Shwe Pann Thee Global News ခွင့်တင်တဲ့စာမှာ ဇနီးသည်ရဲ့ ထောက်ခံချက်ကိုပါ ထည့်ရေးခိုင်းခဲ့တဲ့ ယာဉ်ထိန်းရဲ

ခွင့်တင်တဲ့စာမှာ ဇနီးသည်ရဲ့ ထောက်ခံချက်ကိုပါ ထည့်ရေးခိုင်းခဲ့တဲ့ ယာဉ်ထိန်းရဲ



လူတော်တော်များများဟာ ကိုယ်နေမကောင်းဖြစ်တဲ့ အခါမျိုးတွေ၊ သာရေးနာရေးကိစ္စတွေ ရှိတဲ့အခါမျိုးတွေ၊ ခရီးသွားလာစရာရှိတဲ့ အခါမျိုးတွေကျရင် လုပ်ငန်းခွင်ထဲမှာ ခွင့်တိုင်လေ့ရှိတတ်ပါတယ်။ အဲဒီလို ခွင့်တိုင်ရင် ကိုယ့်ရဲ့အထက်လူကြီးဆီကို တရားဝင်အသိပေးအကြောင်းစာ ပို့ရတာမျိုးတွေ ရှိတတ်ပါတယ်။ အဲဒီလို ခွင့်တိုင်စာပို့ရမယ်ဆိုရင်လည်း ကိုယ်က ခွင့်ယူမယ့်လူဆိုတော့ စကားကို အသနားခံစာ ပုံစံမျိုးလေးဖြစ်အောင် ရေးတတ်ရပါတယ်။ ဒါပေမယ့် အိန္ဒိယနိုင်ငံက ယာဉ်ထိန်းရဲတစ်ယောက်ကတော့ အဲဒီလို မဟုတ်ခဲ့ပါဘူး။ အဆိုပါ ယာဉ်ထိန်းရဲဟာ သူ့ရဲ့ယောက်ဖမင်္ဂလာဆောင်အတွက် အလုပ်ကနေ ခွင့်ယူဖို့ ခွင့်တင်တဲ့စာဟာ အိန္ဒိယနိုင်ငံက အွန်လိုင်းအသုံးပြုသူတွေကြား ရေပန်းစားနေခဲ့ကြောင်း storypick သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

အဆိုယာဉ်ထိန်းရဲကတော့ အိန္ဒိယနိုင်ငံ၊ Madhya Pradesh ပြည်နယ်ရှိ Bhopal မြို့မှ Dilip Kumar Ahiwar လို့ အမည်ရတဲ့ ယာဉ်ထိန်းရဲ တစ်ယောက်ပဲ ဖြစ်ပါတယ်။ Dilip ဟာ လာမယ့် ဒီဇင်ဘာလ ၁၁ ရက်နေ့ကနေ ၅ ရက်တိတိ ခွင့်ယူချင်ကြောင်း သူ့ရဲ့ အထက်လူကြီးဖြစ်သူဆီမှာ ဒီဇင်ဘာလ ၇ ရက်နေ့က ခွင့်စာတင်ခဲ့ပါတယ်။

သူ့ရဲ့ ခွင့်စာထဲမှာတော့ သူ့ယောက်ဖဖြစ်သူ မင်္ဂလာဆောင်တာကြောင့် အဆိုပါ ၅ ရက်ကို သူ့အနေနဲ့ မဖြစ်မနေ ခွင့်ယူချင်ကြောင်း၊ မဖြစ်မနေ ခွင့်ယူရတဲ့ အကြောင်းအရင်းကလည်း သူ့မိန်းမကြောင့်သာဖြစ်ကြောင်း၊ အဆိုပါ မင်္ဂလာပွဲကို တက်ဖို့အတွက် အလုပ်ကနေ သူ့မိန်းမက ခွင့်ယူခိုင်းတာဖြစ်ကြောင်း၊ အကယ်လို့ ခွင့်မပေးရင်တော့ ဖြစ်လာမယ့် အကျိုးဆက်တွေက သူ့အတါက်မကောင်းကြောင်း အစရှိသဖြင့် ခွင့်စာ ထဲမှာ ပါဝင်ခဲ့ပါတယ်။

