Shwe Pann Thee Global News ဆိုးယုတ်တဲ့ဆရာဝန်ကြောင့် ကလေးဦးရေ အယောက်(၉၀၀) ကျော် HIV ကူးစက်မှုဖြစ်ပွား

ဆိုးယုတ်တဲ့ဆရာဝန်ကြောင့် ကလေးဦးရေ အယောက်(၉၀၀) ကျော် HIV ကူးစက်မှုဖြစ်ပွား



 

ပါကစ္စတန်မြို့တစ်မြို့က ဆရာဝန်တစ်ဦးဟာ HIV ရောဂါပိုးပါဝင်တဲ့ ဆေးထိုးအပ်ကို အကြိမ်ပေါင်းများစွာ ပြန်လည်အသုံးပြုခဲ့တာကြောင့် အပြစ်မဲ့သူ ကလေးငယ်အယောက် (၉၀၀) ကျော် ရောဂါပိုးကူးစက်ခံခဲ့ရကြောင်း dailymail သတင်းစာမျက်နှာအရ သိရပါတယ်။ ယခုနှစ်အစောပိုင်းတုန်းကလည်း ရာတိုဒီရိုမြို့မှာ HIV ဗိုင်းရပ်စ်ကူးစက်ခံရမှုပေါင်း (၅၀၀) လောက်ထိ ရှိခဲ့ပါတယ်။ လက်ရှိမှာတော့ ၎င်း HIV ရောဂါပိုးကူးစက်ခံရသူကလေးငယ်ပေါင်းဟာ အယောက် (၉၀၀) ကျော်ရှိနေပြီး ဒီထက်ပိုများပြားလာမှာကို အာဏာပိုင်တွေက စိုးရိမ်နေကြပါတယ်။

ဆေးထိုးအပ်ကို ကြိမ်ဖန်များစွာ အသုံးပြုခဲ့သူဆရာဝန်ဟာ ကလေးအထူးကု ဒေါက်တာ မူဇက်ဖာဂန်ဂရိုဖြစ်တယ်လို့ ဆိုပါတယ်။ မူဇက်ဖာဟာ မြို့ထဲမှာတော့ ဈေးအသက်သာဆုံးပေးရတဲ့ ဆရာဝန်လည်း ဖြစ်ပါတယ်။ ကျန်းမာရေးအရာရှိတွေကတော့ မြို့နေထိုင်သူတွေရဲ့ (၄) ပုံ(၁) ပုံကို ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်ထားဆဲဖြစ်ပါတယ်။

မူဇက်ဖာကိုတော့ ဆရာဝန်တစ်ယောက်ရဲ့ ကျင့်ဝတ်တွေကို ပျက်ကွက်ပြီး လူအစုလိုက်အပြုံလိုက်ကို ရောဂါပိုးကူးစက်ပြန့်နှံ့စေမှုနဲ့ တရားစွဲဆိုထားပါတယ်။ အင်မ်တီအက်ဇ်ဂျာဘာနီဆိုသူ မြို့ခံတစ်ဦးကတော့ သူ့ကလေး(၆) ယောက်စလုံးကို မူဇက်ဖာနဲ့ ဆေးခန်းပြဖူးကြောင်း ဆိုပါတယ်။ တစ်ခါတုန်းကလည်း (၆) နှစ်အရွယ် သူ့သားလေးကို မူဇက်ဖာဆီ သွားပြရာမှာ မူဇက်ဖာက အမှိုက်ပုံးထဲမှာရှိတဲ့ ဆေးထိုးအပ်အဟောင်းတစ်ချောင်းကို ရှာပြီး ကလေးကို ဆေးထိုးပေးခဲ့ကြောင်း ပြောပြပါတယ်။ အခုဆိုရင် ၎င်းကလေးငယ်မှာလည်း HIV ရောဂါရှိနေပါပြီ။

