Shwe Pann Thee Knowledge ဓာတ်ခွဲခန်းအသားတု ထုတ်လုပ်ခြင်းနဲ့ ပတ်သက်ပြီး သိကောင်းစရာများ

ဓာတ်ခွဲခန်းအသားတု ထုတ်လုပ်ခြင်းနဲ့ ပတ်သက်ပြီး သိကောင်းစရာများ



ဓာတ်ခွဲခန်းအသားအငြင်းအခုန်

ဓာတ်ခွဲခန်းအသားတု ထုတ်လုပ်ခြင်းဟာ ကောင်းတာ၊ ဆိုးတာတွေရောပြွန်းနေတာမို့ ဆက်လက်စောင့်ကြည့်ဖို့လိုပါတယ်။

နွားမွေးဘို့ ဘရာဇီးမှာလို သစ်တောတွေရှင်းလင်းစရာမလိုတဲ့အတွက် သစ်တောပြုန်းတီးမှုမဖြစ်ဘူး၊ ပုံမှန်နွားမွေးမြူရေးက ရေအသုံးများပြီးအမဲသားတစ်ကီလိုရဖို့ ရေ၂၅၀၀ ဂါလံအသုံးပြုရတာမို့ ဓာတ်ခွဲခန်းအသားက ရေချွေတာရာရောက်တယ်လို့ပြောကြပါတယ် ။ နွားချေးကနေ ကမ္ဘာကြီးပူနွေးစေတဲ့ဓာတ်ငွေ့ထွက်တဲ့ပြဿနာလဲမရှိဘူးပေါ့။

ဒါပေမဲ့ ဓာတ်ခွဲခန်းအသားက ခုမှ စမ်းထုတ်ခါစရှိသေးတာမို့ စွမ်းအင်အသုံးပြုမှု၊ ရေအသုံးပြုမှု၊ Green House Gases ထွက်ရှိမှု တွေ လက်တွေ့ အမှန်တကယ်စီးပွားဖြစ် ထုတ်လုပ်တဲ့အခါ သမရိုးကျ တိရစ္ဆာန်မွေးမြူရေးနှင့်ယှဉ်ရင်သက်သာမသာဆိုတာ အတိအကျပြောလို့မရသေးပါဘူး။

လက်ရှိ theoretical life cycle assessment တွက်ချက်မှုအရ အစစအရာရာမှာ သက်သာပေမဲ့ အမှန်တကယ် အမြောက်အများထုတ်လုပ်တဲ့အခါမှာ သက်သာမသာက လေ့လာဖို့လိုနေပါသေးတယ်။ မြေအသုံးချမှုနဲ့ပတ်သက်ရင် အငြင်းပွားဖွယ်ရာမရှိ အထူးသက်သာမှာဖြစ်ပေမဲ့ ဓာတ်ခွဲခန်းကထွက်ရှိမဲ့ ပတ်ဝန်းကျင်ညစ်ညမ်းစေမဲ့ ဓာတ်ပစ္စည်း တွေက များပြားနိုင်ပါသေးတယ်။

ကျန်းမာရေးအနေနဲ့ကတော့ ဓာတ်ခွဲခန်းမှာ GMO သုံးမသုံး အပေါ်မူတည်ပါတယ်။ နွားရဲ ပင်မဆဲလ်ကို ယူပြီး ဓာတ်ခွဲခန်းထဲမှာ ပွားများယူပြီး muscle အမဲသား တွေ ထုတ်ယူတဲ့နည်းစဉ်မှာ မျိုးရိုးဗီဇပြုပြင်ထားတဲ့ ဟော်မုန်းတွေအသုံးပြုပြီး ထုတ်ယူရင် ပိုမိုအမြောက်အများထုတ်ယူနိုင်ပြီး စီးပွားရေးအလွန်တွက်ချေကိုက်တာမို့ ဓာတ်ခွဲခန်းတွေက GMO သုံးမသုံး သေသေချာချာ အာမခံပေးဖို့လိုနေတာတော့အမှန်ပဲဖြစ်ပါတယ်။

