Shwe Pann Thee Love နှလုံးသားတစ်ခုလုံးပုံအပ်ပြီး သင့်ကိုပဲတကယ်ချစ်နေတဲ့ ယောကျ်ားတစ်ယောက်ရဲ့လက္ခဏာ(၅)မျိုး

နှလုံးသားတစ်ခုလုံးပုံအပ်ပြီး သင့်ကိုပဲတကယ်ချစ်နေတဲ့ ယောကျ်ားတစ်ယောက်ရဲ့လက္ခဏာ(၅)မျိုး



ယောကျ်ားလေးတစ်ယောက်နဲ့ပတ်သက်ပြီးခန့်မှန်းရအ ခက်ဆုံးကတော့ သူကိုယ့်ကို နှလုံးအပြည့်နဲ့ တကယ်ချ စ်တာလား၊

ဒါမှမဟုတ် ခင်မင်ရုံ သက်သက် ပဲလား၊ဒါမှမဟုတ် အ ပျော်တွဲတာလား ဆိုတာကိုပါပဲ။

အခုဖော်ပြပေးမှာ ကတော့ သင့်အပေါ်ကိုနှလုံးသား တ စ်ခုလုံးပုံအပ်ပြီး သင့်ကိုပဲ အရူးအမူးချစ်နေတဲ့ ယောကျ်ား တစ်ယောက်ရဲ့ လက္ခဏာတွေကိုပါ။

ဒီအချက်လေးတွေဟာ သင့်ချစ်သူ ဒါမှမဟုတ်တစ်စုံတ စ်ယောက်နဲ့ပတ်သက်ပြီးသင်သိချင်နေတဲ့ မေးခွန်းလေးတွေကို ဖြေပေးသွားမှာ ဖြစ်ပါတယ်နော် ။

၁= ဖုန်းနဲ့စကားပြောတယ်

သင့်ကိုအီစီကလီ ဒါမှမဟုတ်အပျော်လောက်ပဲ သဘော ထားတဲ့ယောကျ်ားတစ်ယောက်ဟာtextတွေ၊ chatting တွေလောက်နဲ့ပဲ သင့်ကို စကားပြောမှာပါ ။

ဒါပေမယ့်လည်း သင့်ကို တကယ်ချစ်တဲ့ယောကျ်ားတစ်ယောက်ကတော့ သူအားတဲ့ အချိန်တိုင်းသင့်ကိုဖုန်းခေါ်မှာဖြစ်ပါတယ်။

သင့်ကိုဖုန်းပုံမှန်ဆက်တယ်၊မကြာမကြာဖုန်းဆက်တတ်တယ်ဆိုရင်တော့ သူဟာ သင့်ကို တကယ် ချစ်နေတာပဲ ဖြစ်ပါတယ် ။

၂= နာမည်ပြောင်လေးတွေခေါ်တယ်

သင့်ချစ်သူဟာသင့်ကို နာမည်ပြောင်လေးတွေပေးထားတယ်ဆိုတာသင့်ကိုအလေးအနက်ထားတာကိုပြတာပါ။

ရယ်စရာ နာမည်ပြောင်လေးတွေချစ်စရာနာမည်ပြောင် လေးတွေနဲ့ စနောက်ပြီး ချစ်စနိုးခေါ်တတ်တယ် ဆိုရင်တော့ သင့်ကို သူတကယ်ချစ်နေတယ်ဆိုတာ သိထားလိုက်ပါ ။

၃= သင်ပြောခဲ့တဲ့စကားလေးတွေကို မှတ်မိနေတယ်

သင်ပြောဖူးတဲ့ စကားလေးတွေ ဥပမာ ရုပ်ရှင်ဇာတ်ကားအကြောင်း၊ သင်ကြိုက်တဲ့ အစားအသောက်အကြောင်း၊

သင်ကြိုက်တဲ့ သီချင်းတွေအကြောင်း စသဖြင့် သင့်အကြိုက်လေးတွေ၊ သင်ပြောဖူးတဲ့ အရာလေးတွေ၊ သင်အလေးအနက်ထားတဲ့အရာလေးတွေကို မှတ်မိနေတယ်ဆိုရင်တော့ သင့်ကို တကယ်ချစ်နေတာ သေချာပါတယ် ။

၄= သင့်ကိုမြင်တိုင်း ဟန်မဆောင်နိုင်လောက်အောင်ပျော်တယ်

သင့်ချစ်သူဟာ သင့်အနားမှာ ရှိနေတဲ့အချိန်တွေ၊ သင့်ကိုမြင်လိုက်တဲ့ အချိန်တွေ၊ သင်နဲ့ ဆုံတဲ့ အချိန်တွေတိုင်းမှာ ထိန်းမရလောက်အောင်ကို ပျော်နေမှာပဲ ဖြစ်ပါတယ်။

သူ့မျက်နှာမှာ ပျော်ရွှင်ခြင်းတွေ ပြည့်နေပြီး အမြဲတမ်းပြုံးရွှင်နေပါလိမ့်မယ်။

ရယ်စရာတွေပြော၊ ဟာသတွေ လုပ်ပြီးရွှင်လန်းတက်ကြွနေတယ်ဆိုတာ သင့်ကို တကယ်ချစ်နေလို့ပါပဲ ။

၅= အနာဂတ်အတွက် ကြိုးစားနေမယ်

သင့်ကို ချစ်တဲ့ ယောကျ်ားတစ်ယောက်ဟာ ဘဝကို ဖြစ်သလိုနေမယ့်သူမဟုတ်ပါဘူး။

သူတတ်နိုင်သလောက် အကောင်းဆုံးသော အိပ်မက်တွေ၊ အကောင်းဆုံးသော ဘဝစိတ်ကူးတွေ ရှိနေပြီး အဲ့ဒီ့အရာတွေထဲမှာ သင်လည်း အမြဲတမ်း ပါဝင်နေပါလိမ့်မယ် ။

သင်နဲ့ နီးစပ်ခွင့်ရဖို့အတွက် ကြိုးစားပြီး အနာဂတ်အတွက် အကောင်းဆုံး ကြိုးစားနေတဲ့ယောကျ်ားဟာ သင့်ကို တကယ်ချစ်နေတဲ့သူဖြစ်ပါတယ်နော်။

Credit

Leave a Reply

Your email address will not be published. Required fields are marked *