Shwe Pann Thee Global News လူယုတ်မာရည်းစားနဲ့ ရခဲ့တဲ့ကိုယ်ဝန်ကို လက်မခံနိုင်လို့ အသက် ၁၉ နှစ်အရွယ် ကိုယ်ဝန်ဆောင်သမီးအား အိမ်ကနှင်ထုတ်လိုက်တဲ့ဖခင်

လူယုတ်မာရည်းစားနဲ့ ရခဲ့တဲ့ကိုယ်ဝန်ကို လက်မခံနိုင်လို့ အသက် ၁၉ နှစ်အရွယ် ကိုယ်ဝန်ဆောင်သမီးအား အိမ်ကနှင်ထုတ်လိုက်တဲ့ဖခင်



လူယုတ်မာရည်းစားနဲ့ ရခဲ့တဲ့ကိုယ်ဝန်ကို လက်မခံနိုင်လို့ အသက် ၁၉ နှစ်အရွယ် ကိုယ်ဝန်ဆောင်သမီးအား အိမ်ကနှင်ထုတ်လိုက်တဲ့ဖခင်

မိဘအများစုက သားသမီးတွေကို ထောက်ပံ့ဖို့ ဘာမဆိုလုပ်မယ်လို့ တွေးထားပေမယ့် အဲဒါက ဘယ်လောက်အထိ သွားသင့်သလဲဆိုတာပေါ် မူတည်နေပါတယ်။ မကြာသေးမီက ဖခင်တစ်ဦးဟာ 19 နှစ်အရွယ်သမီးဖြစ်သူအား သူမ၏ လူယုတ်မာရည်းစားနှင့် ကိုယ်ဝန်ရှိနေသည်ကို သိရှိသွားခဲ့သည်။

ဖခင်ဖြစ်သူက သူ့သမီးအား ရည်းစားကိုထားခဲ့မလား ဒါမှမဟုတ် မိသားစုကိုထားပြီး အိမ်ကနေထွက်သွားမလား ဆိုတာရာဇသံပေးခဲ့ဖူးကြောင်း ပြောပြပြီး အခုချိန်ထိ သူ့သမီးက ရည်းစားကိုထားခဲ့ဖို့ ရွေးချယ်မယ်လို့ ယုံကြည်နေခဲ့ပါတယ်။ ဒါပေမဲ့ အခုချိန်မှာတော့ သူ့သမီးက ကိုယ်ဝန်သုံးလရှိနေတဲ့အကြောင်းကို သူ့မိသားစုမသိအောင် ဖုံးကွယ်ထားခဲ့ပါတယ်။

“သူမဟာ ငိုကြွေးရင်း ဘယ်လောက်တောင် ဝမ်းနည်းမိကြောင်း ပြောပြပြီး ဒါဟာ ကြီးမားတဲ့ အမှားကြီးတစ်ခုပါပဲ” လို့ ပြောခဲ့ပါတယ်။ “ဒီအိမ်မှာနေဖို့ တစ်ခုတည်းသော နည်းလမ်းက ကလေးရဲ့ဘဝလည်း မနစ်မွန်းရအောင် မွေးစားဖို့‌ပေးပစ်လိုက်ပါ” ဟု ဖခင်က Reddit ၏ AITA ဖိုရမ်တွင် ရေးသားခဲ့သည်။

“သူမက ကျွန်တော်တို့ကို ပြုစုစောင့်ရှောက်ပေးဖို့ တောင်းဆိုပေမယ့် သူ့ရည်းစားနဲ့လိုက်သွားပြီး ဒီကိစ္စကို လနဲ့ချီလိမ်ညာထားကြောင်း သိလိုက်ရတော့ သူမကို ယုံကြည်ဖို့ ခက်ခဲ့တယ်” ဟုဆိုသည်။ ဖခင်က မမွေးသေးတဲ့ကလေးကို စွန့်လွှတ်ဖို့ ငြင်းဆိုတဲ့ သမီးဖြစ်သူကို မိသားစုအိမ်ကနေ နှင်ထုတ်ခဲ့တာကြောင့် အခုချိန်မှာ သူမဟာ သူငယ်ချင်းတစ်ယောက်နဲ့ အတူနေလျက်ရှိသည်။

အခြားသူများက ကလေးယူရန် ငယ်သေးသည်ဟု ဆိုသောဖခင်ကို ပြစ်တင်ဝေဖန်ကြပြီး တစ်ချိန်တည်းမှာပင် သူမအား မိဘအိမ်မှာမနေရပေမဲ့ ကလေးငယ်ကို ကိုယ်တိုင်ပြုစုစောင့်ရှောက်ရန် အသက်ပြည့်ပြီဟု ဆိုကြသည်။

