Shwe Pann Thee Global News မသေခင်မှာ ကမ္ဘာပျက်မယ့်အကြောင်း သုတေသနစာတမ်း,တင်သွင်းခဲ့တဲ့ စတီဖင်န်ဟော့ကင်း

မသေခင်မှာ ကမ္ဘာပျက်မယ့်အကြောင်း သုတေသနစာတမ်း,တင်သွင်းခဲ့တဲ့ စတီဖင်န်ဟော့ကင်း



ကမ္ဘာကျော်သိပ္ပံနဲ့ ရူပဗေဒပညာရှင်ဖြစ်သူ စတီဖင်န်ဟော့ကင်းဟာ မသေဆုံးခင် ရက်သတ္တပတ် (၂)ပတ်အလိုမှာ ကမ္ဘာပျက်မယ့်အကြောင်း ခန့်မှန်းထားတဲ့အချက်အလက်တွေနဲ့အတူ၊သိပ္ပံပညာရှင်တွေဟာအခြားသောစကြာဝဠာတွေဆီဘယ်လိုအရောက်လှမ်းနိုင်မယ်ဆိုတဲ့အကြောင်း ရေးသားထားတဲ့သုတေသနစာစောင်ကိုတင်သွင်းခဲ့တယ်လို့သိရပါတယ်။ပရော်ဖက်ဆာစတီဖင်န်ဟော့ကင်းဟာပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့တုန်းက ကိန်းဘရစ်နေအိမ်မှာပဲ သေဆုံးသွားခဲ့ကာ သေဆုံးချိန်မှာ အသက်(၇၆)နှစ်ရှိပြီ ဖြစ်ပါတယ်။

မသေခင် သူတွေ့ရှိချက်တွေကိုတင်ပြသွားတဲ့ သုတေသနစာတမ်းအရပရော်ဖက်ဆာစတီဖင်န်ဟော့ကင်းဟာအသက်သေဆုံးတဲ့အချိန်အထိ စကြာဝဠာဆီစူးစမ်းရှာဖွေတဲ့အလုပ်တွေကိုတစိုက်မတ်မတ်လုပ်ဆောင်သွားခဲ့သူတစ်ဦးအဖြစ်ရှုမြင်ရပါတယ်။အဆိုပါသုတေသနစာတမ်းကို အတူပူးတွဲရေးသားခဲ့တဲ့ပရော်ဖက်ဆာThomasHertogကတော့ဟော့ကင်းဟာသေအံ့ဆဲဆဲအချိန်နီးနေတာတောင်ပြီးဆုံးအောင်ရေးသားနိုင်ခဲ့တဲ့ စာတမ်းနဲ့ပတ်သက်ပြီး စတီဖင်န်ဟော့ကင်းဟာ နိုဗယ်လ်ဆုတောင်ရရှိနိုင်ကြောင်း ဆိုခဲ့ပါတယ်။

ဆန်းဒေးတိုင်းမ်စ်သတင်းစာအရသူနောက်ဆုံးပြုလုပ်ခဲ့တဲ့စာတမ်းဟာ(၃၅)နှစ်လုံးလုံးပရော်ဖက်ဆာကိုယ်တိုင်အဖြေမရဖြစ်ခဲ့တဲ့ကိစ္စရပ်တွေကို ဖြေရှင်းထားတယ်လို့ သိရပါတယ်။ (၁၉၈၃)ခုနှစ်တုန်းက JamesHartleနဲ့အတူဖန်တီးခဲ့တဲ့“Noboundarytheory”မှာဆိုရင်ကမ္ဘာမြေဟာ မဟာစကြာဝဠာကြီး စတင်ဖြစ်ပေါ်လာစေတဲ့ ပေါက်ကွဲမှုကြီး Big Bang ဆီကနေ ပေါ်ထွက်လာတယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် Big Bang တွေ မရေမတွက်နိုင်အောင်ဖြစ်ခဲ့ရာကနေသီးခြားစကြာဝဠာတွေကိုဖန်တီးပေးတဲ့ဖြစ်ရပ်တွေရှိနေကြောင်းလည်းခန့်မှန်းထားပါတယ်။

ဟော့ကင်းနဲ့ Mr Hertog တို့ပြုစုခဲ့တဲ့ နောက်ဆုံးသုတေသနစာစောင်မှာဆိုရင် အာကာသတွင်း စူးစမ်းလေ့လာရေးယာဉ်တွေကိုသုံးပြီး စကြာဝဠာအသစ်အသစ်တွေကို တွေ့ရှိနိုင်ကြောင်း ဆိုထားပါတယ်။ “A Smooth Exit from Eternal Inflation” ဟာစာတမ်းအမည်ဖြစ်ပြီး ယခုနေထိုင်ရာစကြာဝဠာကြီးဟာနောက်ဆုံးမှာကြယ်တွေစွမ်းအင်ကုန်ပြီးငြိမ်းသွားသလိုအမှောင်ထုထဲမှာတဖြည်းဖြည်းမှုန်ဝါးပျောက်ကွယ်မယ့်အကြောင်းတွေကိုလည်း ခန့်မှန်းထားခဲ့ပါတယ်။ Hertog က ဟော့ကင်းဟာမကြာခဏဆိုသလိုနိုဗယ်လ်ဆုအတွက်လျာထားခံရပေမယ့် တစ်ခါမှဆုမရခဲ့ကြောင်းနဲ့အခုဆိုရင်လည်းသူသေဆုံးပြီဖြစ်တဲ့အတွက်ဆုပေးခဲ့ရင်တောင်လက်ခံရယူနိုင်မှာမဟုတ်ဘူးလို့ဆန်းဒေးတိုမ်းစ်ကိုပြောပြခဲ့ပါတယ်။

ဟော့ကင်း နောက်ဆုံးရေးသားတင်ပြခဲ့တဲ့စာတမ်းနဲ့ပတ်သက်ပြီး ပညာရှင်တွေက အမျိုးမျိုးမေးခွန်းထုတ်ပြီးစိတ်ဝင်စားလျက်ရှိနေပါတယ်။ Durham တက္ကသိုလ်မှ စကြာဝဠာပိုင်းဆိုင်ရာ လေ့လာရေးပရော်ဖက်ဆာတစ်ဦး ဖြစ်တဲ့ Carlos Frenk ကတော့ အရင်အချိန်တွေတုန်းက စကြာဝဠာထဲမှာအခြားစကြာဝဠာတစ်ခုရှိနေတယ်ဆိုတာကိုတိုင်းတာဖို့မတတ်နိုင်ခဲ့ကြောင်းမှတ်ချက်ပေးခဲ့ပါတယ်။ဟော့ကင်းရဲ့စာတမ်းမှာတော့ စကြာဝဠာတိုက်တွေဆီကို အာကာသယာဉ်တွေနဲ့ တိုင်းတာသိရှိနိုင်တဲ့အကြောင်း ဆွေးနွေးထားချက်ဟာ စိတ်ဝင်စားဖွယ်ဖြစ်ကြောင်း Frenk က ဆိုခဲ့ပါတယ်။ ဒါ့အပြင် အခြားစကြာဝဠာတွေရှိနေကြောင်း အထောက်အထားတွေ ရှာဖွေတွေ့ရှိတဲ့အခါကျရင် လူတွေရဲ့ စကြာဝဠာတိုက်တွေအပေါ်မှာ လက်ခံထားတဲ့အယူအဆတွေလည်း လုံးဝပြောင်းလဲသွားနိုင်ကြောင်း ပြောပြခဲ့ပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *