Shwe Pann Thee Global News မပေါက်မချင်းထိုးခဲ့သည့် တူညီဂဏန်းများကျေးဇူးကြောင့် ဇွဲနပဲကြီးသူအမျိုးသားဟာ နောက်ဆုံးမှာတော့ အိမ်သစ်နဲ့ကားသစ်တွေပါဝယ်နိုင်တော့မည့်အထိ ကံထူးသွားတဲ့ အဖြစ်

မပေါက်မချင်းထိုးခဲ့သည့် တူညီဂဏန်းများကျေးဇူးကြောင့် ဇွဲနပဲကြီးသူအမျိုးသားဟာ နောက်ဆုံးမှာတော့ အိမ်သစ်နဲ့ကားသစ်တွေပါဝယ်နိုင်တော့မည့်အထိ ကံထူးသွားတဲ့ အဖြစ်



မပေါက်မချင်းထိုးခဲ့သည့် တူညီဂဏန်းများကျေးဇူးကြောင့် ဇွဲနပဲကြီးသူမစ်ရှီဂန်အမျိုးသားဟာ နောက်ဆုံးမှာတော့ အိမ်သစ်နဲ့ကားသစ်တွေပါဝယ်နိုင်တော့မည့်အထိ ကံထူးသွား

Washtenaw ကောင်တီမှ အမျိုးသားတစ်ဦးသည် Michigan ထီမှ ဒေါ်လာ 2 သန်း Mega Millions ဆုရှင်ဖြစ်ကြောင်း သိရှိပြီးနောက် ပြောစရာစကားလုံးများပါ ပျောက်ရှသွားခဲ့ကြောင်း ပြောကြားခဲ့သည်။

 

မစ်ရှီဂန်ထီသတင်းထုတ်ပြန်ချက်အရ ကံထူးသူ ဂျက်ဖရီဖီးလစ်သည် နို၀င်ဘာ ၂၆ ရက်၌ ဒေါ်လာ ၁ သန်းဆု မဲပေါက်သည့် အဖြူရောင်ဘောလုံးငါးလုံးဖြစ်သည့် ၀၇-၂၇-၃၇-၄၂-၅၉ နှင့် ကိုက်ညီ ခဲ့သည်။ Megaplier ကြောင့် ဆုကြေးကို ဒေါ်လာ ၂ သန်းအထိ တိုးမြှင့်ခဲ့ကြောင်း သိရသည်။

ကံထူးရှင်သည် Chelsea ရှိ 1255 South Main Street တွင်ရှိသော Polly’s Country Market တွင်သူ၏အနိုင်ရလက်မှတ်ကိုဝယ်ခဲ့သည်။ Chelsea သည် Ann Arbor ၏အနောက် 15 မိုင်အကွာတွင်ရှိသည်။

“ကျွန်တော် Mega Millions ဂိမ်းကို အပတ်စဉ် ကစားပြီး တူညီတဲ့ နံပါတ်တွေကိုပဲ နှစ်အတော်ကြာအောင် ကစားခဲ့ပါတယ်” ဟု ကံထူးသူဖီးလစ်မှ သတင်းထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။ အဆိုပါသတင်းထုတ်ပြန်ချက်အရ ဖီးလစ်သည် အောင်မြင်မှုများနှင့်အတူ ကားအသစ်နှင့် အိမ်တစ်လုံးကိုပါ ဝယ်ယူရန် စီစဉ်နေကြောင်း သိရသည်။

Translate by Wint Phue Aung

Zawgyi Version

မေပါက္မခ်င္းထိုးခဲ့သည့္ တူညီဂဏန္းမ်ားေက်းဇူးေၾကာင့္ ဇြဲနပဲႀကီးသူမစ္ရွီဂန္အမ်ိဳးသားဟာ ေနာက္ဆုံးမွာေတာ့ အိမ္သစ္နဲ႔ကားသစ္ေတြပါဝယ္ႏိုင္ေတာ့မည့္အထိ ကံထူးသြား

Washtenaw ေကာင္တီမွ အမ်ိဳးသားတစ္ဦးသည္ Michigan ထီမွ ေဒၚလာ 2 သန္း Mega Millions ဆုရွင္ျဖစ္ေၾကာင္း သိရွိၿပီးေနာက္ ေျပာစရာစကားလုံးမ်ားပါ ေပ်ာက္ရွသြားခဲ့ေၾကာင္း ေျပာၾကားခဲ့သည္။

မစ္ရွီဂန္ထီသတင္းထုတ္ျပန္ခ်က္အရ ကံထူးသူ ဂ်က္ဖရီဖီးလစ္သည္ ႏို၀င္ဘာ ၂၆ ရက္၌ ေဒၚလာ ၁ သန္းဆု မဲေပါက္သည့္ အျဖဴေရာင္ေဘာလုံးငါးလုံးျဖစ္သည့္ ၀၇-၂၇-၃၇-၄၂-၅၉ ႏွင့္ ကိုက္ညီ ခဲ့သည္။ Megaplier ေၾကာင့္ ဆုေၾကးကို ေဒၚလာ ၂ သန္းအထိ တိုးျမႇင့္ခဲ့ေၾကာင္း သိရသည္။

ကံထူးရွင္သည္ Chelsea ရွိ 1255 South Main Street တြင္ရွိေသာ Polly’s Country Market တြင္သူ၏အႏိုင္ရလက္မွတ္ကိုဝယ္ခဲ့သည္။ Chelsea သည္ Ann Arbor ၏အေနာက္ 15 မိုင္အကြာတြင္ရွိသည္။

“ကြၽန္ေတာ္ Mega Millions ဂိမ္းကို အပတ္စဥ္ ကစားၿပီး တူညီတဲ့ နံပါတ္ေတြကိုပဲ ႏွစ္အေတာ္ၾကာေအာင္ ကစားခဲ့ပါတယ္” ဟု ကံထူးသူဖီးလစ္မွ သတင္းထုတ္ျပန္ခ်က္တြင္ ေျပာၾကားခဲ့သည္။ အဆိုပါသတင္းထုတ္ျပန္ခ်က္အရ ဖီးလစ္သည္ ေအာင္ျမင္မႈမ်ားႏွင့္အတူ ကားအသစ္ႏွင့္ အိမ္တစ္လုံးကိုပါ ဝယ္ယူရန္ စီစဥ္ေနေၾကာင္း သိရသည္။

Leave a Reply

Your email address will not be published. Required fields are marked *