Shwe Pann Thee Global News ပူနွေးသော ကမ္ဘာကြီးကို လျင်မြန်သောနည်းလမ်းဖြင့် သိသိသာသာပြောင်းလဲ တုံ့ပြန်နေသည့် အန္တာတိကရေခဲမြစ်

ပူနွေးသော ကမ္ဘာကြီးကို လျင်မြန်သောနည်းလမ်းဖြင့် သိသိသာသာပြောင်းလဲ တုံ့ပြန်နေသည့် အန္တာတိကရေခဲမြစ်



ပူနွေးသော ကမ္ဘာကြီးကို လျင်မြန်သောနည်းလမ်းဖြင့် သိသိသာသာပြောင်းလဲ တုံ့ပြန်နေသည့် အန္တာတိကရေခဲမြစ်

သိပ္ပံပညာရှင်များသည် လာမည့် ၅ နှစ်မှ ၁၀ နှစ်အတွင်း အန္တာတိကတိုက်ရှိ အကြီးဆုံးရေခဲပြင်များထဲမှ သိသိသာသာပြောင်းလဲမှုများရှိနိုင်ကြောင်း သတိပေးနေသည်။ Thwaites Glacier အရှေ့ဘက်မှာ အခုအချိန်ထိ အတော်လေး တည်ငြိမ်နေပြီး ကားလေကာမှန်လို ကွဲအက်သွားနိုင်တဲ့ မျောနေတဲ့အပိုင်းရှိကြောင်း သူတို့က ပြောကြပါတယ်။

US နှင့် UK မှ သုတေသီများသည် ၎င်း၏ အရည်ပျော်နှုန်းကြောင့် Thwaites တွင် ပြင်းထန်သော လေ့လာရေးအစီအစဉ်တစ်ခုပြုလုပ်နေပါသည်။ နှစ်စဉ် သမုဒ္ဒရာထဲသို့ ရေခဲတန်ချိန် ၅၀ ဘီလီယံ အရည်ပျော်စီးဝင်နေသည်။

ထိုသို့သော “ကမ္ဘာပျက်မည့်နေ့” သည် ရာစုနှစ်များစွာကြာအောင် ဖြစ်လာနိုင်ဖွယ်မရှိသော်လည်း Thwaites သည် ယခုအခါ ပူနွေးနေသော ကမ္ဘာကြီးကို အမှန်တကယ် လျင်မြန်သောနည်းလမ်းများဖြင့် တုံ့ပြန်နေသည်ဟု လေ့လာမှုအဖွဲ့မှ ပြောကြားခဲ့သည်။

“ဆယ်စုနှစ်တစ်ခုအတွင်း ရေခဲမြစ်အရှေ့ဘက်မှာ သိသိသာသာ ပြောင်းလဲမှုရှိလာမှာပါ။ ထုတ်ဝေပြီးနဲ့ မထုတ်ဝေရသေးတဲ့ လေ့လာမှုနှစ်ခုစလုံးက အဲဒီလမ်းကြောင်းကို ဦးတည်နေပါတယ်” ဟု နိုင်ငံတကာ Thwaites Glacier Collaboration (ITGC) အတွက် အမေရိကန် ရေခဲပြင်ပညာရှင် ပါမောက္ခ Ted Scambos က ပြောကြားခဲ့သည်။

Translate by Anne

ပူေႏြးေသာ ကမာၻႀကီးကို လ်င္ျမန္ေသာနည္းလမ္းျဖင့္ သိသိသာသာေျပာင္းလဲ တုံ႔ျပန္ေနသည့္ အႏၲာတိကေရခဲျမစ္

သိပၸံပညာရွင္မ်ားသည္ လာမည့္ ၅ ႏွစ္မွ ၁၀ ႏွစ္အတြင္း အႏၲာတိကတိုက္ရွိ အႀကီးဆုံးေရခဲျပင္မ်ားထဲမွ သိသိသာသာေျပာင္းလဲမႈမ်ားရွိႏိုင္ေၾကာင္း သတိေပးေနသည္။ Thwaites Glacier အေရွ႕ဘက္မွာ အခုအခ်ိန္ထိ အေတာ္ေလး တည္ၿငိမ္ေနၿပီး ကားေလကာမွန္လို ကြဲအက္သြားႏိုင္တဲ့ ေမ်ာေနတဲ့အပိုင္းရွိေၾကာင္း သူတို႔က ေျပာၾကပါတယ္။

US ႏွင့္ UK မွ သုေတသီမ်ားသည္ ၎၏ အရည္ေပ်ာ္ႏႈန္းေၾကာင့္ Thwaites တြင္ ျပင္းထန္ေသာ ေလ့လာေရးအစီအစဥ္တစ္ခုျပဳလုပ္ေနပါသည္။ ႏွစ္စဥ္ သမုဒၵရာထဲသို႔ ေရခဲတန္ခ်ိန္ ၅၀ ဘီလီယံ အရည္ေပ်ာ္စီးဝင္ေနသည္။

ထိုသို႔ေသာ “ကမာၻပ်က္မည့္ေန႔” သည္ ရာစုႏွစ္မ်ားစြာၾကာေအာင္ ျဖစ္လာႏိုင္ဖြယ္မရွိေသာ္လည္း Thwaites သည္ ယခုအခါ ပူေႏြးေနေသာ ကမာၻႀကီးကို အမွန္တကယ္ လ်င္ျမန္ေသာနည္းလမ္းမ်ားျဖင့္ တုံ႔ျပန္ေနသည္ဟု ေလ့လာမႈအဖြဲ႕မွ ေျပာၾကားခဲ့သည္။

“ဆယ္စုႏွစ္တစ္ခုအတြင္း ေရခဲျမစ္အေရွ႕ဘက္မွာ သိသိသာသာ ေျပာင္းလဲမႈရွိလာမွာပါ။ ထုတ္ေဝၿပီးနဲ႔ မထုတ္ေဝရေသးတဲ့ ေလ့လာမႈႏွစ္ခုစလုံးက အဲဒီလမ္းေၾကာင္းကို ဦးတည္ေနပါတယ္” ဟု ႏိုင္ငံတကာ Thwaites Glacier Collaboration (ITGC) အတြက္ အေမရိကန္ ေရခဲျပင္ပညာရွင္ ပါေမာကၡ Ted Scambos က ေျပာၾကားခဲ့သည္။

Leave a Reply

Your email address will not be published. Required fields are marked *