Shwe Pann Thee Love အချစ်ထက် ငွေကို ရွေးချယ်သူများအတွက် အထူးသတိပေးအကြံပြုချက်

အချစ်ထက် ငွေကို ရွေးချယ်သူများအတွက် အထူးသတိပေးအကြံပြုချက်



အချစ်ထက် ငွေကို ရွေးချယ်သူများအတွက် အထူးသတိပေးအကြံပြုချက်

သင့်ကိုယ်သင်မေးပါ…
မထင်မှတ်ဘဲ အချစ်နဲ့ငွေ နှစ်ခုထဲက တစ်ခုခုကို ရွေးချယ်မှဖြစ်တော့မယ့် အခြေအနေကို ကြုံလာတဲ့အခါ ဘယ်လိုဆုံးဖြတ်မလဲ။ သင့်ရဲ့ လက်ရှိရွေးချယ်လိုက်တဲ့အပေါ် နောင်တမရမှာ သေချာလား။

သင် ငွေကို ရွေးချယ်ချင်တာနဲ့ပဲ သင့်မိသားစုနှင့် အတူရှိနေနိုင်သည့်တန်ဖိုးရှိသောအချိန်တွေကို လစ်လျူရှုခြင်းက သင့်အတွက် ပိုအဓိပ္ပာယ်ရှိသွားစေသလား။ ဒါမှမဟုတ် သင်က မိသားစုနဲ့အတူမနေဘဲ အချိန်ပိုဆင်းလိုက်လို့ ရရှိလာတဲ့ သင့်ဘဏ်အကောင့်ထဲရှိ အပိုငွေစက္ကူများက သင့်ရွေးချယ်မှုများကို မျှတစေပါသလား။

ဒါမှမဟုတ် သင်ရဲ့ရွေးချယ်လိုက်မှုကြောင့် သင်ချစ်ရတဲ့သူတွေနဲ့ ဝေးကွာသွားတဲ့အချိန်မှာ အဲဒီငွေစက္ကူတွေအပေါ် သင်နောင်တရမှာလား။ ဒါဟာ သင်အလုပ်မကြိုးစားဖို့ အကြံပြုတာမဟုတ်ပါ။ အလုပ်ကြိုးစားမှုနှင့် အချိန်တွေကို စနစ်တကျအသုံးချတတ်ခြင်းသည် သင့်အလုပ်၏ အချို့သောနေရာအဆင့်များတွင် အရေးပါသောလိုအပ်ချက်များဖြစ်သည်။

ဒါပေမဲ့ အခု မှန်ကန်တဲ့ ရွေးချယ်မှုကို သင် ရွေးချယ်နိုင်မယ့် သင့်တော်မျှတတဲ့နည်းလမ်းကို ရှာဖွေတာဟာ တစ်ချိန်ချိန်မှာ သင့်ကို စောင့်ကြိုနေတဲ့၊ ပြီးပြည့်စုံတဲ့ အနာဂတ်ကို ဖြစ်ပေါ်လာဖို့ တစ်ဖက်တစ်လမ်းက အထောက်အကူပေးနေမယ်လို့ ယုံကြည်ပါတယ်။

သင့်ရဲ့ဆုံးဖြတ်ချက်နဲ့ ရွေးချယ်မှုတွေကသာ အချစ်နဲ့ငွေကို မျှတစွာအချိန်ခွဲဝေခဲ့ရင် သင့်အတွက် ပိုကောင်းမွန်တဲ့ဆက်ဆံရေးတွေနှင့် လုပ်ငန်းဆိုင်ရာစီးပွားရေးများဖြစ်လာနိုင်ပါတယ်။ နောက်ဆုံးမှာချင်တာက သင်လုပ်ချင်တာကို အခုပဲ စလုပ်လိုက်ပါ။