ဂျာဘာနီရဲ့ ကလေး(၆) ယောက်ရှိတဲ့အနက် (၄) ယောက်ဟာ HIV ရောဂါကူးစက်ခံနေရပြီး အငယ်ဆုံးလေး(၂) ယောက်ကတော့ ဆုံးသွားပြီလို့ သိရပါတယ်။ နောက်ထပ် ကလေးမိဘတစ်ယောက်ကလည်း မူဇက်ဖာဟာ ဆေးထိုးအပ်ကိုမလဲပဲ ကလေးအယောက်(၅၀) လောက်ကို အားဖြည့်ဆေးထိုးသွင်းပေးခဲ့တာ မြင်ဖူးကြောင်းလည်း ပြောပြပါတယ်။

ဒါပေမယ့် မူဇက်ဖာကတော့ သူအပြစ်မရှိဘူးလို့ဆိုပြီး စွပ်စွဲချက်တွေကို ဆက်လက်ငြင်းဆိုနေတယ်လို့ သိရပါတယ်။ အာဏာပိုင်တွေကတော့ အခုလို လူအမြောက်အမြား HIV ကူးစက်ခံရတဲ့ထဲမှာ မူဇက်ဖာဟာ တရားခံတစ်ဦးတည်းမဟုတ်နိုင်ဘူးလို့ သုံးသပ်နေပါတယ်။ မူဇက်ဖာအပြင် မြို့ထဲမှာရှိတဲ့ အခြားဆရာဝန်တွေဟာ ဆေးထိုးအပ်တွေကို ထပ်ကာတလဲလဲ သုံးနေတဲ့အပြင် သွားဆရာဝန်တွေကလည်း ပိုးကောင်းကောင်းမသတ်ထားရသေးတဲ့ သွားနဲ့ခံတွင်းသုံးပစ္စည်းတွေကို အကြိမ်ကြိမ်အဖန်ဖန် အသုံးပြုနေကြကြောင်းလည်း သိရှိရပါတယ်။

Credit
Zawgyi Version

 

ပါကစၥတန္ၿမိဳ႕တစ္ၿမိဳ႕က ဆရာဝန္တစ္ဦးဟာ HIV ေရာဂါပိုးပါဝင္တဲ့ ေဆးထိုးအပ္ကို အႀကိမ္ေပါင္းမ်ားစြာ ျပန္လည္အသုံးျပဳခဲ့တာေၾကာင့္ အျပစ္မဲ့သူ ကေလးငယ္အေယာက္ (၉၀၀) ေက်ာ္ ေရာဂါပိုးကူးစက္ခံခဲ့ရေၾကာင္း dailymail သတင္းစာမ်က္ႏွာအရ သိရပါတယ္။ ယခုႏွစ္အေစာပိုင္းတုန္းကလည္း ရာတိုဒီ႐ိုၿမိဳ႕မွာ HIV ဗိုင္းရပ္စ္ကူးစက္ခံရမႈေပါင္း (၅၀၀) ေလာက္ထိ ရွိခဲ့ပါတယ္။ လက္ရွိမွာေတာ့ ၎ HIV ေရာဂါပိုးကူးစက္ခံရသူကေလးငယ္ေပါင္းဟာ အေယာက္ (၉၀၀) ေက်ာ္ရွိေနၿပီး ဒီထက္ပိုမ်ားျပားလာမွာကို အာဏာပိုင္ေတြက စိုးရိမ္ေနၾကပါတယ္။

ေဆးထိုးအပ္ကို ႀကိမ္ဖန္မ်ားစြာ အသုံးျပဳခဲ့သူဆရာဝန္ဟာ ကေလးအထူးကု ေဒါက္တာ မူဇက္ဖာဂန္ဂ႐ိုျဖစ္တယ္လို႔ ဆိုပါတယ္။ မူဇက္ဖာဟာ ၿမိဳ႕ထဲမွာေတာ့ ေဈးအသက္သာဆုံးေပးရတဲ့ ဆရာဝန္လည္း ျဖစ္ပါတယ္။ က်န္းမာေရးအရာရွိေတြကေတာ့ ၿမိဳ႕ေနထိုင္သူေတြရဲ႕ (၄) ပုံ(၁) ပုံကို က်န္းမာေရးစစ္ေဆးမႈေတြ ျပဳလုပ္ထားဆဲျဖစ္ပါတယ္။

