Shwe Pann Thee Global News ၂၀၀၈ ခုနှစ်နောက်ပိုင်း မွေးသူတွေ ရာသက်ပန် ဆေးလိပ်ဝယ်ယူခွင့်မရတော့တဲ့ ဥပဒေပြဌာန်းဖို့ ပြင်ဆင်နေတဲ့ နယူးဇီလန်

၂၀၀၈ ခုနှစ်နောက်ပိုင်း မွေးသူတွေ ရာသက်ပန် ဆေးလိပ်ဝယ်ယူခွင့်မရတော့တဲ့ ဥပဒေပြဌာန်းဖို့ ပြင်ဆင်နေတဲ့ နယူးဇီလန်



၂၀၀၈ ခုနှစ်နောက်ပိုင်း မွေးသူတွေ ရာသက်ပန် ဆေးလိပ်ဝယ်ယူခွင့်မရတော့တဲ့ ဥပဒေပြဌာန်းဖို့ နယူးဇီလန်ပြင်ဆင်နေ

နယူးဇီလန်နိုင်ငံရဲ့ အစိုးရအဖွဲ့ဟာ အသက် (၁၄)နှစ်နဲ့အောက် အရွယ်တွေ ကစပြီး သူတို့တစ်သက်တာ ဆေးလိပ် ဝယ်ယူလို့မရတဲ့ ဥပဒေသစ်ကို ပြဌာန်းဖို့ ပြင်ဆင်နေပါတယ်။

လက်ရှိမှာတော့ နယူးဇီလန်နိုင်ငံမှာ အသက် (၁၈) နှစ် မပြည့်သေးရင် ဆေးလိပ်ဝယ်ယူလို့မရဘူးဆိုတဲ့ စည်းမျဉ်းရှိထားခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ ဥပဒေသစ်က အသက်ဝင်လာမှာပါ။

ဒါပေမယ့် ဒီဥပဒေသစ်မှာ အသက် (၁၄)နှစ်နဲ့အောက် အသက်အရွယ်တွေဟာ သူတို့ရဲ့ ဘဝတစ်လျှောက်လုံး ဆေးလိပ်ဝယ်ယူခွင့်ရမှာ မဟုတ်ဘူးလို့ ပါရှိမှာပါ။ ၂၀၀၈ ခုနှစ်နောက်ပိုင်း မွေးသူတွေအနေနဲ့ ဆေးလိပ်ဝယ်ယူခွင့် လုံးဝ မရှိတော့ပဲ နိုင်ငံတွင်းမှာ ဆေးလိပ်သောက်သုံးသူတွေ တဖြည်းဖြည်းနဲ့ ပျောက်ကွယ်သွားစေဖို့အတွက် အစိုးရက ရည်ရွယ်ထားတာပါ။

ဒါဟာ အတည်မပြုရသေးတဲ့ ဥပဒေတစ်ရပ်အဖြစ်သာ လတ်တလော ရှိနေသေးပြီး ဦးဆုံးအနေနဲ့ စီးကရက် ရောင်းချနေတဲ့ စတိုးဆိုင်အရေအတွက်ကို လျော့ချဖို့ အစိုးရက လုပ်ဆောင်မှာပါ။

၂၀၂၇ ခုနှစ်မှာ ဆေးလိပ်ကင်းစင်တဲ့ မျိုးဆက်ကို တည်ဆောက်နိုင်ဖို့ နယူးဇီလန်က ကြိုးစားနေတာဖြစ်ပြီး ဥပဒေနဲ့ ပတ်သက်လို့ ဘယ်လိုအရေးယူရမယ်ဆိုတဲ့အချက်တွေကို ရဲတပ်ဖွဲ့က ရရှိထားခြင်း မရှိသေးပါဘူး။

ဒါက ပါလီမန်မှာ ရက်ပေါင်းများစွာ ဆွေးနွေးရမယ့် ကိစ္စတစ်ခုအဖြစ် ရှိနေမှာဖြစ်လို့ ရက်ပိုင်းအတွင်းမှာတော့ အဖြေထွက်လာမှာ မဟုတ်သေးပါဘူး။

နယူးဇီလန်ဟာ ဆေးလိပ်ရောင်းချခွင့် လုံးဝမရှိဘူးလို့ သတ်မှတ်လိုက်တဲ့ ပထမဆုံးနိုင်ငံတော့မဟုတ်ပါဘူး။ ဘူတန်နိုင်ငံဟာ ၂၀၁၀ ခုနှစ်တုန်းက စီးကရက် သောက်သုံးမှုနဲ့ ရောင်းချမှုတွေကို ပိတ်ပင်ခဲ့တဲ့နိုင်ငံ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အိန္ဒိယနိုင်ငံဖက်ကနေ မှောင်ခိုဝင်ရောက်လာတဲ့ ဆေးလိပ်မှောင်ခိုဈေးကွက်ကိုတော့ အခုထိ တားဆီးနိုင်ဖို့ ကြိုးစားနေရဆဲပါ။