အဆိုပါ ခွင့်စာဟာ ဆိုရှယ်မီဒီယာမှာ တော်တော်လေးပျံ့နှံ့ခဲ့ပြီး လူတော်တော်များများက Dilip ရဲက ခွင့်စာကို သဘောကျခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ အထက်လူကြီးတွေနဲ့ ဌာနကတော့ Dilip ရဲ့ ခွင့်စာကို သဘောမကျခဲ့ပါဘူး။ “ သူခွင့်ယူတာတွေက တော်တော်များနေပါပြီ။ ဒါက တစ်နှစ်ထဲမှာ ဘယ်နှစ်ကြိမ်မြောက်မှန်း ကျွန်တော်တို့တောင် မသိတော့ပါဘူး။ ပြီးခဲ့တဲ့ ၁၁ လလုံးလုံးမှာ သူ့မိန်းမနဲ့ ပတ်သတ်လို့ အကြောင်းအမျိုးမျိုးပြပြီး ခွင့်ယူတာ ၅၅ ရက် ရှိသွားခဲ့ပါပြီ။

ပြီးတော့ သူအခုတင်တဲ့ ခွင့်စာက အပြောင်အပျက်ပုံစံ ပြောထားသလိုပဲ။ ဒါအထက်လူကြီးကို လေးစားမှု မရှိတာလို့ ကျွန်တော်မြင်ပါတယ်။ အခုလည်းသူ့ရဲ့ခွင့်စာက မီဒီယာတွေဆီမှာ တော်တော်လေးပျံ့နှံ့ပြီး ဟာသကြီးတစ်ခုလိုဖြစ်နေပါတယ်။ ကျွန်တော်တို့အနေနဲ့ အရေးယူမှုတစ်ခုခုကို ဆက်လက်လုပ်ဆောင်သွားမှာပါ”လို့ Bhopal ရဲစခန်းရဲ့ အထွေထွေဒါရိုက်တာတစ်ဦးဖြစ်သူ Upendra Jain က ပြောကြားခဲ့ပါတယ်။

Credit dailyhotnewsmm

Zawgyi Version

လူေတာ္ေတာ္မ်ားမ်ားဟာ ကိုယ္ေနမေကာင္းျဖစ္တဲ့ အခါမ်ိဳးေတြ၊ သာေရးနာေရးကိစၥေတြ ရွိတဲ့အခါမ်ိဳးေတြ၊ ခရီးသြားလာစရာရွိတဲ့ အခါမ်ိဳးေတြက်ရင္ လုပ္ငန္းခြင္ထဲမွာ ခြင့္တိုင္ေလ့ရွိတတ္ပါတယ္။ အဲဒီလို ခြင့္တိုင္ရင္ ကိုယ့္ရဲ႕အထက္လူႀကီးဆီကို တရားဝင္အသိေပးအေၾကာင္းစာ ပို႔ရတာမ်ိဳးေတြ ရွိတတ္ပါတယ္။ အဲဒီလို ခြင့္တိုင္စာပို႔ရမယ္ဆိုရင္လည္း ကိုယ္က ခြင့္ယူမယ့္လူဆိုေတာ့ စကားကို အသနားခံစာ ပုံစံမ်ိဳးေလးျဖစ္ေအာင္ ေရးတတ္ရပါတယ္။ ဒါေပမယ့္ အိႏၵိယႏိုင္ငံက ယာဥ္ထိန္းရဲတစ္ေယာက္ကေတာ့ အဲဒီလို မဟုတ္ခဲ့ပါဘူး။ အဆိုပါ ယာဥ္ထိန္းရဲဟာ သူ႔ရဲ႕ေယာက္ဖမဂၤလာေဆာင္အတြက္ အလုပ္ကေန ခြင့္ယူဖို႔ ခြင့္တင္တဲ့စာဟာ အိႏၵိယႏိုင္ငံက အြန္လိုင္းအသုံးျပဳသူေတြၾကား ေရပန္းစားေနခဲ့ေၾကာင္း storypick သတင္းဌာနက ေဖာ္ျပခဲ့ပါတယ္။