မူဇက္ဖာကိုေတာ့ ဆရာဝန္တစ္ေယာက္ရဲ႕ က်င့္ဝတ္ေတြကို ပ်က္ကြက္ၿပီး လူအစုလိုက္အၿပဳံလိုက္ကို ေရာဂါပိုးကူးစက္ျပန႔္ႏွံ႔ေစမႈနဲ႔ တရားစြဲဆိုထားပါတယ္။ အင္မ္တီအက္ဇ္ဂ်ာဘာနီဆိုသူ ၿမိဳ႕ခံတစ္ဦးကေတာ့ သူ႔ကေလး(၆) ေယာက္စလုံးကို မူဇက္ဖာနဲ႔ ေဆးခန္းျပဖူးေၾကာင္း ဆိုပါတယ္။ တစ္ခါတုန္းကလည္း (၆) ႏွစ္အ႐ြယ္ သူ႔သားေလးကို မူဇက္ဖာဆီ သြားျပရာမွာ မူဇက္ဖာက အမႈိက္ပုံးထဲမွာရွိတဲ့ ေဆးထိုးအပ္အေဟာင္းတစ္ေခ်ာင္းကို ရွာၿပီး ကေလးကို ေဆးထိုးေပးခဲ့ေၾကာင္း ေျပာျပပါတယ္။ အခုဆိုရင္ ၎ကေလးငယ္မွာလည္း HIV ေရာဂါရွိေနပါၿပီ။

ဂ်ာဘာနီရဲ႕ ကေလး(၆) ေယာက္ရွိတဲ့အနက္ (၄) ေယာက္ဟာ HIV ေရာဂါကူးစက္ခံေနရၿပီး အငယ္ဆုံးေလး(၂) ေယာက္ကေတာ့ ဆုံးသြားၿပီလို႔ သိရပါတယ္။ ေနာက္ထပ္ ကေလးမိဘတစ္ေယာက္ကလည္း မူဇက္ဖာဟာ ေဆးထိုးအပ္ကိုမလဲပဲ ကေလးအေယာက္(၅၀) ေလာက္ကို အားျဖည့္ေဆးထိုးသြင္းေပးခဲ့တာ ျမင္ဖူးေၾကာင္းလည္း ေျပာျပပါတယ္။

ဒါေပမယ့္ မူဇက္ဖာကေတာ့ သူအျပစ္မရွိဘူးလို႔ဆိုၿပီး စြပ္စြဲခ်က္ေတြကို ဆက္လက္ျငင္းဆိုေနတယ္လို႔ သိရပါတယ္။ အာဏာပိုင္ေတြကေတာ့ အခုလို လူအေျမာက္အျမား HIV ကူးစက္ခံရတဲ့ထဲမွာ မူဇက္ဖာဟာ တရားခံတစ္ဦးတည္းမဟုတ္ႏိုင္ဘူးလို႔ သုံးသပ္ေနပါတယ္။ မူဇက္ဖာအျပင္ ၿမိဳ႕ထဲမွာရွိတဲ့ အျခားဆရာဝန္ေတြဟာ ေဆးထိုးအပ္ေတြကို ထပ္ကာတလဲလဲ သုံးေနတဲ့အျပင္ သြားဆရာဝန္ေတြကလည္း ပိုးေကာင္းေကာင္းမသတ္ထားရေသးတဲ့ သြားနဲ႔ခံတြင္းသုံးပစၥည္းေတြကို အႀကိမ္ႀကိမ္အဖန္ဖန္ အသုံးျပဳေနၾကေၾကာင္းလည္း သိရွိရပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *