Shwe Pann Thee Global News မင်္ဂလာပွဲမှာ ဗြောက်အိုးဖောက်ရာကနေ သတို့သားရဲ့မြင်းလှည်း မီးစွဲလောင်ပြီး ပွဲပျက်ရုံမက အသက်အန္တရာယ်ပါကြုံခဲ့ရတဲ့အဖြစ်

မင်္ဂလာပွဲမှာ ဗြောက်အိုးဖောက်ရာကနေ သတို့သားရဲ့မြင်းလှည်း မီးစွဲလောင်ပြီး ပွဲပျက်ရုံမက အသက်အန္တရာယ်ပါကြုံခဲ့ရတဲ့အဖြစ်



မင်္ဂလာပွဲမှာ ဗြောက်အိုးဖောက်ရာကနေ သတို့သားရဲ့မြင်းလှည်း မီးစွဲလောင်ပြီး ပွဲပျက်ရုံမက အသက်အန္တရာယ်ပါကြုံခဲ့ရတဲ့အဖြစ်

Gujarat’s Panchmahal ခရိုင်မှာရှိတဲ့ သတို့သားတစ်ယောက်ရဲ့ မြင်းရထားဟာ မင်္ဂလာဆောင်နေ့မှာ မီးလောင်သွားခဲ့ရပါတယ်။ အပျက်အစီးဖြစ်ချိန် သတို့သားဟာ ကလေးအချို့နှင့်အတူ ရထားပေါ်မှာ ထိုင်နေပါတယ်။ ဒီအဖြစ်အပျက်ရဲ့ ဗီဒီယိုဖိုင်ဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။

မြင်းလှည်းသည် တေးဂီတနှင့် အကများပါဝင်သည့် မင်္ဂလာပွဲအခမ်းအနား၏ တစ်စိတ်တစ်ပိုင်းအဖြစ် မင်္ဂလာခန်းမဆီသို့ မောင်းနှင်လာသည်။ လူအများ ကခုန်နေစဉ် မီးရှူးမီးပန်းများ ဖောက်လိုက်ရာ သတို့သား၏မြင်းလှည်းထဲတွင် သိမ်းဆည်းထားသော ဗြောက်အိုးအချို့ရှိနေကြောင်းကို မသိခဲ့ကြပေ။ ဒီလို တာဝန်မဲ့တဲ့ အပြုအမူကြောင့် မြင်းရထား မီးလောင်သွားရသည်။

 

ပွဲတော်ကျင်းပဖို့ မျှော်လင့်နေကြတဲ့ ဧည့်သည်တွေကြားမှာ မီးလောင်မှုဟာ ထိတ်လန့်စရာဖြစ်ခဲ့ပြီး မီးနဲ့ရင်ဆိုင်ခဲ့ရသည်။ ဘေးမှလိုက်ပါလာသူများက အနီးနားရှိ ဈေးဆိုင်များမှ မီးသတ်ဆေးဘူးများ ယူဆောင်လာကြရာ သတို့သားကို ရထားပေါ်မှ ကယ်ဆယ်နိုင်ခဲ့ပြီး ဘေးကင်းရာသို့ ခေါ်ဆောင်သွားခဲ့သည်။ ကံကောင်းထောက်မစွာပင် တိရစ္ဆာန်များအပါအဝင် လူတစ်ဦးတစ်ယောက်မျှ ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။

မီးရှူးမီးပန်းများ ပေါက်ကွဲခြင်းသည် ကမ္ဘာတစ်ဝှမ်းရှိ နေရာတိုင်းတွင် မတော်တဆမှုများ ဖြစ်ပွားစေသည်။ နှစ်စဉ်နှစ်တိုင်း ဗြောက်အိုးပေါက်မှုကြောင့် အသေအပျောက်နှင့် ဒဏ်ရာရသူ အများအပြားကို အစီရင်ခံပြီး လူများကို ထိုကဲ့သို့သော လှုပ်ရှားမှုများတွင် မပါဝင်ရန် အကြိမ်ကြိမ် သတိပေးထားသည်။ အချို့သော ပြည်နယ်အစိုးရများက ၎င်းတို့ကို အသုံးမပြုရန် တားမြစ်ထားသော်လည်း လူထုက အလားတူ အကျိုးဆက်များကို နားမလည်ကြပေ။ ၎င်းတို့သည် လူတစ်ဦး၏ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်ကြောင်း ယင်းဖြစ်ရပ်က သက်သေပြနေသည်။

Translate by Anne

Zawgyi Version






Leave a Reply

Your email address will not be published. Required fields are marked *