတ်တဲ့ နေရာတစ်နေရာဆိုလည်း မမှာပါဘူး။ အဆိုပါ ဟိုတယ်လေးကိုတော့ ကိုလမ်ဘီယာတောင်တက်သမား Nilton Lopz ကိုယ်တိုင် တည်ဆောက်ခဲ့တာပဲ ဖြစ်ပါတယ်။ အဆိုပါဟိုတယ်လေးကို လာရောက်လည်ပတ်သူတွေဟာ ခံစားရမယ့် အတွေ့အကြုံကတော့ ဘာနဲ့မှကို မတူပါဘူး။ ကြိုးတံတားပေါ်မှာ ပုခက်လေးနဲ့ အိပ်လို့ရတာတို့၊ ဟိုတယ်ပေါ်ကနေ ဒိုက်ထိုးပြီး ခုန်ချရတာတို့အပြင် ဟိုတယ်အခန်းပြတင်းပေါက်လေးကနေ ကြည့်လိုက်တာနဲ့ မျက်စိတစ်ဆုံး တောအထပ်ထပ်၊ တောင်အထပ်ထပ်ကို တွေ့နေရမှာပဲ ဖြစ်ပါတယ်။

“ဒီဟိုတယ်လေးကို ဆောက်ခဲ့ရတာ ကျွန်တော့်ဘဝမှာ ဂုဏ်အယူရဆုံး အချိန်တွေပါပဲ။ ဒီဟိုတယ်လေးကို စဆောက်ခါစတုန်းက လျှပ်စစ်မီး လုံးဝမရှိပါဘူး။ ဒါ့ကြောင့် ကိုယ့်ဘာသာကိုယ် ဆိုလာပြားတွေဆင်ပြီး သေသေချာချာကို လုပ်ခဲ့ရတာပါ။ ဒီလိုမျိုး ဟိုတယ်လေးကို ပြီးဖို့အတွက် ကျွန်တော် တော်တော်လေးကို အားစိုက်ခဲ့ရပါတယ်”လို့ Nilton Lopez က ပြောကြားခဲ့ပါတယ်။

Credit

Zawgyi Version

လက္ရွိအခ်ိန္ဟာ COVID 19 ကပ္ေရာဂါ ျဖစ္ပြားေနတဲ့အခ်ိန္ျဖစ္တာေၾကာင့္ လူတိုင္းလိုလို အိမ္မွာပဲေနၿပီး အခ်ိန္ျဖဳန္းေနရမယ့္ အခ်ိန္ျဖစ္ၿပီး အိမ္မွာပဲ အခ်ိန္ျပည့္ ေနေနရတာေၾကာင့္ လူတိုင္းပ်င္းရိေနၾကမွာ အမွန္ပါပဲ။

ဒါေပမယ့္ လူေတြရဲ႕ စိတ္ထဲမွာ အကုနလုံးတူညီေနတဲ့ တစ္ခ်က္ကေတာ့ ဒီကပ္ေရာဂါႀကီးၿပီးဆုံးသြားတာနဲ႔ ခရီးသြားခ်င္ေနၾကမွာ အမွန္ပါပဲ။ ဒါ့ေၾကာင့္ အခုလက္ရွိ ဆိုရွယ္မီဒီယာမွာ နာမည္ႀကီးေနတဲ့ ခရီးတစ္ခုကို ေျပာျပေပးခ်င္ပါတယ္။ အဆိုပါခရီးဟာ စြန္းစားၿပီးသြားလာခ်င္တဲ့ လူေတြအတြက္ေတာ့ က်ိန္းေသေပ်ာ္႐ႊင္ရမယ့္ ေနရာတစ္ခုျဖစ္ေၾကာင္း Oddity Central သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ သိရွိရပါတယ္။

အဆိုပါေနရာကေတာ့ ကိုလမ္ဘီယာႏိုင္ငံရွိ Abejorral ၿမိဳ႕ကေလးမွာ တည္ရွိတဲ့ ေနရာပဲ ျဖစ္ပါတယ္။ La Casa en el Aire လို႔ အမည္ရတဲ့ အဆိုပါေနရာေလးဟာ ကိုလမ္ဘီယာေတာင္တန္းေတြရဲ႕ ေတာင္ခါးပန္းမွာ တည္ေဆာက္ထားတဲ့ ေနရာတစ္ေနရာျဖစ္ၿပီး အဂၤလိပ္လိုဆိုရင္ေတာ့ The house in the air လို႔ အမည္ရပါတယ္။ ကိုလမ္ဘီယာေတာင္တန္းေတြဟာ ပင္လယ္ေရမ်က္ႏွာျပင္ကေန မီတာ ၂,၅၀၀ အထက္မွာ တည္ရွိၿပီး အဆိုပါ အိမ္ေလးကေတာ့ ေျမင္ျပင္ကေန မီတာ ၃၀ အကြာမွာ တည္ရွိတာပဲ ျဖစ္ပါတယ္။

အဆိုပါ ဟိုတယ္ေနရာေလးက ကိုလမ္ဘီယာႏိုင္ငံရဲ႕ ခရီးသြားဧည့္သည္ေတြ အၿမဲလိုလို ျပည့္ႏွက္ေနတဲ့ ေနရာတစ္ေနရာျဖစ္သလို အၿမဲလိုလို booking ျပည့္ေနတတ္တဲ့ ေနရာတစ္ေနရာဆိုလည္း မမွာပါဘူး။ အဆိုပါ ဟိုတယ္ေလးကိုေတာ့ ကိုလမ္ဘီယာေတာင္တက္သမား Nilton Lopz ကိုယ္တိုင္ တည္ေဆာက္ခဲ့တာပဲ ျဖစ္ပါတယ္။ အဆိုပါဟိုတယ္ေလးကို လာေရာက္လည္ပတ္သူေတြဟာ ခံစားရမယ့္ အေတြ႕အႀကဳံကေတာ့ ဘာနဲ႔မွကို မတူပါဘူး။ ႀကိဳးတံတားေပၚမွာ ပုခက္ေလးနဲ႔ အိပ္လို႔ရတာတို႔၊ ဟိုတယ္ေပၚကေန ဒိုက္ထိုးၿပီး ခုန္ခ်ရတာတို႔အျပင္ ဟိုတယ္အခန္းျပတင္းေပါက္ေလးကေန ၾကည့္လိုက္တာနဲ႔ မ်က္စိတစ္ဆုံး ေတာအထပ္ထပ္၊ ေတာင္အထပ္ထပ္ကို ေတြ႕ေနရမွာပဲ ျဖစ္ပါတယ္။

“ဒီဟိုတယ္ေလးကို ေဆာက္ခဲ့ရတာ ကြၽန္ေတာ့္ဘဝမွာ ဂုဏ္အယူရဆုံး အခ်ိန္ေတြပါပဲ။ ဒီဟိုတယ္ေလးကို စေဆာက္ခါစတုန္းက လွ်ပ္စစ္မီး လုံးဝမရွိပါဘူး။ ဒါ့ေၾကာင့္ ကိုယ့္ဘာသာကိုယ္ ဆိုလာျပားေတြဆင္ၿပီး ေသေသခ်ာခ်ာကို လုပ္ခဲ့ရတာပါ။ ဒီလိုမ်ိဳး ဟိုတယ္ေလးကို ၿပီးဖို႔အတြက္ ကြၽန္ေတာ္ ေတာ္ေတာ္ေလးကို အားစိုက္ခဲ့ရပါတယ္”လို႔ Nilton Lopez က ေျပာၾကားခဲ့ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *