Shwe Pann Thee Global News Single ဘဝတွင် ရယ်စရာ ဦးထုပ်ဆောင်းရသည့်နိုင်ငံ
Single ဘဝတွင် ရယ်စရာ ဦးထုပ်ဆောင်းရသည့်နိုင်ငံ
ကမ္ဘာပေါ်က နိုင်ငံအသီးသီး လူမျိုးစု အထွေထွေမှာ ကိုယ်ပိုင်ရိုးရာဓလေ့တွေ ရှိတက်ကြပါတယ်။တစ်ချို့ ရိုးရာဓလေ့တွေက သည်းထိတ်ရင်ဖို ကြောက်စရာ ကောင်းပြီး ရိုးရာဓလေ့တွေကတော့ ပျော်စရာ ကြည်နူးစရာကောင်းပါတယ်။အခုဒီတစ်ခုကတော့ ဒုတိဘ အမျိုးအစားထဲပါဝင်ပြီး ပရိတ်သတ်တွေထဲက ရပ်ကျော် ရွာကျော် FAတွေအတော်ကို သဘောကျမဲ့ ရိုးရာဓလေ့ဖြစ်ပါတယ်။
ပြင်သစ်နိုင်ငံမှာ နှစ်စဥ် နိုဝင်ဘာ 25 ရက်နေ့‌ရောက်တိုင်း saint catherine ပွဲတော်ကို ကျင်းပကြပါတယ်။ဒီပွဲမှာ စျေးဗန်းခင်းဖို့အတွက် ဘာမှ အထူးအထွေလုပ်နေစရာမလိုပါဘူး။အစိမ်းနဲ့ အဝါရောင်ပါတဲ့ ရယ်စရာ ကောင်းတဲ့ ဦးထုပ်ကို ဆောင်းလိုက်ယုံပါပဲ။ဒါဆို သင်ဟာ FAဖြစ်ကြောင်း အကုန်သိသွားပါပြီ။
တကယ်လို့ အသက် 25 ပြည့်ပြီး လက်မထပ်ရသေးတဲ့ အပျိုကြီး မမတွေဆို အဆိုပါ ရယ်စရာ ကောင်းတဲ့ ဦးထုပ်ကို ဆောင်းရမှာ ဖြစ်ပါတယ်။ဦးထုပ်ရဲ့ အဓိပ္ပါယ်ကတော့ ပညာရှိမှုနဲ့ သစ္စာရှိမှုကို ဖော်ပြခြင်းဖြစ်ပါတယ်။ကဲ ပရိတ်သတ်တွေရဲ့ သူငယ်ချင်းတွေထဲမှာလည်းဦးထုပ်ဆောင်းရမဲ့ အခြေနေ ရောက်နေတဲ့သူများရှိရင်  ကော်မန့်မှာ မန့်ရှင်းခေါ်ခဲ့ဦးနော်။
Credit
Zawgyi Version
Credit
Leave a Reply
Your email address will not be published. Required fields are marked *