Shwe Pann Thee Global News အပျင်းထူလွန်းအားကြီးသွား၍ ရေတွင်းထဲထိ ပြုတ်ကျသွားခဲ့သော မျောက်ဝက်ဝံတစ်ကောင်အား စေတနာရှေ့ထားအိန္ဒိယရွာသားများဝိုင်းဝန်းကယ်ဆယ်ခဲ့ကြ

အပျင်းထူလွန်းအားကြီးသွား၍ ရေတွင်းထဲထိ ပြုတ်ကျသွားခဲ့သော မျောက်ဝက်ဝံတစ်ကောင်အား စေတနာရှေ့ထားအိန္ဒိယရွာသားများဝိုင်းဝန်းကယ်ဆယ်ခဲ့ကြ



အပျင်းထူလွန်းအားကြီးသွား၍ ရေတွင်းထဲထိ ပြုတ်ကျသွားခဲ့သော မျောက်ဝက်ဝံတစ်ကောင်အား စေတနာရှေ့ထားအိန္ဒိယရွာသားများဝိုင်းဝန်းကယ်ဆယ်ခဲ့ကြ

Odisha ၏ Angul ဧရိယာရှိ Jhintipal ရွာမှနေထိုင်သူများ၏အဆိုအရ ပျင်းရိလွန်းလို့ငပျင်းမျောက်ဝက်ဝံဟု အမည်ပေးထားသည့်မျောက်ဝက်ဝံအနွယ်ဝင်တစ်ကောင်သည် ရေတွင်းထဲသို့ ခြေလွတ်လက်လွတ်ပြုတ်ကျသွားခဲ့ကြောင်း ပြောကြားခဲ့သည်။

ဒေသခံတွေက Chhendipada သစ်တောကြိုးဝိုင်းနဲ့ တာဝန်ရှိသူတွေကို ဆက်သွယ်ခဲ့ပြီး ဝန်ထမ်းတွေက တိရစ္ဆာန်ကို ကယ်ဆယ်ဖို့ အစွမ်းကုန်ကြိုးစားခဲ့ကြောင်း ဘေးမှ ရိုက်ကူးထားသည့်ဗီဒိယိုထဲတွင် တွေ့နိုင်ပါသည်။

ကယ်ဆယ်ရေးဗီဒီယိုတစ်ခုတွင် သစ်တောအရာရှိများသည် ထိုမျောက်ဝက်ဝံအား ဘေးလွတ်ရာသို့ တက်နိုင်စေရန် သစ်သားလှေခါးကို ရေတွင်းထဲသို့ နှိမ့်ချထားသည်ကို ရိုက်ကူး၍ အများကြည့်ရှူနိုင်ရန်ပြသထားသည်။ ကယ်ဆယ်ပြီးနောက် ထိုမျောက်ဝက်ဝံငပျင်းအနွယ်ဝင်သည် အနီးနားရှိ တောအုပ်ထဲသို့ ထွက်ပြေးသွားခဲ့ကြောင်း မျက်မြင်သက်သေများက ပြောသည်။

အိန္ဒိယရွာသားများဖုန်းဆက် ဆက်သွယ်ခဲ့ကြသည့်အတွက်ကြောင့် တောရိုင်းတိရစ္ဆာန် အာဏာပိုင်များသည် ရေတွင်းထဲသို့ ပြုတ်ကျသွားခဲ့သော ပျင်းရိမျောက်ဝက်ဝံတစ်ကောင်ကို ကယ်ဆယ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

Translate by Wint Phue Aung

Zawgyi Version






Leave a Reply

Your email address will not be published. Required fields are marked *