Shwe Pann Thee Global News ၁၅ နှစ်အရွယ်ကျောင်းသားကို အဓမ္မပြုကျင့်ခဲ့တဲ့ ဆရာမအား ကျောင်းသားမိသားစုကို ဒေါ်လာ 1 သန်းပေးဖို့ အမိန့်ထုတ်ကာ ထောင်ဆယ်နှစ်ချပစ်လိုက်

၁၅ နှစ်အရွယ်ကျောင်းသားကို အဓမ္မပြုကျင့်ခဲ့တဲ့ ဆရာမအား ကျောင်းသားမိသားစုကို ဒေါ်လာ 1 သန်းပေးဖို့ အမိန့်ထုတ်ကာ ထောင်ဆယ်နှစ်ချပစ်လိုက်



၁၅ နှစ်အရွယ်ကျောင်းသားကို အဓမ္မပြုကျင့်ခဲ့တဲ့ ဆရာမအား ကျောင်းသားမိသားစုကို ဒေါ်လာ 1 သန်းပေးဖို့ အမိန့်ထုတ်ကာ ထောင်ဆယ်နှစ်ချပစ်လိုက်

လွန်ခဲ့သည့် ၃ နှစ်က မစ္စစ္စပီရှိ ဟိုတယ်ခန်းတစ်ခုတွင် အသက် ၂၈ နှစ်အရွယ် အင်္ဂလိပ်ဆရာမ ဂျနီဖာ ကာစ်ဝဲလ်ကို ရဲတပ်ဖွဲ့က ၁၅ နှစ်အရွယ် ကျောင်းသားတစ်ဦးနှင့်အတူ ဖမ်းမိခဲ့သည်။ သူမသည် Oklahoma’s Hollis အလယ်တန်းကျောင်းတွင် ပြီးခဲ့တဲ့နှစ်လပိုင်းက ကျောင်းသားတစ်ဦးနှင့် လိင်ဆက်ဆံခဲ့ကြောင်း ကောလာဟလများကြားသဖြင့် ရာထူးမှ နုတ်ထွက်ခဲ့ရပြီး ယခုအခါ ရဲများက သက်သေများရရှိထားပြီဖြစ်သည်။

“ဆရာမတစ်ယောက်ဟာ သူ့ရဲ့ယုံကြည်မှုနဲ့ အခွင့်အာဏာကို အလွဲသုံးစားလုပ်ပြီး လူငယ်တစ်ဦးကို စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုတွေ တစ်သက်လုံးရင်ဆိုင်ရစေမယ့် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုမျိုး လုပ်ခဲ့တယ်” ဟု တရားသူကြီးက ပြောကြားခဲ့သည်။

Jennifer Caswell သည် ဒုတိယအဆင့် မုဒိမ်းမှုသုံးကြိမ်၊ ကလေးတစ်ဦးအား ဖြားယောင်းသွေးဆောင်မှု နှစ်ခုနှင့် အတင်းအဓမ္မ လိင်ဆက်ဆံမှု တစ်ကြိမ်တို့ကို အပြစ်ရှိကြောင်း ဝန်ခံခဲ့ပြီး ထောင်ဒဏ် ဆယ်နှစ် ချမှတ်ခံခဲ့ရသည်။

ယခုလည်း Caswell သည် သူမ၏ ရာဇ၀တ်မှုများ အတွက် ဒေါ်လာ ၁ သန်း ပေးဆောင်ရန် အမိန့်ထုတ်ခံထားရသည်။ Caswell အား ကျောင်းကို တရားစွဲရာတွင် ဆုံးဖြတ်ချက်တစ်စိတ်တစ်ပိုင်းအနေဖြင့် ပြည်ထောင်စုတရားသူကြီးဟောင်းမှ ကောင်လေး၏မိသားစုအား ဒေါ်လာ ၁ သန်းပေးဆောင်ရန် အမိန့်ပေးခဲ့သည် ဟု Independent က ရေးသားထားသည်။

Translate by Anne

Zawgyi Version






Leave a Reply

Your email address will not be published. Required fields are marked *