Shwe Pann Thee Global News ပိုင်ရှင်ရဲ့လက်ချောင်းကို ကြက်သားတုံးလို့ အထင်မှားကာ ဝါးစားဖို့ကြိုးစားနေတဲ့ ခွေးဘီလူးလေး

ပိုင်ရှင်ရဲ့လက်ချောင်းကို ကြက်သားတုံးလို့ အထင်မှားကာ ဝါးစားဖို့ကြိုးစားနေတဲ့ ခွေးဘီလူးလေး



ပိုင်ရှင်ရဲ့လက်ချောင်းကို ကြက်သားတုံးလို့ အထင်မှားကာ ဝါးစားဖို့ကြိုးစားနေတဲ့ ခွေးဘီလူးလေး

ဖော်ရွေသော ခွေးဘီလူးလေး၏ပိုင်ရှင်သည် ၎င်း၏ခွေးနှင့်အတူ အိမ်တွင်း၌ဆော့ကစားရန်နှင့် ၎င်းတို့နှစ်ဦးစလုံးအတွက် ဖျော်ဖြေမှု၊ ပျော်ရွှင်မှု၊ ကျန်းမာစေမှုတို့ ဖြစ်စေမည့် နည်းလမ်းကိုရှာလိုသည်။ သူသည် သူ့ခွေးအကြိုက်ဆုံး အစားအစာဖြစ်သည့် ကြက်သားတုံးများကို ဂိမ်းအဖြစ်ဆော့ကစားခဲ့သည်။

လက်မှုပညာအနည်းငယ်ပါဝင်သော တီထွင်ဖန်တီးမှုဖြင့် Pablo ၏ပိုင်ရှင်သည် ကြက်သားတုံးကို ချက်ပြုတ်ရန် ယာယီမီးဖိုအဖြစ် ကတ်ထူပုံးကို အသုံးပြုခဲ့သည်။ သူက ဟင်းချက်ပြီးကြောင်း အချက်ပြတဲ့အနေနဲ့ “bing” ဟုပြောသောအခါ Pablo က oven အပေါက်ကိုဖွင့်လိုက်သည်။

ခွေးဘီလူးလေး တွေ့ရှိလိုက်ရတာကတော့ မီးဖိုထဲက ကြက်သားတုံးအစား ၎င်းသခင်၏ လက်ချောင်းဖြစ်နေတဲ့အတွက် ခွေးက ဇဝေဇဝါဖြစ်က ဘာကြီးလဲဆိုတာ သိဖို့ မြန်မြန်ဆန်ဆန် စဉ်းစားခဲ့ရပါတယ်။

အဆိုပါဂိမ်းကို “ကြက်သားတုံး သို့မဟုတ် လက်ချောင်းဂိမ်း” ဟုခေါ်ဆိုပြီး ရည်ရွယ်ချက်မှာ Pablo ကို ကြက်သားတုံးသာ စားစေလိုခြင်းဖြစ်သည်။ Pablo သည် ဂိမ်းတွင် ကောင်းစွာမလုပ်ဆောင်နိုင်ခဲ့ဘဲ ပိုင်ရှင်၏လက်ချောင်းကို ကြက်တုံးသေးတစ်တုံးအဖြစ် ထပ်ခါတလဲလဲ အထင်မှားကာ ဝါးစားရန် ကြိုးစားခဲ့သည်။

Translate by Anne






Leave a Reply

Your email address will not be published. Required fields are marked *