GMO မသုံးပဲ အသားတု ထုတ်နိုင်ပေမဲ့ အမြတ်လိုချင်လို့ လုပ်တယ်ဆိုမှတော့ အမြတ်များမဲ့ GMO မသုံးစွဲပါဘူးဆိုတဲ့အချက်ဟာ ယုံရခက်ခက် ဖြစ်စေတာအမှန်ပါပဲ။ GMO သုံးခဲ့ရင်တော့ GMO နဲ့ ပတ်သက်ပြီး လက်ရှိအထိအငြင်းပွားနေတဲ့ ကျန်းမာရေးဆိုင်ရာပြဿနာတွေနဲ့ သဘာဝဂေဟစနစ်ပျက်ယွင်းစေမှု ပြဿနာတွေ တနွယ်ငင်တစင်ပါနေတာမို့ ဓာတ်ခွဲခန်းအသားတု ထုတ်လုပ်မှုဟာ environmental friendly လို့ပြောမရပါ။

Ethic ကျင့်ဝတ်ပိုင်းဆိုင်ရာမှာလည်းစဉ်းစားစရာတွေရှိပါတယ်။ အပြုသဘောဖက်မှာတော့ ကျွဲနွားတွေ သတ်စရာမလိုပဲ အမဲသားထုတ်လုပ်နိုင်တာမို့ animal rights တိရစ္ဆာန်များရဲ့ အခွင့်အရေးဆောင်ရွက်သူများအတွက်တော့ ဓာတ်ခွဲခန်းအသားတု ထုတ်လုပ်ခြင်းက နှစ်သက်သဘောကျစရာရှိပါတယ်။ သို့သော် တချို့ထုတ်လုပ်သူတွေက plant based meat အပင်ကိုအခြေပြုသတ်သတ်လွတ်အစားအစာလို့ ပြောရောင်းတဲ့ ကိစ္စကတော့ အငြင်းပွားဖွယ်ရာဖြစ်ပါတယ်။ ထုတ်လုပ်မှုနည်းစဉ်မှာ တိရစ္ဆာန်ရဲ့ သွေးသားရည်ကြည်ဓာတ်ပါနေသေးတာမို့ အသက်လွတ်တော့မဟုတ်ပါ။

တဖက်ကကြည့်ရင်လည်း သတ်သတ်လွတ်စားတယ်ဆိုကတည်းက မိမိရဲ့ အစားတဏှာရာဂကို ချိုးနှိမ်ပြီး သတ္တဝါတွေအပေါ်မေတ္တာစိတ်ထား ကာ စားသုံးတာမျိုး ကျင်ကြံတာဆိုရင် အသားဓာတ်ကိုတတ်မက်မှု အသားတုကို စားတာမျိုးဖြစ်နေရင် မူလရည်ရွယ်ချက်အတိုင်း မစင်ကျယ်နိုင်ပါ။ ဒါတွေကအငြင်းပွားစရာရှိနေတာမို့ ကျင့်ဝတ်ပိုင်းမှာလည်း အငြင်းပွားဖွယ်ရာမရှိ မှန်မှန်ကန်ကန်သတင်းအချက်အလက်ပေးပြီး ရောင်းချဘို့ လိုအပ်ပါတယ်။ စားသုံးသူကသာ မိမိရဲ့ စိတ်ဆန္ဒအတိုင်း ကျင့်စဉ်အတိုင်း ရွေးချယ်စားသုံးဖို့ပါ။ သတ်သတ်လွတ်ဆိုပြီး misleading မဖြစ်စေဘို့ပါပဲ။

ဒါဆိုရင် ဓာတ်ခွဲခန်းအသားတု ထုတ်လုပ်ခြင်းနဲ့ ပတ်သက်ပြီး သိကောင်းစရာ အချက်တွေ ရရှိမယ်ထင်ပါတယ်။

