Shwe Pann Thee Global News Santa ကိုတွေ့ဖို့ ၄၂ ပေါင် အကုန်အကျခံခဲ့ပေမဲ့ သမီးကို လက်ဆောင်မပေးလို့ ဒေါသထွက်ခဲ့ရတဲ့ ဖခင်ရဲ့အဖြစ်
Santa ကိုတွေ့ဖို့ ၄၂ ပေါင် အကုန်အကျခံခဲ့ပေမဲ့ သမီးကို လက်ဆောင်မပေးလို့ ဒေါသထွက်ခဲ့ရတဲ့ ဖခင်ရဲ့အဖြစ်
Santa ကိုတွေ့ဖို့ ၄၂ ပေါင် အကုန်အကျခံခဲ့ပေမဲ့ သမီးကို လက်ဆောင်မပေးလို့ ဒေါသထွက်ခဲ့ရတဲ့ ဖခင်ရဲ့အဖြစ်
Joe Skarz နဲ့ သူ့ရဲ့ စေ့စပ်ထားသူ Leoni Jackson တို့ဟာ The Piece Hall, Halifax ကို ခရီးထွက်ခဲ့ပြီး သူတို့ရဲ့ ခြောက်နှစ်သမီး Millie ဟာ Father Christmas နဲ့ တွေ့ဆုံနိုင်ခဲ့ပါတယ်။
သူသည် မနှစ်က ကပ်ရောဂါကြောင့် ပွဲတော်ကာလကို လက်လွှတ်ခဲ့ရတဲ့ သမီးဖြစ်သူကို တစ်သက်လုံးအမှတ်ရနေစေချင်သည့်အတွက် လက်မှတ်များကို ပျော်ပျော်ရွှင်ရွှင်နှင့် ဈေးကြီးပေးဖြတ်ခဲ့သည်။
Santa ကို ကလေးဘဝတုန်းက မြင်ဖူးတိုင်း အမှတ်ရတာတစ်ခုက လက်ဆောင်ရခြင်းဖြစ်သည်။ ဒါပေမယ့် မိဘတွေနဲ့ ကလေးတွေက Santa ဆီက ဘာလက်ဆောင်မှမရဘူးလို့ ပြောပြီးနောက်မှာ သူလုံးဝ စိတ်ပျက်သလို ခံစားသွားရသည်။
Joe ၏သမီးဖြစ်သူ Millie သည် Santa နှင့်တွေ့ဆုံမည့်နေ့ကို စောင့်မျှော်နေခဲ့သော်လည်း ထိုနေ့မှစ၍ Santa အကြောင်းထပ်မပြောတော့ပေ။ ဖခင်က “Millie ငယ်ငယ်တုန်းက Harrods ကို သုံးနှစ်သွားခဲ့တာတောင် ဒီလိုမျိုးတစ်ခါမှ မကြုံဖူးပါဘူး။ မယုံနိုင်လောက်အောင်ပါပဲ။” ဟုဆိုထားလေသည်။
Translate by Anne
Leave a Reply
Your email address will not be published. Required fields are marked *