Shwe Pann Thee Global News ဘွဲ့ရထားပြီး ဝန်ထမ်းအဖြစ်လုပ်ခဲ့ပေမယ့် လစာနည်းလွန်းတာကြောင့် လမ်းဘေးတွင် ကိုယ်ပိုင်ကြက်ကင်ဆိုင်လေးဖွင့်ကာ ဝင်ငွေများစွာရရှိနေသည့် ဇနီးမောင်နှံ
ဘွဲ့ရထားပြီး ဝန်ထမ်းအဖြစ်လုပ်ခဲ့ပေမယ့် လစာနည်းလွန်းတာကြောင့် လမ်းဘေးတွင် ကိုယ်ပိုင်ကြက်ကင်ဆိုင်လေးဖွင့်ကာ ဝင်ငွေများစွာရရှိနေသည့် ဇနီးမောင်နှံ
ထိုင်းနိုင်ငံ Buriramတွင် နေထိုင်သော အသက်၃၀နှစ်အရွယ် အမျိုးသားတစ်ဦးသည် ဘွဲ့ရပညာတတ်တစ်ယောက်ဖြစ်ပေမယ့် ကုမ္ပဏီတစ်ခုမှာ အရောင်းဝန်ထမ်းအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့စဉ် တစ်လကို ဘတ်ငွေ၇၀၀၀သာရရှိခဲ့၍ မိသားစုစားဝတ်နေရေးအတွက် အသုံးစရိတ်မှာ မလုံလောက်ခဲ့ပေ။
ထို့ကြောင့် အမျိုးသားသည် ထိုအလုပ်ကနေထွက်ပြီး ဇနီးဖြစ်သူနဲ့အတူ လမ်းဘေးတွင် ထမင်းဖြူ၊ငါးချဉ်၊ဝက်သားကင်နဲ့ ကြက်ကင်တို့ကို ကိုယ်တိုင်လုပ်ယူကာ ပြန်လည်ရောင်းချခဲ့ခြင်းဖြင့် တစ်ရက်ကို ဝင်ငွေက ဘတ်၄၀၀၀ကျန်သည့်အတွက် ရုံးဝန်ထမ်းအဖြစ်ကနေ ထွက်လိုက်ရတာကို နောင်တမရကြောင်း ဆိုခဲ့သည်။
သူတို့ဇနီးမောင်နှံဧ။်ဆိုင်လေးတွင် ရောင်းချသော အစားအစာများမှာ ဈေးနှုန်းချိုသာသည့်အတွက် အစိုးရဝန်ထမ်း၊ဌာနဆိုင်ရာ ဝန်ထမ်းနှင့် အခြားသော ကျောင်းသား ကျောင်းသူတွေအများဆုံး ဝယ်စားနိုင်ကြ၍ ဆိုင်တွင် နေ့စဉ်လူစည်ကားလျက်ရှိသည်။
Hlaing (Love Feeling)
Credit
Zawgyi
Hlaing (Love Feeling)
Credit
Leave a Reply
Your email address will not be published. Required fields are marked *