Shwe Pann Thee Global News အရုပ်ထွန်စက်သေးသေးလေးနဲ့ ရွှံ့လမ်းမှာနစ်နေတဲ့ မြေတူးစက်ကို ဆွဲတင်ဖို့ ကြိုးစားနေတဲ့ ကလေးငယ်

အရုပ်ထွန်စက်သေးသေးလေးနဲ့ ရွှံ့လမ်းမှာနစ်နေတဲ့ မြေတူးစက်ကို ဆွဲတင်ဖို့ ကြိုးစားနေတဲ့ ကလေးငယ်



အရုပ်ထွန်စက်သေးသေးလေးနဲ့ ရွှံ့လမ်းမှာနစ်နေတဲ့ မြေတူးစက်ကို ဆွဲတင်ဖို့ ကြိုးစားနေတဲ့ ကလေးငယ်

Mahindra Group ဥက္ကဋ္ဌ Anand Mahindra သည် Twitter တွင် အတော်လေး တက်ကြွပြီး လူအများအတွက် ဟာသဉာဏ်ရွှင်စေမည့် tweet များကို မကြာခဏ မျှဝေလေ့ရှိသည်။ အခုလည်း အရုပ်ထွန်စက်သေးသေးလေးနဲ့ ရွှံ့လမ်းမှာ နစ်နေတဲ့ မြေတူးစက်ကို ဆွဲတင်ဖို့ ကြိုးစားနေတဲ့ ကလေးတစ်ယောက်ရဲ့ ချစ်စရာကောင်းတဲ့ ဗီဒီယိုဖိုင်ကို မျှဝေထားပါတယ်။

အိန္ဒိယစီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးက “ဒါက သင့်ကလေးရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို တည်ဆောက်ဖို့ ကောင်းမွန်တဲ့နည်းလမ်းပါ။ ဒါပေမယ့် မင်းတို့ထဲက တစ်ယောက်ယောက်က ငါတို့ရဲ့ မဟိန္ဒထွန်စက်နဲ့ စမ်းသုံးကြည့်မယ်ဆိုရင် ဒီမိဘလို ကလေးကို ဂရုတစိုက်ကြည့်နေဖို့မမေ့နဲ့နော်”ဟု ဆိုထားပါတယ်။

ဗီဒီယိုတွင် အရုပ်ထွန်စက်နှင့် မြေတူးစက်ကို ယာယီသုံးကြိုးဖြင့် ချိတ်ထားသည်ကို တွေ့မြင်နိုင်သည်။ ကလေးက မြေတူးစက်ကို ဆွဲတင်နိုင်ပြီအထင်နှင့် သူလုပ်သည့် အလုပ်ကို ကျေနပ်သဘောကျနေသည်။ မြေတူးစက်ကို မောင်းတင်နေသော အမျိုးသားကလည်း ကလေးကစားစရာ ထွန်စက်နောက်တွင် သူ၏ယာဉ်ကို ဖြည်းညှင်းစွာ အလိုက်သင့်ရွှေ့ပေးနေသည်။

ဒီဇင်ဘာ ၁၂ ရက်ကတင်ခဲ့သည့် ထိုဗီဒီယိုသည် ကြည့်ရှုသူ ၄ သိန်းနီးပါးရရှိခဲ့သည်။ ဗီဒီယိုကို လူအများက တုံ့ပြန်သည့်အနေဖြင့် မှတ်ချက်များပေးကြသည်။

Translate by Anne

Zawgyi Version






Leave a Reply

Your email address will not be published. Required fields are marked *