Translate by Wint Phue Aung

Zawgyi Version

အခ်စ္ထက္ ေငြကို ေ႐ြးခ်ယ္သူမ်ားအတြက္ အထူးသတိေပးအႀကံျပဳခ်က္

သင့္ကိုယ္သင္ေမးပါ…
မထင္မွတ္ဘဲ အခ်စ္နဲ႔ေငြ ႏွစ္ခုထဲက တစ္ခုခုကို ေ႐ြးခ်ယ္မွျဖစ္ေတာ့မယ့္ အေျခအေနကို ႀကဳံလာတဲ့အခါ ဘယ္လိုဆုံးျဖတ္မလဲ။ သင့္ရဲ႕ လက္ရွိေ႐ြးခ်ယ္လိုက္တဲ့အေပၚ ေနာင္တမရမွာ ေသခ်ာလား။

သင္ ေငြကို ေ႐ြးခ်ယ္ခ်င္တာနဲ႔ပဲ သင့္မိသားစုႏွင့္ အတူရွိေနႏိုင္သည့္တန္ဖိုးရွိေသာအခ်ိန္ေတြကို လစ္လ်ဴရႈျခင္းက သင့္အတြက္ ပိုအဓိပၸာယ္ရွိသြားေစသလား။ ဒါမွမဟုတ္ သင္က မိသားစုနဲ႔အတူမေနဘဲ အခ်ိန္ပိုဆင္းလိုက္လို႔ ရရွိလာတဲ့ သင့္ဘဏ္အေကာင့္ထဲရွိ အပိုေငြစကၠဴမ်ားက သင့္ေ႐ြးခ်ယ္မႈမ်ားကို မွ်တေစပါသလား။

ဒါမွမဟုတ္ သင္ရဲ႕ေ႐ြးခ်ယ္လိုက္မႈေၾကာင့္ သင္ခ်စ္ရတဲ့သူေတြနဲ႔ ေဝးကြာသြားတဲ့အခ်ိန္မွာ အဲဒီေငြစကၠဴေတြအေပၚ သင္ေနာင္တရမွာလား။ ဒါဟာ သင္အလုပ္မႀကိဳးစားဖို႔ အႀကံျပဳတာမဟုတ္ပါ။ အလုပ္ႀကိဳးစားမႈႏွင့္ အခ်ိန္ေတြကို စနစ္တက်အသုံးခ်တတ္ျခင္းသည္ သင့္အလုပ္၏ အခ်ိဳ႕ေသာေနရာအဆင့္မ်ားတြင္ အေရးပါေသာလိုအပ္ခ်က္မ်ားျဖစ္သည္။

ဒါေပမဲ့ အခု မွန္ကန္တဲ့ ေ႐ြးခ်ယ္မႈကို သင္ ေ႐ြးခ်ယ္ႏိုင္မယ့္ သင့္ေတာ္မွ်တတဲ့နည္းလမ္းကို ရွာေဖြတာဟာ တစ္ခ်ိန္ခ်ိန္မွာ သင့္ကို ေစာင့္ႀကိဳေနတဲ့၊ ၿပီးျပည့္စုံတဲ့ အနာဂတ္ကို ျဖစ္ေပၚလာဖို႔ တစ္ဖက္တစ္လမ္းက အေထာက္အကူေပးေနမယ္လို႔ ယုံၾကည္ပါတယ္။

သင့္ရဲ႕ဆုံးျဖတ္ခ်က္နဲ႔ ေ႐ြးခ်ယ္မႈေတြကသာ အခ်စ္နဲ႔ေငြကို မွ်တစြာအခ်ိန္ခြဲေဝခဲ့ရင္ သင့္အတြက္ ပိုေကာင္းမြန္တဲ့ဆက္ဆံေရးေတြႏွင့္ လုပ္ငန္းဆိုင္ရာစီးပြားေရးမ်ားျဖစ္လာႏိုင္ပါတယ္။ ေနာက္ဆုံးမွာခ်င္တာက သင္လုပ္ခ်င္တာကို အခုပဲ စလုပ္လိုက္ပါ။

Leave a Reply

Your email address will not be published. Required fields are marked *