Shwe Pann Thee Global News တစ်မိနစ်အတွင်း လှည့်ကွက်ပေါင်း ၃၇ ခုကို လျှပ်တစ်ပြက်ထုတ်ပြနိုင်ခဲ့သည့် မလေးရှားမှော်ဆရာတစ်ဦးဟာ တစ်ခါတည်းနဲ့ ဂင်းနစ်ကမ္ဘာ့စံချိန်ပါ တင်သွား

တစ်မိနစ်အတွင်း လှည့်ကွက်ပေါင်း ၃၇ ခုကို လျှပ်တစ်ပြက်ထုတ်ပြနိုင်ခဲ့သည့် မလေးရှားမှော်ဆရာတစ်ဦးဟာ တစ်ခါတည်းနဲ့ ဂင်းနစ်ကမ္ဘာ့စံချိန်ပါ တင်သွား



တစ်မိနစ်အတွင်း လှည့်ကွက်ပေါင်း ၃၇ ခုကို လျှပ်တစ်ပြက်ထုတ်ပြနိုင်ခဲ့သည့် မလေးရှားမှော်ဆရာတစ်ဦးဟာ တစ်ခါတည်းနဲ့ ဂင်းနစ်ကမ္ဘာ့စံချိန်ပါ တင်သွား

၂၀၂၁ ခုနှစ် သြဂုတ် ၃၁ ရက်တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူတွင် မျက်လှည့်ပညာရှင် Avery Chin (Malaysia) မှ တစ်မိနစ်အတွင်း မှော်လှည့်ကွက်ပေါင်း ၃၇ ကွက်ကို တရစပ်ပြသခဲ့ရာ ၂၀၂၁ ဂင်းနစ်ကမ္ဘာ့စံချိန်ကို အောင်မြင်ခဲ့သည်။

Avery သည် ကောင်းစွာ လေ့ကျင့်ထားသော မှော်ဆရာတစ်ဦးဖြစ်ပြီး နောက်ထပ် မှော်ပညာနှင့် ဆက်နွယ်သော ဂင်းနစ်ကမ္ဘာ့စံချိန် မှတ်တမ်းများ အများအပြားကို ရရှိထားသည်။ Avery Chin သည် တစ်မိနစ်အတွင်း မှော်လှည့်ကွက် ၃၇ ကွက်ကို လျင်မြန်စွာပြသရန် စားပွဲတစ်လုံးကိုသာ အသုံးပြုခဲ့သည်။

Chin သည် မှော်မျက်လှည့်ပြသနေစဉ်အတွင်း မျက်လုံးစည်းကို ၀တ်ထားခဲ့ပြီး တစ်မိနစ်အတွင်း အခြားသော အပိုလှည့်ကွက် 30 ကိုဖြည့်စွက်ပြသခြင်းဖြင့် လတ်တလောစံချိန်တင်ထားသူ၏ စံချိန်ကို အပြတ်အသတ်လိုက်မီနိုင်ခဲ့သည်။

နိုဝင်ဘာလ၏ ဂင်းနစ်ကမ္ဘာ့မှတ်တမ်းများနေ့ အထိမ်းအမှတ်အဖြစ် ရည်ရွယ်ထားခဲ့သည့် သူ၏ရည်မှန်းချက်များအတွက် လုံလောက်သော မှတ်တမ်းများကို အရယူနိုင်ခဲ့ကြောင်း မျက်လှည့်ပညာရှင် Chin မှ ပြောကြားခဲ့သည် ။

Translate by Wint Phue Aung

Zawgyi Version






Leave a Reply

Your email address will not be published. Required fields are marked *