Credit စံတော်ချိန်ဒစ်ဂျစ်တယ်

Zawgyi Version

၂၀၀၈ ခုႏွစ္ေနာက္ပိုင္း ေမြးသူေတြ ရာသက္ပန္ ေဆးလိပ္ဝယ္ယူခြင့္မရေတာ့တဲ့ ဥပေဒျပဌာန္းဖို႔ နယူးဇီလန္ျပင္ဆင္ေန

နယူးဇီလန္ႏိုင္ငံရဲ႕ အစိုးရအဖြဲ႕ဟာ အသက္ (၁၄)ႏွစ္နဲ႔ေအာက္ အ႐ြယ္ေတြ ကစၿပီး သူတို႔တစ္သက္တာ ေဆးလိပ္ ဝယ္ယူလို႔မရတဲ့ ဥပေဒသစ္ကို ျပဌာန္းဖို႔ ျပင္ဆင္ေနပါတယ္။

လက္ရွိမွာေတာ့ နယူးဇီလန္ႏိုင္ငံမွာ အသက္ (၁၈) ႏွစ္ မျပည့္ေသးရင္ ေဆးလိပ္ဝယ္ယူလို႔မရဘူးဆိုတဲ့ စည္းမ်ဥ္းရွိထားခဲ့ၿပီး ၂၀၂၂ ခုႏွစ္မွာ ဥပေဒသစ္က အသက္ဝင္လာမွာပါ။

ဒါေပမယ့္ ဒီဥပေဒသစ္မွာ အသက္ (၁၄)ႏွစ္နဲ႔ေအာက္ အသက္အ႐ြယ္ေတြဟာ သူတို႔ရဲ႕ ဘဝတစ္ေလွ်ာက္လုံး ေဆးလိပ္ဝယ္ယူခြင့္ရမွာ မဟုတ္ဘူးလို႔ ပါရွိမွာပါ။ ၂၀၀၈ ခုႏွစ္ေနာက္ပိုင္း ေမြးသူေတြအေနနဲ႔ ေဆးလိပ္ဝယ္ယူခြင့္ လုံးဝ မရွိေတာ့ပဲ ႏိုင္ငံတြင္းမွာ ေဆးလိပ္ေသာက္သုံးသူေတြ တျဖည္းျဖည္းနဲ႔ ေပ်ာက္ကြယ္သြားေစဖို႔အတြက္ အစိုးရက ရည္႐ြယ္ထားတာပါ။

ဒါဟာ အတည္မျပဳရေသးတဲ့ ဥပေဒတစ္ရပ္အျဖစ္သာ လတ္တေလာ ရွိေနေသးၿပီး ဦးဆုံးအေနနဲ႔ စီးကရက္ ေရာင္းခ်ေနတဲ့ စတိုးဆိုင္အေရအတြက္ကို ေလ်ာ့ခ်ဖို႔ အစိုးရက လုပ္ေဆာင္မွာပါ။

၂၀၂၇ ခုႏွစ္မွာ ေဆးလိပ္ကင္းစင္တဲ့ မ်ိဳးဆက္ကို တည္ေဆာက္ႏိုင္ဖို႔ နယူးဇီလန္က ႀကိဳးစားေနတာျဖစ္ၿပီး ဥပေဒနဲ႔ ပတ္သက္လို႔ ဘယ္လိုအေရးယူရမယ္ဆိုတဲ့အခ်က္ေတြကို ရဲတပ္ဖြဲ႕က ရရွိထားျခင္း မရွိေသးပါဘူး။

ဒါက ပါလီမန္မွာ ရက္ေပါင္းမ်ားစြာ ေဆြးေႏြးရမယ့္ ကိစၥတစ္ခုအျဖစ္ ရွိေနမွာျဖစ္လို႔ ရက္ပိုင္းအတြင္းမွာေတာ့ အေျဖထြက္လာမွာ မဟုတ္ေသးပါဘူး။

နယူးဇီလန္ဟာ ေဆးလိပ္ေရာင္းခ်ခြင့္ လုံးဝမရွိဘူးလို႔ သတ္မွတ္လိုက္တဲ့ ပထမဆုံးႏိုင္ငံေတာ့မဟုတ္ပါဘူး။ ဘူတန္ႏိုင္ငံဟာ ၂၀၁၀ ခုႏွစ္တုန္းက စီးကရက္ ေသာက္သုံးမႈနဲ႔ ေရာင္းခ်မႈေတြကို ပိတ္ပင္ခဲ့တဲ့ႏိုင္ငံ ျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္လည္း အိႏၵိယႏိုင္ငံဖက္ကေန ေမွာင္ခိုဝင္ေရာက္လာတဲ့ ေဆးလိပ္ေမွာင္ခိုေဈးကြက္ကိုေတာ့ အခုထိ တားဆီးႏိုင္ဖို႔ ႀကိဳးစားေနရဆဲပါ။

Leave a Reply

Your email address will not be published. Required fields are marked *