Shwe Pann Thee Global News နားမကြားပေမယ့် မော်ဒယ်လောကမှာ နေရာတစ်ခုရအောင် ယူနိုင်ခဲ့တဲ့ ဂျပန်မော်ဒယ်မလေး

နားမကြားပေမယ့် မော်ဒယ်လောကမှာ နေရာတစ်ခုရအောင် ယူနိုင်ခဲ့တဲ့ ဂျပန်မော်ဒယ်မလေး



ဂျပန်နိုင်ငံကမော်ဒယ်တော်တော်များများဟာအာရှမော်ဒယ်လောကမှာတော်တော်လေးကိုနာမည်ကြီးတဲ့မော်ဒယ်တွေအဖြစ်ကျော်ကြားပါတယ်။ အဓိကကတော့ အမြဲလိုလို သူတို့ရဲ့ ဓာတ်ပုံတွေကို ဆိုရှယ်မီဒီယာပေါ်မှာ တင်လေ့ရှိပြီး သူတို့ရဲ့ ဖြူစင်လှပတဲ့ မျက်နှာထားလေးတွေ၊ လှပတဲ့ ကိုယ်ဟတ်အနေအထားတွေကြောင့် တော်တော်လေးကို ရေပန်းစားလှပါတယ်။

ဒီနေ့မှာတော့ပရိသတ်ကြီးကိုပြောပြချင်တဲ့တာကတော့ဂျပန်မော်ဒယ်လ်လောကမှာနေရာတစ်ခုရနေပြီဖြစ်တဲ့ဂျပန်မော်ဒယ်မလေးတစ်ယောက်အကြောင်းပဲဖြစ်ပါတယ်။တစ်ခုထူးခြားတာကတော့အဆိုပါဂျပန်မော်ဒယ်မလေးဟာလုံးဝနားမကြားရတဲ့မော်ဒယ်မလေးတစ်ယောက်ဖြစ်ကြောင်း Asia One သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အပေါ်ကပုံမှာတွေ့ရတဲ့ဂျပန်မော်ဒယ်မလေးကတော့အသက်၂၀အရွယ်ရှိပြီဖြစ်တဲ့YurikaGazumaအမည်ရဂျပန်မော်ဒယ်မလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ Yurika ကို ၈ျပန်နိုင်ငံ၊ Chiba မြို့မှာ မွေးဖွားခဲ့တာဖြစ်ပြီး ကံမကောင်းတာတစ်ခုကတော့ Yurika ဟာ မွေးကတည်းက နားမကြားသူတစ်ယောက် ဖြစ်လာတာပါပဲ။

ဒီလိုနဲ့အသက်၃နှစ်အရွယ်ကတည်းကYurikaဟာအခြားသူတစ်ယောက်စကားပြောတဲ့သင်ခန်းစာတွေကိုသိနိုင်ဖို့အတွက်ငယ်စဉ်ကလေးဘဝကတည်းကvocalcordsတွေကိုလေ့လာသင်ကြားခဲ့ရတာပါ။ဒီလိုနဲ့ကျောင်းနေတဲ့အရွယ်ရောက်လာတဲ့အခါမှာလည်းအတန်းထဲမှာနားမကြားသူအဖြစ်ရွယ်တူကလေးတွေရဲ့လှောင်ပြောင်မှုတွေကိုခံခဲ့ရသလိုမကြာခဏသက်တူရွယ်တူတွေရဲ့အနိုင်ကျင့်မှုကိုလည်းခံခဲ့ရပါတယ်။

ဒီဒုက္ခတွေကိုခါးစည်းခံခဲ့ရပေမယ့်Yurikaတစ်ယောက်သူဖြစ်ချင်တဲ့အိပ်မက်တစ်ခုကိုလုံးဝမစွန့်လွှတ်ခဲ့ပါဘူး။အဲဒါကတော့အသက်ကြီးလာရင် မော်ဒယ်တစ်ယောက် ဖြစ်ချင်တာပါပဲ။Yurikaတစ်ယောက်မော်ဒယ်လောကထဲစဝင်ရောက်တဲ့အချိန်မှာတော့အခက်အခဲတွေရှိခဲ့ပေမယ့် လုံးဝလက်မလျှော့ခဲ့ပါဘူး။

သူမရဲ့အားလပ်ချိန်တွေမှာလည်းဘောလုံးကန်တာတို့၊ဘတ်စကတ်ဘောဆော့စားတာတို့ကိုလုပ်တဲ့အပြင်ထမင်းဟင်းချက်ရတာတော်တော်လေး ဝါသနာပါကြောင်း သိရပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီလိုမော်ဒယ်လောကထဲမှာ ဒီနေ့ဒီအချိန်အထိ နေရာတစ်ခုရအောင် ကြိုးစားခဲ့တဲ့ Yurika ရဲ့ အရည်အချင်းကတော့ တစ်ကယ့်ကို ချီးကျူးစရာပါပဲ။

