Shwe Pann Thee Global News လူပေါင်း ၂၀၀၀ နီးပါးကို ပစ်မှတ်ထား၍ ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု ကျူးလွန်သူ အဗ္ဗဒူလ် အီလာဟီအား ထောင်ဒဏ် ၃၂ နှစ် ချမှတ်ခံရ

လူပေါင်း ၂၀၀၀ နီးပါးကို ပစ်မှတ်ထား၍ ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု ကျူးလွန်သူ အဗ္ဗဒူလ် အီလာဟီအား ထောင်ဒဏ် ၃၂ နှစ် ချမှတ်ခံရ



လူပေါင်း ၂၀၀၀ နီးပါးကို ပစ်မှတ်ထား၍ ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု ကျူးလွန်သူ အဗ္ဗဒူလ် အီလာဟီအား ထောင်ဒဏ် ၃၂ နှစ် ချမှတ်ခံရ

Elahi သည် ကျူးလွန်ခံရသူ ၇၂ ဦးနှင့် ဆက်နွှယ်သည့် ပြစ်မှုပေါင်း ၁၅၈ မှုအား ဝန်ခံခဲ့ပြီး တစ်သက်တာ လိင်မှုကျူးလွန်သူအဖြစ် စာရင်းသွင်းရန် အမိန့်ပေးခြင်းကိုခံခဲ့ရသည်။

တရားသူကြီးက “အသက် ၂၆ နှစ်အရွယ်နဲ့ မင်းရဲ့သားကောင်အရေအတွက်ဟာ ထောင်ဂဏန်းထက်ပိုများတယ်။ မင်းက တစ်ပါးသူရဲ့ဒုက္ခဆင်းရဲကို လုံးလုံးလျားလျား လျစ်လျူရှုပြီး မင်းခံစားရတဲ့ ဝေဒနာကနေ ကျေနပ်မှုကို ရယူဖို့ ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိရတယ်”ဟု ပြောကြားခဲ့သည်။

Elahi သည် Sugar Daddy ဝက်ဘ်ဆိုဒ်များတွင် ချမ်းသာသော စတော့ရှယ်ယာပွဲစားတစ်ဦးအဖြစ် ၎င်း၏သားကောင်များကို လိင်ပိုင်းဆိုင်ရာ အပြုအမူများပြုလုပ်ရန် ငွေပေးချေမှုများ ပြုလုပ်ခဲ့သည်။ Elahi ၏သားကောင်အချို့သည် ညစ်ညမ်းဝက်ဘ်ဆိုဒ်များသို့ ၎င်းတို့၏ဗီဒီယိုများတင်ပြီးနောက် အဖော်အချွတ်များဖြန့်ဝေခဲ့သည်။

ပြစ်မှုကျူးလွန်သူသည်၂၀၁၇ မှ ၂၀၁၉ ခုနှစ်အတွင်း နိုင်ငံပေါင်း ၃၄ နိုင်ငံမှ သားကောင် ၂၀၀၀ နီးပါးကို ပစ်မှတ်ထားခဲ့ပြီးနောက် အွန်လိုင်း လိင်ပိုင်းဆိုင်ရာပြစ်မှု ၁၅၈ ခု ကျူးလွန်ခဲ့ကြောင်း ဝန်ခံခဲ့သည်။
ဗုဒ္ဓဟူးနေ့တွင်၊ Elahi အား တရားသူကြီးမှ ‘ဒုစရိုက်’၊ ‘ရွံရှာဖွယ်’ နှင့် ‘ယုတ်မာသော’ ဟူသော အမှုဖြင့်စွဲချက်တင်လိုက်သည်။

သူ့ပစ္စည်းရောင်းချမှုကနေ Amazon လက်ဆောင်ကတ်တွေထဲမှ ပိုက်ဆံတွေကို ခဝါချပြီး ငွေသားနဲ့ ထုတ်ယူနိုင်ပြီး လိုအပ်သည့်ပစ္စည်းတွေကို ဝယ်ယူခဲ့တယ်။ Abdul Elahi (ပုံပါ) အသက် ၂၆ နှစ်သည် တိုင်ကြားသူ ၇၂ ဦးအပေါ် စွဲဆိုထားသည့် စွဲချက် ၁၅၈ ခုကို ဝန်ခံပြီးနောက် နိုင်ငံပေါင်း ၃၄ နိုင်ငံမှ ကမ္ဘာတစ်ဝှမ်းရှိ သားကောင်များကို အမြတ်ထုတ်ရန် ကြိုးပမ်းခဲ့သည်ဟု ယုံကြည်ရပြီး ယနေ့တွင် ထောင်ဒဏ် ၃၂ နှစ် ချမှတ်ခံခဲ့ရသည်။

Translate by Wint Phue Aung

Zawgyi Version







Leave a Reply

Your email address will not be published. Required fields are marked *