Translate by Anne

Zawgyi Version

လူယုတ္မာရည္းစားနဲ႔ ရခဲ့တဲ့ကိုယ္ဝန္ကို လက္မခံႏိုင္လို႔ အသက္ ၁၉ ႏွစ္အ႐ြယ္ ကိုယ္ဝန္ေဆာင္သမီးအား အိမ္ကႏွင္ထုတ္လိုက္တဲ့ဖခင္

မိဘအမ်ားစုက သားသမီးေတြကို ေထာက္ပံ့ဖို႔ ဘာမဆိုလုပ္မယ္လို႔ ေတြးထားေပမယ့္ အဲဒါက ဘယ္ေလာက္အထိ သြားသင့္သလဲဆိုတာေပၚ မူတည္ေနပါတယ္။ မၾကာေသးမီက ဖခင္တစ္ဦးဟာ 19 ႏွစ္အ႐ြယ္သမီးျဖစ္သူအား သူမ၏ လူယုတ္မာရည္းစားႏွင့္ ကိုယ္ဝန္ရွိေနသည္ကို သိရွိသြားခဲ့သည္။

ဖခင္ျဖစ္သူက သူ႔သမီးအား ရည္းစားကိုထားခဲ့မလား ဒါမွမဟုတ္ မိသားစုကိုထားၿပီး အိမ္ကေနထြက္သြားမလား ဆိုတာရာဇသံေပးခဲ့ဖူးေၾကာင္း ေျပာျပၿပီး အခုခ်ိန္ထိ သူ႔သမီးက ရည္းစားကိုထားခဲ့ဖို႔ ေ႐ြးခ်ယ္မယ္လို႔ ယုံၾကည္ေနခဲ့ပါတယ္။ ဒါေပမဲ့ အခုခ်ိန္မွာေတာ့ သူ႔သမီးက ကိုယ္ဝန္သုံးလရွိေနတဲ့အေၾကာင္းကို သူ႔မိသားစုမသိေအာင္ ဖုံးကြယ္ထားခဲ့ပါတယ္။

“သူမဟာ ငိုေႂကြးရင္း ဘယ္ေလာက္ေတာင္ ဝမ္းနည္းမိေၾကာင္း ေျပာျပၿပီး ဒါဟာ ႀကီးမားတဲ့ အမွားႀကီးတစ္ခုပါပဲ” လို႔ ေျပာခဲ့ပါတယ္။ “ဒီအိမ္မွာေနဖို႔ တစ္ခုတည္းေသာ နည္းလမ္းက ကေလးရဲ႕ဘဝလည္း မနစ္မြန္းရေအာင္ ေမြးစားဖို႔‌ေပးပစ္လိုက္ပါ” ဟု ဖခင္က Reddit ၏ AITA ဖိုရမ္တြင္ ေရးသားခဲ့သည္။

“သူမက ကြၽန္ေတာ္တို႔ကို ျပဳစုေစာင့္ေရွာက္ေပးဖို႔ ေတာင္းဆိုေပမယ့္ သူ႔ရည္းစားနဲ႔လိုက္သြားၿပီး ဒီကိစၥကို လနဲ႔ခ်ီလိမ္ညာထားေၾကာင္း သိလိုက္ရေတာ့ သူမကို ယုံၾကည္ဖို႔ ခက္ခဲ့တယ္” ဟုဆိုသည္။ ဖခင္က မေမြးေသးတဲ့ကေလးကို စြန႔္လႊတ္ဖို႔ ျငင္းဆိုတဲ့ သမီးျဖစ္သူကို မိသားစုအိမ္ကေန ႏွင္ထုတ္ခဲ့တာေၾကာင့္ အခုခ်ိန္မွာ သူမဟာ သူငယ္ခ်င္းတစ္ေယာက္နဲ႔ အတူေနလ်က္ရွိသည္။

အျခားသူမ်ားက ကေလးယူရန္ ငယ္ေသးသည္ဟု ဆိုေသာဖခင္ကို ျပစ္တင္ေဝဖန္ၾကၿပီး တစ္ခ်ိန္တည္းမွာပင္ သူမအား မိဘအိမ္မွာမေနရေပမဲ့ ကေလးငယ္ကို ကိုယ္တိုင္ျပဳစုေစာင့္ေရွာက္ရန္ အသက္ျပည့္ၿပီဟု ဆိုၾကသည္။

Leave a Reply

Your email address will not be published. Required fields are marked *