Shwe Pann Thee Global News တောရိုင်းတိရိစ္ဆာန်များကို သတ်ဖြတ်ခြင်းအတွက် ဘယ်သောအခါမှ နောင်တရမည်မဟုတ်ကြောင်း ရှင်းပြထားသည့် အမျိုးသမီးမုဆိုး

တောရိုင်းတိရိစ္ဆာန်များကို သတ်ဖြတ်ခြင်းအတွက် ဘယ်သောအခါမှ နောင်တရမည်မဟုတ်ကြောင်း ရှင်းပြထားသည့် အမျိုးသမီးမုဆိုး



တောရိုင်းတိရိစ္ဆာန်များကို သတ်ဖြတ်ခြင်းအတွက် ဘယ်သောအခါမှ နောင်တရမည်မဟုတ်ကြောင်း ရှင်းပြထားသည့် အမျိုးသမီးမုဆိုး

Tess Talley ရဲ့ အမဲလိုက်သတ်ဖြတ်ခဲ့သော ရှားရှားပါးပါး အနက်ရောင် သစ်ကုလားအုတ်နှင့် တွဲရိုက်ထားသည့် ဓာတ်ပုံကိုတင်လိုက်သောအခါ လူအများ အုတ်အော်သောင်းနင်း ဖြစ်ခဲ့ရသော်လည်း ယခုအခါတွင် သူမ အမဲလိုက်ခဲ့သည့် တိရစ္ဆာန်တိုင်းဟာ သူမအတွက် အောင်ပွဲခံအထိမ်းအမှတ်ဖြစ်ကြောင်းနှင့် သူမ၏ ဂုဏ်အယူဆုံး အခိုက်အတန့် ဖြစ်နေသေးကြောင်း ရှင်းပြခဲ့သည်။

တောင်အာဖရိကရှိ သစ်ကုလားအုတ်ကို အမဲလိုက်သည့်နေ့သည် သူမအတွက် စိတ်လှုပ်ရှားဖွယ်ရာဖြစ်ခဲ့သည်။ သူမသည် မနေ့ညက အလွန်စိတ်လှုပ်ရှားနေပြီး အိပ်မပျော်ကြောင်း ရှင်းပြခဲ့သည်။ သစ်ကုလားအုတ်ကြီးကို တကယ်သတ်လိုက်သည့်အခါ သူမဟာ ကျေနပ်အားရမှု တွေနဲ့ ပြည့်နှက်သွားခဲ့သည်။

Tess က လမ်းပြတစ်ဦးနှင့် နာရီပေါင်းများစွာ ရှာဖွေခဲ့ပြီးနောက် ရုတ်တရက်ဆိုသလို ထူထပ်တဲ့သစ်ပင်တွေကိုဖြတ်ပြီး လမ်းလျှောက်နေတဲ့ သစ်ကုလားအုတ်အိုကြီးကိုတွေ့တော့ သေနတ်ပစ်တုတ်ကို တပ်ဆင်လိုက်ပြီး ရိုင်ဖယ်ကို ပုခုံးဖြင့်ထမ်းကာ သူမ၏ ဂွင်ထဲဝင်အောင် လုပ်နိုင်ခဲ့သည်။

အသက် 39 နှစ်အရွယ် Texan သည် ဆံပင်ရွှေရောင်ရှိ၍ သေးသွယ်ပြီး အကောင့်စီမံခန့်ခွဲသူတစ်ဦးဖြစ်သည်။ သူမသည် အိမ်ထောင်သည် မိထွေးတစ်ဦးဖြစ်ပြီး သူမတွင် ချစ်ရသော Gunner ဟုခေါ်သော Boxer ခွေးလေးလည်းရှိသည်။ သူမသည် အမဲလိုက်ခြင်းနှင့် တိရစ္ဆာန်များကို သတ်ခြင်းကိုလည်း နှစ်သက်သည်။ သူရဲ့သတ်ဖြတ်မှုတွေကို ဂုဏ်ယူစွာရိုက်ပြထားတဲ့ ဓာတ်ပုံတွေဟာ လူတွေကို အမြဲအမှတ်ရနေစေမှာဖြစ်ပါတယ်။

Translate by Anne

Leave a Reply

Your email address will not be published. Required fields are marked *