Credit-Win Myo Thu

Zawgyi Version

ဓာတ္ခြဲခန္းအသားအျငင္းအခုန္

ဓာတ္ခြဲခန္းအသားတု ထုတ္လုပ္ျခင္းဟာ ေကာင္းတာ၊ ဆိုးတာေတြေရာႁပြန္းေနတာမို႔ ဆက္လက္ေစာင့္ၾကည့္ဖို႔လိုပါတယ္။

ႏြားေမြးဘို႔ ဘရာဇီးမွာလို သစ္ေတာေတြရွင္းလင္းစရာမလိုတဲ့အတြက္ သစ္ေတာျပဳန္းတီးမႈမျဖစ္ဘူး၊ ပုံမွန္ႏြားေမြးျမဴေရးက ေရအသုံးမ်ားၿပီးအမဲသားတစ္ကီလိုရဖို႔ ေရ၂၅၀၀ ဂါလံအသုံးျပဳရတာမို႔ ဓာတ္ခြဲခန္းအသားက ေရေခြၽတာရာေရာက္တယ္လို႔ေျပာၾကပါတယ္ ။ ႏြားေခ်းကေန ကမာၻႀကီးပူေႏြးေစတဲ့ဓာတ္ေငြ႕ထြက္တဲ့ျပႆနာလဲမရွိဘူးေပါ့။

ဒါေပမဲ့ ဓာတ္ခြဲခန္းအသားက ခုမွ စမ္းထုတ္ခါစရွိေသးတာမို႔ စြမ္းအင္အသုံးျပဳမႈ၊ ေရအသုံးျပဳမႈ၊ Green House Gases ထြက္ရွိမႈ ေတြ လက္ေတြ႕ အမွန္တကယ္စီးပြားျဖစ္ ထုတ္လုပ္တဲ့အခါ သမ႐ိုးက် တိရစာၦန္ေမြးျမဴေရးႏွင့္ယွဥ္ရင္သက္သာမသာဆိုတာ အတိအက်ေျပာလို႔မရေသးပါဘူး။

လက္ရွိ theoretical life cycle assessment တြက္ခ်က္မႈအရ အစစအရာရာမွာ သက္သာေပမဲ့ အမွန္တကယ္ အေျမာက္အမ်ားထုတ္လုပ္တဲ့အခါမွာ သက္သာမသာက ေလ့လာဖို႔လိုေနပါေသးတယ္။ ေျမအသုံးခ်မႈနဲ႔ပတ္သက္ရင္ အျငင္းပြားဖြယ္ရာမရွိ အထူးသက္သာမွာျဖစ္ေပမဲ့ ဓာတ္ခြဲခန္းကထြက္ရွိမဲ့ ပတ္ဝန္းက်င္ညစ္ညမ္းေစမဲ့ ဓာတ္ပစၥည္း ေတြက မ်ားျပားႏိုင္ပါေသးတယ္။

က်န္းမာေရးအေနနဲ႔ကေတာ့ ဓာတ္ခြဲခန္းမွာ GMO သုံးမသုံး အေပၚမူတည္ပါတယ္။ ႏြားရဲ ပင္မဆဲလ္ကို ယူၿပီး ဓာတ္ခြဲခန္းထဲမွာ ပြားမ်ားယူၿပီး muscle အမဲသား ေတြ ထုတ္ယူတဲ့နည္းစဥ္မွာ မ်ိဳး႐ိုးဗီဇျပဳျပင္ထားတဲ့ ေဟာ္မုန္းေတြအသုံးျပဳၿပီး ထုတ္ယူရင္ ပိုမိုအေျမာက္အမ်ားထုတ္ယူႏိုင္ၿပီး စီးပြားေရးအလြန္တြက္ေခ်ကိုက္တာမို႔ ဓာတ္ခြဲခန္းေတြက GMO သုံးမသုံး ေသေသခ်ာခ်ာ အာမခံေပးဖို႔လိုေနတာေတာ့အမွန္ပဲျဖစ္ပါတယ္။

