Shwe Pann Thee Global News ကမ္ဘာကျော် BTS အဖွဲ့ဝင် V သည် ကိုယ်ပိုင်ဆိုရှယ်အကောင့်ကို ယခင်က လုံးဝမသုံးခဲ့ဘဲ အခုချိန်မှ စတင်အသုံးပြုလိုက်ရာမှ ဂင်းနစ်ကမ္ဘာ့စံချိန်တွေကိုပါ ချိုးဖျက်ပြီးဒိတ်ဒိတ်ကြဲ အောင်မြင်လာ

ကမ္ဘာကျော် BTS အဖွဲ့ဝင် V သည် ကိုယ်ပိုင်ဆိုရှယ်အကောင့်ကို ယခင်က လုံးဝမသုံးခဲ့ဘဲ အခုချိန်မှ စတင်အသုံးပြုလိုက်ရာမှ ဂင်းနစ်ကမ္ဘာ့စံချိန်တွေကိုပါ ချိုးဖျက်ပြီးဒိတ်ဒိတ်ကြဲ အောင်မြင်လာ



ကမ္ဘာကျော် BTS အဖွဲ့ဝင် V သည် ကိုယ်ပိုင်ဆိုရှယ်အကောင့်ကို ယခင်က လုံးဝမသုံးခဲ့ဘဲ အခုချိန်မှ စတင်အသုံးပြုလိုက်ရာမှ ဂင်းနစ်ကမ္ဘာ့စံချိန်တွေကိုပါ ချိုးဖျက်ပြီးဒိတ်ဒိတ်ကြဲ အောင်မြင်လာ

BTS အဖွဲ့ဝင် V သည် ယခုလအစောပိုင်းတွင် ၎င်း၏ကိုယ်ပိုင် Instagram အကောင့်ကို ဖန်တီးပြီးကတည်းက ဂင်းနစ်ကမ္ဘာ့စံချိန် နှစ်ခုကို ချိုးဖျက်ခဲ့သည်။ ယခုအခါ K-pop စတားသည် ဆိုရှယ်မီဒီယာပလပ်ဖောင်းပေါ်တွင် follower 10 သန်းကို အမြန်ဆန်ဆုံးအချိန်အတွင်းမှာပဲ တရစပ်တိုးကာ များပြားလာသည်ဆိုသည့်  ဆောင်းပါးခေါင်းစဉ်များနေရာတွင် ပိုမိုနေရာယူလာခဲ့သည်။

Kim Tae-hyung လို့အမည်ရတဲ့ ဂီတပညာရှင်က ၄၃ မိနစ်မှာ followers တစ်သန်းနဲ့ ၄ နာရီနဲ့ ၅၂ မိနစ်မှာတော့ ၁၀ သန်းအထိရောက်ခဲ့ပါတယ်။ V မတိုင်မီက NCT အဖွဲ့ဝင် Moon Tae-il သည် Rupert Grint နှင့် Jennifer Aniston တို့ နောက်မှ Instagram တွင် Follower တစ်သန်း အမြန်ဆုံးရောက်ရှိသည့်ခေါင်းစဉ်တွင် နေရာယူထားခဲ့သည်။

BTS အဖွဲ့ဝင် RM၊ Jin၊ Suga၊ J-Hope၊ Jimin၊ V နဲ့ Jungkook တို့ဟာ တစ်ဦးချင်း Follower သန်း 20 ကျော်သွားပါပြီ။ သတင်းထွက်ပေါ်ချိန်တွင် RM တွင် Follower 22 သန်းရှိပြီး Jin တွင် Follower 22.3 သန်း၊ Suga တွင် Follower 21.9 သန်း၊ J-Hope တွင် Follower 22 သန်း၊ Jimin တွင် Follower 23.2 သန်း၊ V တွင် Follower 25.6 သန်းရှိပြီး Jungkook တွင် Follower 24.1 သန်းရှိသည်။

K-pop အဖွဲ့သည် ယခုနှစ်အတွင်း ဂင်းနစ်ကမ္ဘာ့စံချိန်များစွာကို ချိုးဖျက်နိုင်ခဲ့သည်။ ၎င်းတို့၏သီချင်း Butter သည် 24 နာရီအတွင်း ကြည့်ရှုမှုအများဆုံး YouTube တေးဂီတဗီဒီယို၏ စံချိန်ကို ချိုးဖျက်ပြီး အခြားလုပ်ဆောင်ချက်များထဲမှ Spotify တွင် ပထမ 24 နာရီအတွင်း တိုက်ရိုက်ကြည့်ရှုမှုအများဆုံးနှင့် နားထောင်သူအများဆုံး သီချင်းဖြစ်ခဲ့သည်။

