Shwe Pann Thee Global News အမျိုးသမီးတစ်ဦး အော်ဟစ်အကူအညီတောင်းနေသံကြားလို့ သွားရောက်ခဲ့ရာ အော်ဟစ်သူမှာ ကြက်တူရွေးတစ်ကောင်ဖြစ်‌ကြောင်း တွေ့ရှိခဲ့ရတဲ့ ရဲတပ်ဖွဲ့ရဲ့အဖြစ်

အမျိုးသမီးတစ်ဦး အော်ဟစ်အကူအညီတောင်းနေသံကြားလို့ သွားရောက်ခဲ့ရာ အော်ဟစ်သူမှာ ကြက်တူရွေးတစ်ကောင်ဖြစ်‌ကြောင်း တွေ့ရှိခဲ့ရတဲ့ ရဲတပ်ဖွဲ့ရဲ့အဖြစ်



အမျိုးသမီးတစ်ဦး အော်ဟစ်အကူအညီတောင်းနေသံကြားလို့ သွားရောက်ခဲ့ရာ အော်ဟစ်သူမှာ ကြက်တူရွေးတစ်ကောင်ဖြစ်‌ကြောင်း တွေ့ရှိခဲ့ရတဲ့ ရဲတပ်ဖွဲ့ရဲ့အဖြစ်

ဒီဇင်ဘာလ 29 ရက်၊ 2019 ခုနှစ်တွင် ဖလော်ရီဒါရှိ Palm Beach County Sheriff’s Office သည် 911 ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့သည်။ အမျိုးသမီးတစ်ဦး အော်ဟစ်အကူအညီတောင်းနေကြောင်း တိုင်ကြားသည့်ဖုန်းခေါ်ဆိုမှုဖြစ်ပြီး အခင်းဖြစ်ပွားရာသို့ လက်ထောက်များ အပြေးအလွှားရောက်ရှိခဲ့ကြရာ အော်ဟစ်သံများသည် ရမ်ဘိုအမည်ရှိ ကြက်တူရွေးထံမှ ထွက်ပေါ်လာကြောင်း တွေ့ရှိရသည်။

NBC News ၏ တွဲဖက် WPTV ၏ အဆိုအရ အခင်းဖြစ်ပွားရာနေရာသို့ လက်ထောက်များ ရောက်ရှိလာသော်လည်း အဆိုပါ ကြက်တူရွေးပိုင်ရှင်က ရဲတပ်ဖွဲ့ကို ခေါ်ယူခဲ့ခြင်းမဟုတ်ပေ။ လက်ထောက်များက အမျိုးသမီးတစ်ဦး အော်ဟစ်အကူအညီတောင်းနေကြောင်း သိရလို့ ရောက်လာကြောင်း ပြောချိန်တွင် ၎င်းသည် ကားဘရိတ်ကို ပြောင်းနေသည်။

 

ထို့နောက် Lake Worth Beach တွင်နေထိုင်သူသည် ၎င်း၏ ကြက်တူရွေး ရမ်ဘိုနှင့် မိတ်ဆက်ပေးခဲ့သည်။ ABC 15 ၏ အဆိုအရ ကြက်တူရွေးသည် အော်ဟစ်အကူအညီတောင်းရုံသာမက လွတ်မြောက်စေရန်လည်း လုပ်ဆောင်ခဲ့သည်။

“ကျွန်တော့်ဇနီးရဲ့ကားမှာ ဘရိတ်ပြောင်းနေတုန်း အပြင်ဘက်မှာ သီချင်းဆိုနေတဲ့ အသက် ၄၀ အရွယ် ကြက်တူရွေး ရမ်ဘိုကို ထားခဲ့တယ်” ဟု အမည်မသိအမျိုးသားက ရှင်းပြသည်။ အမျိုးသမီးတစ်ဦး အော်ဟစ်အကူအညီတောင်းသံကြားလို့ အိမ်နီးနားချင်းတစ်ယောက်က ဖုန်းဆက်ကြောင်း ရဲ ၄ ယောက်က ပြောပြသည်။

 

“ကျွန်တော်က အရာရှိတွေကို ရမ်ဘိုနဲ့ ချက်ချင်းမိတ်ဆက်ပေးပြီး အားလုံး ရယ်ရယ်မောမောပါပဲ။ နောက်တော့ အော်ဟစ်သံကြားတယ်လို့ တိုင်ကြားခဲ့တဲ့ အိမ်နီးနားချင်းကို ကျွန်တော်ရဲ့ရမ်ဘိုနဲ့ မိတ်ဆက်ပေးခဲ့တယ်။” ဟု အဆိုပါ အမျိုးသားက ဆက်ပြောသည်။

Translate by Anne

Leave a Reply

Your email address will not be published. Required fields are marked *