GMO မသုံးပဲ အသားတု ထုတ္ႏိုင္ေပမဲ့ အျမတ္လိုခ်င္လို႔ လုပ္တယ္ဆိုမွေတာ့ အျမတ္မ်ားမဲ့ GMO မသုံးစြဲပါဘူးဆိုတဲ့အခ်က္ဟာ ယုံရခက္ခက္ ျဖစ္ေစတာအမွန္ပါပဲ။ GMO သုံးခဲ့ရင္ေတာ့ GMO နဲ႔ ပတ္သက္ၿပီး လက္ရွိအထိအျငင္းပြားေနတဲ့ က်န္းမာေရးဆိုင္ရာျပႆနာေတြနဲ႔ သဘာဝေဂဟစနစ္ပ်က္ယြင္းေစမႈ ျပႆနာေတြ တႏြယ္ငင္တစင္ပါေနတာမို႔ ဓာတ္ခြဲခန္းအသားတု ထုတ္လုပ္မႈဟာ environmental friendly လို႔ေျပာမရပါ။

Ethic က်င့္ဝတ္ပိုင္းဆိုင္ရာမွာလည္းစဥ္းစားစရာေတြရွိပါတယ္။ အျပဳသေဘာဖက္မွာေတာ့ ကြၽဲႏြားေတြ သတ္စရာမလိုပဲ အမဲသားထုတ္လုပ္ႏိုင္တာမို႔ animal rights တိရစာၦန္မ်ားရဲ႕ အခြင့္အေရးေဆာင္႐ြက္သူမ်ားအတြက္ေတာ့ ဓာတ္ခြဲခန္းအသားတု ထုတ္လုပ္ျခင္းက ႏွစ္သက္သေဘာက်စရာရွိပါတယ္။ သို႔ေသာ္ တခ်ိဳ႕ထုတ္လုပ္သူေတြက plant based meat အပင္ကိုအေျချပဳသတ္သတ္လြတ္အစားအစာလို႔ ေျပာေရာင္းတဲ့ ကိစၥကေတာ့ အျငင္းပြားဖြယ္ရာျဖစ္ပါတယ္။ ထုတ္လုပ္မႈနည္းစဥ္မွာ တိရစာၦန္ရဲ႕ ေသြးသားရည္ၾကည္ဓာတ္ပါေနေသးတာမို႔ အသက္လြတ္ေတာ့မဟုတ္ပါ။

တဖက္ကၾကည့္ရင္လည္း သတ္သတ္လြတ္စားတယ္ဆိုကတည္းက မိမိရဲ႕ အစားတဏွာရာဂကို ခ်ိဳးႏွိမ္ၿပီး သတၱဝါေတြအေပၚေမတၱာစိတ္ထား ကာ စားသုံးတာမ်ိဳး က်င္ႀကံတာဆိုရင္ အသားဓာတ္ကိုတတ္မက္မႈ အသားတုကို စားတာမ်ိဳးျဖစ္ေနရင္ မူလရည္႐ြယ္ခ်က္အတိုင္း မစင္က်ယ္ႏိုင္ပါ။ ဒါေတြကအျငင္းပြားစရာရွိေနတာမို႔ က်င့္ဝတ္ပိုင္းမွာလည္း အျငင္းပြားဖြယ္ရာမရွိ မွန္မွန္ကန္ကန္သတင္းအခ်က္အလက္ေပးၿပီး ေရာင္းခ်ဘို႔ လိုအပ္ပါတယ္။ စားသုံးသူကသာ မိမိရဲ႕ စိတ္ဆႏၵအတိုင္း က်င့္စဥ္အတိုင္း ေ႐ြးခ်ယ္စားသုံးဖို႔ပါ။ သတ္သတ္လြတ္ဆိုၿပီး misleading မျဖစ္ေစဘို႔ပါပဲ။

ဒါဆိုရင္ ဓာတ္ခြဲခန္းအသားတု ထုတ္လုပ္ျခင္းနဲ႔ ပတ္သက္ၿပီး သိေကာင္းစရာ အခ်က္ေတြ ရရွိမယ္ထင္ပါတယ္။

Credit-Win Myo Thu

Leave a Reply

Your email address will not be published. Required fields are marked *