Shwe Pann Thee Global News အလှပြိုင်ပွဲကို Botox ထိုးပြီး ကြွက်သားအားမြှင့်ဟော်မုန်းများသုံးကာ ယှဉ်ပြိုင်သော ကုလားအုတ် ၄၀ ကောင်အား ထုတ်ပယ်လိုက်သည့် ဆော်ဒီအာရေဗျနိုင်ငံ

အလှပြိုင်ပွဲကို Botox ထိုးပြီး ကြွက်သားအားမြှင့်ဟော်မုန်းများသုံးကာ ယှဉ်ပြိုင်သော ကုလားအုတ် ၄၀ ကောင်အား ထုတ်ပယ်လိုက်သည့် ဆော်ဒီအာရေဗျနိုင်ငံ



အလှပြိုင်ပွဲကို Botox ထိုးပြီး ကြွက်သားအားမြှင့်ဟော်မုန်းများသုံးကာ ယှဉ်ပြိုင်သော ကုလားအုတ် ၄၀ ကောင်အား ထုတ်ပယ်လိုက်သည့် ဆော်ဒီအာရေဗျနိုင်ငံ

ဆော်ဒီအာရေဗျနိုင်ငံမှ တာဝန်ရှိသူများသည် Botox ထိုးခြင်းခံရသည့် ကုလားအုတ်များကို အကြီးမားဆုံး နှိမ်နင်းမှုတစ်ရပ် ပြုလုပ်ခဲ့ကြောင်း နိုင်ငံပိုင်သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

ဆော်ဒီမြို့တော် ရီယာ့ဒ်၏ အရှေ့မြောက်ဘက် သဲကန္တာရတွင် တစ်လကြာကျင်းပသည့် အဆိုပါပွဲသည် မွေးမြူရေးလုပ်ငန်းရှင်များကို ဒေါ်လာ ၆၆ သန်း (ပေါင်သန်း ၅၀) ဖြင့် ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ထားသည်။ တရားသူကြီးများသည် ကုလားအုတ်၏ ဦးခေါင်း၊ လည်ပင်း၊ ဖင်၊ ၀တ်စားဆင်ယင်မှုနှင့် ကိုယ်ဟန်အနေအထားပေါ်မူတည်၍ အနိုင်ရသူကို ဆုံးဖြတ်သည်။

အလှမယ်ပြိုင်ပွဲတွင် botox ထိုးခြင်းနှင့် မျက်နှာအလှပြင်ခြင်းများကို တားမြစ်ထားသည်။ ဆော်ဒီအာဏာပိုင်များသည် ထို့သို့ပြုလုပ်ထားသော ကုလားအုတ် ၄၀ ကောင်နှင့် ကုလားအုတ်ကိုယ်လုံးများ ပြည့်တင်းစေရန် ကြွက်သားအားမြှင့်ဟော်မုန်းများ အသုံးပြုသည့် မွေးမြူသူများကိုလည်း ထုတ်ပယ်ခဲ့သည်။

“ခြယ်လှယ်သူများကို တင်းကျပ်သော ပြစ်ဒဏ်များ ချမှတ်မည်” ဟု အလှမယ်ပွဲ စီစဉ်သူများက ပြောကြားခဲ့သည်။ အာဏာပိုင်များသည် အတုပြုလုပ်ထားသော ကုလားအုတ်များကို အရှိန်မြှင့်၍ နှိမ်နင်းနေကြောင်း ဆော်ဒီသတင်းအေဂျင်စီ (SPA) က ဗုဒ္ဓဟူးနေ့တွင် ဖော်ပြခဲ့သည်။

Translate by Anne

အလွၿပိဳင္ပြဲကို Botox ထိုးၿပီး ႂကြက္သားအားျမႇင့္ေဟာ္မုန္းမ်ားသုံးကာ ယွဥ္ၿပိဳင္ေသာ ကုလားအုတ္ ၄၀ ေကာင္အား ထုတ္ပယ္လိုက္သည့္ ေဆာ္ဒီအာေရဗ်ႏိုင္ငံ

ေဆာ္ဒီအာေရဗ်ႏိုင္ငံမွ တာဝန္ရွိသူမ်ားသည္ Botox ထိုးျခင္းခံရသည့္ ကုလားအုတ္မ်ားကို အႀကီးမားဆုံး ႏွိမ္နင္းမႈတစ္ရပ္ ျပဳလုပ္ခဲ့ေၾကာင္း ႏိုင္ငံပိုင္သတင္းေအဂ်င္စီက ေဖာ္ျပခဲ့သည္။

ေဆာ္ဒီၿမိဳ႕ေတာ္ ရီယာ့ဒ္၏ အေရွ႕ေျမာက္ဘက္ သဲကႏၲာရတြင္ တစ္လၾကာက်င္းပသည့္ အဆိုပါပြဲသည္ ေမြးျမဴေရးလုပ္ငန္းရွင္မ်ားကို ေဒၚလာ ၆၆ သန္း (ေပါင္သန္း ၅၀) ျဖင့္ ယွဥ္ၿပိဳင္ရန္ ဖိတ္ေခၚထားသည္။ တရားသူႀကီးမ်ားသည္ ကုလားအုတ္၏ ဦးေခါင္း၊ လည္ပင္း၊ ဖင္၊ ၀တ္စားဆင္ယင္မႈႏွင့္ ကိုယ္ဟန္အေနအထားေပၚမူတည္၍ အႏိုင္ရသူကို ဆုံးျဖတ္သည္။

အလွမယ္ၿပိဳင္ပြဲတြင္ botox ထိုးျခင္းႏွင့္ မ်က္ႏွာအလွျပင္ျခင္းမ်ားကို တားျမစ္ထားသည္။ ေဆာ္ဒီအာဏာပိုင္မ်ားသည္ ထို႔သို႔ျပဳလုပ္ထားေသာ ကုလားအုတ္ ၄၀ ေကာင္ႏွင့္ ကုလားအုတ္ကိုယ္လုံးမ်ား ျပည့္တင္းေစရန္ ႂကြက္သားအားျမႇင့္ေဟာ္မုန္းမ်ား အသုံးျပဳသည့္ ေမြးျမဴသူမ်ားကိုလည္း ထုတ္ပယ္ခဲ့သည္။

“ျခယ္လွယ္သူမ်ားကို တင္းက်ပ္ေသာ ျပစ္ဒဏ္မ်ား ခ်မွတ္မည္” ဟု အလွမယ္ပြဲ စီစဥ္သူမ်ားက ေျပာၾကားခဲ့သည္။ အာဏာပိုင္မ်ားသည္ အတုျပဳလုပ္ထားေသာ ကုလားအုတ္မ်ားကို အရွိန္ျမႇင့္၍ ႏွိမ္နင္းေနေၾကာင္း ေဆာ္ဒီသတင္းေအဂ်င္စီ (SPA) က ဗုဒၶဟူးေန႔တြင္ ေဖာ္ျပခဲ့သည္။

Leave a Reply

Your email address will not be published. Required fields are marked *