Translate by Wint Phue Aung

Zawgyi Version

ကမာၻေက်ာ္ BTS အဖြဲ႕ဝင္ V သည္ ကိုယ္ပိုင္ဆိုရွယ္အေကာင့္ကို ယခင္က လုံးဝမသုံးခဲ့ဘဲ အခုခ်ိန္မွ စတင္အသုံးျပဳလိုက္ရာမွ ဂင္းနစ္ကမာၻ႔စံခ်ိန္ေတြကိုပါ ခ်ိဳးဖ်က္ၿပီးဒိတ္ဒိတ္ႀကဲ ေအာင္ျမင္လာ

BTS အဖြဲ႕ဝင္ V သည္ ယခုလအေစာပိုင္းတြင္ ၎၏ကိုယ္ပိုင္ Instagram အေကာင့္ကို ဖန္တီးၿပီးကတည္းက ဂင္းနစ္ကမာၻ႔စံခ်ိန္ ႏွစ္ခုကို ခ်ိဳးဖ်က္ခဲ့သည္။ ယခုအခါ K-pop စတားသည္ ဆိုရွယ္မီဒီယာပလပ္ေဖာင္းေပၚတြင္ follower 10 သန္းကို အျမန္ဆန္ဆုံးအခ်ိန္အတြင္းမွာပဲ တရစပ္တိုးကာ မ်ားျပားလာသည္ဆိုသည့္ ေဆာင္းပါးေခါင္းစဥ္မ်ားေနရာတြင္ ပိုမိုေနရာယူလာခဲ့သည္။

Kim Tae-hyung လို႔အမည္ရတဲ့ ဂီတပညာရွင္က ၄၃ မိနစ္မွာ followers တစ္သန္းနဲ႔ ၄ နာရီနဲ႔ ၅၂ မိနစ္မွာေတာ့ ၁၀ သန္းအထိေရာက္ခဲ့ပါတယ္။ V မတိုင္မီက NCT အဖြဲ႕ဝင္ Moon Tae-il သည္ Rupert Grint ႏွင့္ Jennifer Aniston တို႔ ေနာက္မွ Instagram တြင္ Follower တစ္သန္း အျမန္ဆုံးေရာက္ရွိသည့္ေခါင္းစဥ္တြင္ ေနရာယူထားခဲ့သည္။

BTS အဖြဲ႕ဝင္ RM၊ Jin၊ Suga၊ J-Hope၊ Jimin၊ V နဲ႔ Jungkook တို႔ဟာ တစ္ဦးခ်င္း Follower သန္း 20 ေက်ာ္သြားပါၿပီ။ သတင္းထြက္ေပၚခ်ိန္တြင္ RM တြင္ Follower 22 သန္းရွိၿပီး Jin တြင္ Follower 22.3 သန္း၊ Suga တြင္ Follower 21.9 သန္း၊ J-Hope တြင္ Follower 22 သန္း၊ Jimin တြင္ Follower 23.2 သန္း၊ V တြင္ Follower 25.6 သန္းရွိၿပီး Jungkook တြင္ Follower 24.1 သန္းရွိသည္။

K-pop အဖြဲ႕သည္ ယခုႏွစ္အတြင္း ဂင္းနစ္ကမာၻ႔စံခ်ိန္မ်ားစြာကို ခ်ိဳးဖ်က္ႏိုင္ခဲ့သည္။ ၎တို႔၏သီခ်င္း Butter သည္ 24 နာရီအတြင္း ၾကည့္ရႈမႈအမ်ားဆုံး YouTube ေတးဂီတဗီဒီယို၏ စံခ်ိန္ကို ခ်ိဳးဖ်က္ၿပီး အျခားလုပ္ေဆာင္ခ်က္မ်ားထဲမွ Spotify တြင္ ပထမ 24 နာရီအတြင္း တိုက္႐ိုက္ၾကည့္ရႈမႈအမ်ားဆုံးႏွင့္ နားေထာင္သူအမ်ားဆုံး သီခ်င္းျဖစ္ခဲ့သည္။

Leave a Reply

Your email address will not be published. Required fields are marked *