Shwe Pann Thee Global News ပေ ၃၀ အနက် ရေခဲမြစ်ပေါ်သို့ ပြုတ်ကျ၍ သေရတော့မည်အထင်နှင့် မိခင်အတွက် နောက်ဆုံးနှုတ်ဆက်သည့် ဗီဒီယိုကို ရိုက်ကူးခဲ့သူ

ပေ ၃၀ အနက် ရေခဲမြစ်ပေါ်သို့ ပြုတ်ကျ၍ သေရတော့မည်အထင်နှင့် မိခင်အတွက် နောက်ဆုံးနှုတ်ဆက်သည့် ဗီဒီယိုကို ရိုက်ကူးခဲ့သူ



ပေ ၃၀ အနက် ရေခဲမြစ်ပေါ်သို့ ပြုတ်ကျ၍ သေရတော့မည်အထင်နှင့် မိခင်အတွက် နောက်ဆုံးနှုတ်ဆက်သည့် ဗီဒီယိုကို ရိုက်ကူးခဲ့သူ

ဆိုးရွားစွာ ဒဏ်ရာရနေသည့် ခရီးသွားတစ်ဦးသည် ဝေးလံခေါင်သီသော ရေခဲမြစ်တစ်ခုပေါ်တွင် သေဆုံးရတော့မည်အထင်နှင့် ကယ်ဆယ်ရေးသမားများအား ၎င်း၏မိခင်ထံ ဆက်သွယ်ပေးရန်ရည်ရွယ်ချက်ဖြင့် နောက်ဆုံးနှုတ်ဆက်သည့် ဗီဒီယိုကို မှတ်တမ်းတင်ခဲ့သည်။

Eitan Shaked 23 နှစ်သည် အာဂျင်တီးနားနိုင်ငံ၏ တောင်ဘက်စွန်းစွန်းတည်နေရာရှိ ‘ကမ္ဘာ၏အဆုံး’ ဟုလူသိများသော Ushuaia မြို့ Ojo del Albino ရေခဲမြစ်တွင် ခြေလျင်လျှောက်ရင်း ပေ ၃၀ အနက်သို့ပြုတ်ကျခဲ့သည်။ Eitan Shaked သည် ဒဏ်ရာကြီးကြီးမားမားရကာ ရေခဲမြစ်ပေါ်တွင် ပိတ်မိနေသည်။

သူ၏ တင်ပါးဆုံရိုးနှင့် တံတောင်ဆစ်များ ကျိုးသွားသော်လည်း အအေးဒဏ်ကြားတွင် ၂၄ နာရီကျော်ကြာ အသက်ရှင်နေခဲ့သည်။ ဒေသတွင်း ကယ်ဆယ်ရေးဝန်ထမ်းများမှ ရဟတ်ယာဉ်ဖြင့် လာရောက်ကယ်ဆယ်ခဲ့ချိန်တွင် ၎င်းမှာ ကိုယ်ပူရှိန် အလွန်အမင်းကျဆင်းနေပြီဖြစ်သည်။

Eitan ကို ကယ်ဆယ်ပြီးနောက် Ushuaia ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ၎င်း၏ တင်ပါးဆုံရိုးနှင့် လက်တစ်ဖက် ကျိုးသွားသည့်အတွက် ကုသမှု ခံယူခဲ့ရသည်။ ကမ္ဘာပေါ်ရှိ အအေးဆုံးနေရာများထဲမှ တစ်ခုဟု အများအားဖြင့် ယူဆထားသည့် ရေခဲမြစ်ပေါ်တွင် သူ မသေဆုံးပုံကို နားမလည်ကြောင်း ဝန်ခံခဲ့သည်။

Translate by Anne

Zawgyi Version

ေပ ၃၀ အနက္ ေရခဲျမစ္ေပၚသို႔ ျပဳတ္က်၍ ေသရေတာ့မည္အထင္ႏွင့္ မိခင္အတြက္ ေနာက္ဆုံးႏႈတ္ဆက္သည့္ ဗီဒီယိုကို ႐ိုက္ကူးခဲ့သူ

ဆိုး႐ြားစြာ ဒဏ္ရာရေနသည့္ ခရီးသြားတစ္ဦးသည္ ေဝးလံေခါင္သီေသာ ေရခဲျမစ္တစ္ခုေပၚတြင္ ေသဆုံးရေတာ့မည္အထင္ႏွင့္ ကယ္ဆယ္ေရးသမားမ်ားအား ၎၏မိခင္ထံ ဆက္သြယ္ေပးရန္ရည္႐ြယ္ခ်က္ျဖင့္ ေနာက္ဆုံးႏႈတ္ဆက္သည့္ ဗီဒီယိုကို မွတ္တမ္းတင္ခဲ့သည္။

Eitan Shaked 23 ႏွစ္သည္ အာဂ်င္တီးနားႏိုင္ငံ၏ ေတာင္ဘက္စြန္းစြန္းတည္ေနရာရွိ ‘ကမာၻ၏အဆုံး’ ဟုလူသိမ်ားေသာ Ushuaia ၿမိဳ႕ Ojo del Albino ေရခဲျမစ္တြင္ ေျခလ်င္ေလွ်ာက္ရင္း ေပ ၃၀ အနက္သို႔ျပဳတ္က်ခဲ့သည္။ Eitan Shaked သည္ ဒဏ္ရာႀကီးႀကီးမားမားရကာ ေရခဲျမစ္ေပၚတြင္ ပိတ္မိေနသည္။

သူ၏ တင္ပါးဆုံ႐ိုးႏွင့္ တံေတာင္ဆစ္မ်ား က်ိဳးသြားေသာ္လည္း အေအးဒဏ္ၾကားတြင္ ၂၄ နာရီေက်ာ္ၾကာ အသက္ရွင္ေနခဲ့သည္။ ေဒသတြင္း ကယ္ဆယ္ေရးဝန္ထမ္းမ်ားမွ ရဟတ္ယာဥ္ျဖင့္ လာေရာက္ကယ္ဆယ္ခဲ့ခ်ိန္တြင္ ၎မွာ ကိုယ္ပူရွိန္ အလြန္အမင္းက်ဆင္းေနၿပီျဖစ္သည္။

Eitan ကို ကယ္ဆယ္ၿပီးေနာက္ Ushuaia ေဆး႐ုံသို႔ ပို႔ေဆာင္ခဲ့ၿပီး ၎၏ တင္ပါးဆုံ႐ိုးႏွင့္ လက္တစ္ဖက္ က်ိဳးသြားသည့္အတြက္ ကုသမႈ ခံယူခဲ့ရသည္။ ကမာၻေပၚရွိ အေအးဆုံးေနရာမ်ားထဲမွ တစ္ခုဟု အမ်ားအားျဖင့္ ယူဆထားသည့္ ေရခဲျမစ္ေပၚတြင္ သူ မေသဆုံးပုံကို နားမလည္ေၾကာင္း ဝန္ခံခဲ့သည္။

Leave a Reply

Your email address will not be published. Required fields are marked *