အဆိုယာဥ္ထိန္းရဲကေတာ့ အိႏၵိယႏိုင္ငံ၊ Madhya Pradesh ျပည္နယ္ရွိ Bhopal ၿမိဳ႕မွ Dilip Kumar Ahiwar လို႔ အမည္ရတဲ့ ယာဥ္ထိန္းရဲ တစ္ေယာက္ပဲ ျဖစ္ပါတယ္။ Dilip ဟာ လာမယ့္ ဒီဇင္ဘာလ ၁၁ ရက္ေန႔ကေန ၅ ရက္တိတိ ခြင့္ယူခ်င္ေၾကာင္း သူ႔ရဲ႕ အထက္လူႀကီးျဖစ္သူဆီမွာ ဒီဇင္ဘာလ ၇ ရက္ေန႔က ခြင့္စာတင္ခဲ့ပါတယ္။

သူ႔ရဲ႕ ခြင့္စာထဲမွာေတာ့ သူ႔ေယာက္ဖျဖစ္သူ မဂၤလာေဆာင္တာေၾကာင့္ အဆိုပါ ၅ ရက္ကို သူ႔အေနနဲ႔ မျဖစ္မေန ခြင့္ယူခ်င္ေၾကာင္း၊ မျဖစ္မေန ခြင့္ယူရတဲ့ အေၾကာင္းအရင္းကလည္း သူ႔မိန္းမေၾကာင့္သာျဖစ္ေၾကာင္း၊ အဆိုပါ မဂၤလာပြဲကို တက္ဖို႔အတြက္ အလုပ္ကေန သူ႔မိန္းမက ခြင့္ယူခိုင္းတာျဖစ္ေၾကာင္း၊ အကယ္လို႔ ခြင့္မေပးရင္ေတာ့ ျဖစ္လာမယ့္ အက်ိဳးဆက္ေတြက သူ႔အတါက္မေကာင္းေၾကာင္း အစရွိသျဖင့္ ခြင့္စာ ထဲမွာ ပါဝင္ခဲ့ပါတယ္။

 

အဆိုပါ ခြင့္စာဟာ ဆိုရွယ္မီဒီယာမွာ ေတာ္ေတာ္ေလးပ်ံ႕ႏွံ႔ခဲ့ၿပီး လူေတာ္ေတာ္မ်ားမ်ားက Dilip ရဲက ခြင့္စာကို သေဘာက်ခဲ့ပါတယ္။ ဒါေပမယ့္ သူ႔ရဲ႕ အထက္လူႀကီးေတြနဲ႔ ဌာနကေတာ့ Dilip ရဲ႕ ခြင့္စာကို သေဘာမက်ခဲ့ပါဘူး။ “ သူခြင့္ယူတာေတြက ေတာ္ေတာ္မ်ားေနပါၿပီ။ ဒါက တစ္ႏွစ္ထဲမွာ ဘယ္ႏွစ္ႀကိမ္ေျမာက္မွန္း ကြၽန္ေတာ္တို႔ေတာင္ မသိေတာ့ပါဘူး။ ၿပီးခဲ့တဲ့ ၁၁ လလုံးလုံးမွာ သူ႔မိန္းမနဲ႔ ပတ္သတ္လို႔ အေၾကာင္းအမ်ိဳးမ်ိဳးျပၿပီး ခြင့္ယူတာ ၅၅ ရက္ ရွိသြားခဲ့ပါၿပီ။

ၿပီးေတာ့ သူအခုတင္တဲ့ ခြင့္စာက အေျပာင္အပ်က္ပုံစံ ေျပာထားသလိုပဲ။ ဒါအထက္လူႀကီးကို ေလးစားမႈ မရွိတာလို႔ ကြၽန္ေတာ္ျမင္ပါတယ္။ အခုလည္းသူ႔ရဲ႕ခြင့္စာက မီဒီယာေတြဆီမွာ ေတာ္ေတာ္ေလးပ်ံ႕ႏွံ႔ၿပီး ဟာသႀကီးတစ္ခုလိုျဖစ္ေနပါတယ္။ ကြၽန္ေတာ္တို႔အေနနဲ႔ အေရးယူမႈတစ္ခုခုကို ဆက္လက္လုပ္ေဆာင္သြားမွာပါ”လို႔ Bhopal ရဲစခန္းရဲ႕ အေထြေထြဒါ႐ိုက္တာတစ္ဦးျဖစ္သူ Upendra Jain က ေျပာၾကားခဲ့ပါတယ္။

Credit dailyhotnewsmm

Leave a Reply

Your email address will not be published. Required fields are marked *