Zawgyi Version

ဂ်ပန္ႏိုင္ငံကေမာ္ဒယ္ေတာ္ေတာ္မ်ားမ်ားဟာအာရွေမာ္ဒယ္ေလာကမွာေတာ္ေတာ္ေလးကိုနာမည္ႀကီးတဲ့ေမာ္ဒယ္ေတြအျဖစ္ေက်ာ္ၾကားပါတယ္။ အဓိကကေတာ့ အၿမဲလိုလို သူတို႔ရဲ႕ ဓာတ္ပုံေတြကို ဆိုရွယ္မီဒီယာေပၚမွာ တင္ေလ့ရွိၿပီး သူတို႔ရဲ႕ ျဖဴစင္လွပတဲ့ မ်က္ႏွာထားေလးေတြ၊ လွပတဲ့ ကိုယ္ဟတ္အေနအထားေတြေၾကာင့္ ေတာ္ေတာ္ေလးကို ေရပန္းစားလွပါတယ္။

ဒီေန႔မွာေတာ့ပရိသတ္ႀကီးကိုေျပာျပခ်င္တဲ့တာကေတာ့ဂ်ပန္ေမာ္ဒယ္လ္ေလာကမွာေနရာတစ္ခုရေနၿပီျဖစ္တဲ့ဂ်ပန္ေမာ္ဒယ္မေလးတစ္ေယာက္အေၾကာင္းပဲျဖစ္ပါတယ္။တစ္ခုထူးျခားတာကေတာ့အဆိုပါဂ်ပန္ေမာ္ဒယ္မေလးဟာလုံးဝနားမၾကားရတဲ့ေမာ္ဒယ္မေလးတစ္ေယာက္ျဖစ္ေၾကာင္း Asia One သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ သိရွိရပါတယ္။

အေပၚကပုံမွာေတြ႕ရတဲ့ဂ်ပန္ေမာ္ဒယ္မေလးကေတာ့အသက္၂၀အ႐ြယ္ရွိၿပီျဖစ္တဲ့YurikaGazumaအမည္ရဂ်ပန္ေမာ္ဒယ္မေလးတစ္ေယာက္ပဲ ျဖစ္ပါတယ္။ Yurika ကို ၈်ပန္ႏိုင္ငံ၊ Chiba ၿမိဳ႕မွာ ေမြးဖြားခဲ့တာျဖစ္ၿပီး ကံမေကာင္းတာတစ္ခုကေတာ့ Yurika ဟာ ေမြးကတည္းက နားမၾကားသူတစ္ေယာက္ ျဖစ္လာတာပါပဲ။

ဒီလိုနဲ႔အသက္၃ႏွစ္အ႐ြယ္ကတည္းကYurikaဟာအျခားသူတစ္ေယာက္စကားေျပာတဲ့သင္ခန္းစာေတြကိုသိႏိုင္ဖို႔အတြက္ငယ္စဥ္ကေလးဘဝကတည္းကvocalcordsေတြကိုေလ့လာသင္ၾကားခဲ့ရတာပါ။ဒီလိုနဲ႔ေက်ာင္းေနတဲ့အ႐ြယ္ေရာက္လာတဲ့အခါမွာလည္းအတန္းထဲမွာနားမၾကားသူအျဖစ္႐ြယ္တူကေလးေတြရဲ႕ေလွာင္ေျပာင္မႈေတြကိုခံခဲ့ရသလိုမၾကာခဏသက္တူ႐ြယ္တူေတြရဲ႕အႏိုင္က်င့္မႈကိုလည္းခံခဲ့ရပါတယ္။

ဒီဒုကၡေတြကိုခါးစည္းခံခဲ့ရေပမယ့္Yurikaတစ္ေယာက္သူျဖစ္ခ်င္တဲ့အိပ္မက္တစ္ခုကိုလုံးဝမစြန႔္လႊတ္ခဲ့ပါဘူး။အဲဒါကေတာ့အသက္ႀကီးလာရင္ ေမာ္ဒယ္တစ္ေယာက္ ျဖစ္ခ်င္တာပါပဲ။Yurikaတစ္ေယာက္ေမာ္ဒယ္ေလာကထဲစဝင္ေရာက္တဲ့အခ်ိန္မွာေတာ့အခက္အခဲေတြရွိခဲ့ေပမယ့္ လုံးဝလက္မေလွ်ာ့ခဲ့ပါဘူး။

သူမရဲ႕အားလပ္ခ်ိန္ေတြမွာလည္းေဘာလုံးကန္တာတို႔၊ဘတ္စကတ္ေဘာေဆာ့စားတာတို႔ကိုလုပ္တဲ့အျပင္ထမင္းဟင္းခ်က္ရတာေတာ္ေတာ္ေလး ဝါသနာပါေၾကာင္း သိရပါတယ္။ ဘာပဲျဖစ္ျဖစ္ ဒီလိုေမာ္ဒယ္ေလာကထဲမွာ ဒီေန႔ဒီအခ်ိန္အထိ ေနရာတစ္ခုရေအာင္ ႀကိဳးစားခဲ့တဲ့ Yurika ရဲ႕ အရည္အခ်င္းကေတာ့ တစ္ကယ့္ကို ခ်ီးက်ဴးစရာပါပဲ။

 

 

Leave a Reply

Your email address will not be published. Required fields are marked *