Shwe Pann Thee Global News အသက် ၇၀ ကျော်မှ အင်တာနက်ကျေးဇူးနဲ့ ပြန်ဆုံခဲ့ကြတဲ့ညီအစ်မနှစ်ယောက်က DNA စစ်ကြည့်ပြီးသွေးသားအရင်းတွေ ဖြစ်နေကြလို့ ပိုဝမ်းမြောက် (ရုပ်သံ)

အသက် ၇၀ ကျော်မှ အင်တာနက်ကျေးဇူးနဲ့ ပြန်ဆုံခဲ့ကြတဲ့ညီအစ်မနှစ်ယောက်က DNA စစ်ကြည့်ပြီးသွေးသားအရင်းတွေ ဖြစ်နေကြလို့ ပိုဝမ်းမြောက် (ရုပ်သံ)



အသက် ၇၀ ကျော်မှ အင်တာနက်ကျေးဇူးနဲ့ ပြန်ဆုံခဲ့ကြတဲ့ညီအစ်မနှစ်ယောက်က DNA စစ်ကြည့်ပြီးသွေးသားအရင်းတွေ ဖြစ်နေကြလို့ ပိုဝမ်းမြောက်

အသက် ၇၀ အရွယ်ရှိ ညီအစ်မနှစ်ယောက်သည် ဝဘ်ဆိုက်တစ်ခုမှ တစ်ဦး၏တည်ရှိမှုကို တစ်ဦး သိရှိသွားခဲ့ကြပြီးနောက် Denver တွင် အရွယ်ရောက်ပြီး ပထမဆုံးအကြိမ် ပြန်လည်တွေ့ဆုံနိုင်ခဲ့ကြသည်။

အသက် ၇၆ နှစ်အရွယ် Harriet Carter သည် Ancestry.com တွင် မကြာသေးမီကမှ စာရင်းသွင်းပြီး DNA စစ်ဆေးမှုများ ပြုလုပ်သောအခါတွင် သူမတွင် ညီမဖြစ်သူ Linda Hoffman အသက် 73 နှစ်အရွယ်ရှိနေတာကို သိရှိခဲ့ရသည်။

Hoffman ဟာ သူ့မိဘနှစ်ပါးစလုံးက သူတို့အသက် ၁၈ နှစ်တုန်းက မွေးခဲ့တဲ့ သူမ၏အစ်မတစ်ယောက်ရှိတယ်ဆိုတာ ဘယ်တုန်းကမှ မပြောခဲ့ဖူးဘူးလို့ Hoffman ကပြောပါတယ်။ “ငါတို့တွေ သွေးသားတော်စပ်နေတယ်လို့ ထင်တယ်” ဆိုတဲ့ Harriet ထံမှ မက်ဆေ့ချ်တစ်ခု ရခဲ့ကြောင်း Hoffman က KMGH-TV သို့ ပြောကြားခဲ့သည် ။

“ငါတို့တွေ အကြောင်း တိုက်ဆိုင်ခဲ့လို့သာ ဒီလိုပြန်ဆုံတွေ့ရတာ၊ ဒါပေမယ့် ငါတို့ရဲ့မိဘတွေက နင့်အကြောင်းကိုဘယ်တုန်းကမှ မပြောပြခဲ့ဘူး” ဟုပြန်တွေ့သည့်အချိန်မှာ ပြောဖြစ်ကြသည်။ ကပ်ရောဂါကာလအတွင်း ညီအစ်မများသည် ဖုန်းဖြင့် အချင်းချင်းအဆက်အသွယ်ရခဲ့ကြပြီး နောက်ဆုံးတွင် ယခုအပတ် Denver အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လူချင်းတွေ့ဆုံနိုင်ခဲ့ကြသည်။ “ငါ နင့်ကို စိုက်ကြည့်နေတာ မရပ်နိုင်ဘူး” ဟော့ဖ်မန်းက ကာတာသို့ ပြောကြားလိုက်သည်။

Translate by Wint Phue Aung

Zawgyi Version

အသက္ ၇၀ ေက်ာ္မွ အင္တာနက္ေက်းဇူးနဲ႔ ျပန္ဆုံခဲ့ၾကတဲ့ညီအစ္မႏွစ္ေယာက္က DNA စစ္ၾကည့္ၿပီးေသြးသားအရင္းေတြ ျဖစ္ေနၾကလို႔ ပိုဝမ္းေျမာက္

အသက္ ၇၀ အ႐ြယ္ရွိ ညီအစ္မႏွစ္ေယာက္သည္ ဝဘ္ဆိုက္တစ္ခုမွ တစ္ဦး၏တည္ရွိမႈကို တစ္ဦး သိရွိသြားခဲ့ၾကၿပီးေနာက္ Denver တြင္ အ႐ြယ္ေရာက္ၿပီး ပထမဆုံးအႀကိမ္ ျပန္လည္ေတြ႕ဆုံႏိုင္ခဲ့ၾကသည္။

အသက္ ၇၆ ႏွစ္အ႐ြယ္ Harriet Carter သည္ Ancestry.com တြင္ မၾကာေသးမီကမွ စာရင္းသြင္းၿပီး DNA စစ္ေဆးမႈမ်ား ျပဳလုပ္ေသာအခါတြင္ သူမတြင္ ညီမျဖစ္သူ Linda Hoffman အသက္ 73 ႏွစ္အ႐ြယ္ရွိေနတာကို သိရွိခဲ့ရသည္။

Hoffman ဟာ သူ႔မိဘႏွစ္ပါးစလုံးက သူတို႔အသက္ ၁၈ ႏွစ္တုန္းက ေမြးခဲ့တဲ့ သူမ၏အစ္မတစ္ေယာက္ရွိတယ္ဆိုတာ ဘယ္တုန္းကမွ မေျပာခဲ့ဖူးဘူးလို႔ Hoffman ကေျပာပါတယ္။ “ငါတို႔ေတြ ေသြးသားေတာ္စပ္ေနတယ္လို႔ ထင္တယ္” ဆိုတဲ့ Harriet ထံမွ မက္ေဆ့ခ်္တစ္ခု ရခဲ့ေၾကာင္း Hoffman က KMGH-TV သို႔ ေျပာၾကားခဲ့သည္ ။

“ငါတို႔ေတြ အေၾကာင္း တိုက္ဆိုင္ခဲ့လို႔သာ ဒီလိုျပန္ဆုံေတြ႕ရတာ၊ ဒါေပမယ့္ ငါတို႔ရဲ႕မိဘေတြက နင့္အေၾကာင္းကိုဘယ္တုန္းကမွ မေျပာျပခဲ့ဘူး” ဟုျပန္ေတြ႕သည့္အခ်ိန္မွာ ေျပာျဖစ္ၾကသည္။ ကပ္ေရာဂါကာလအတြင္း ညီအစ္မမ်ားသည္ ဖုန္းျဖင့္ အခ်င္းခ်င္းအဆက္အသြယ္ရခဲ့ၾကၿပီး ေနာက္ဆုံးတြင္ ယခုအပတ္ Denver အျပည္ျပည္ဆိုင္ရာေလဆိပ္တြင္ လူခ်င္းေတြ႕ဆုံႏိုင္ခဲ့ၾကသည္။ “ငါ နင့္ကို စိုက္ၾကည့္ေနတာ မရပ္ႏိုင္ဘူး” ေဟာ့ဖ္မန္းက ကာတာသို႔ ေျပာၾကားလိုက္သည္။

Leave a Reply

Your email address will not be published. Required fields are marked *