Shwe Pann Thee Global News သီချင်းသံကိုကြားပြီး (၄)လကြာကိုမာဖြစ်နေရာက ပြန်နိုးလာခဲ့တဲ့အမျိုးသမီး

သီချင်းသံကိုကြားပြီး (၄)လကြာကိုမာဖြစ်နေရာက ပြန်နိုးလာခဲ့တဲ့အမျိုးသမီး



ဂီတမှာ မမြင်နိုင်တဲ့စွမ်းအားတွေရှိတယ်ဆိုတာ ဘယ်သူမှမငြင်းနိုင်ပါဘူး။ သီချင်းနားထောင်နေရင်း သီချင်းစာသားတွေမှာ ကိုယ်နဲ့တိုက်ဆိုင်တဲ့ အကြောင်းအရာတွေပါလာရင် ကိုယ့်ဘဝရဲ့အမှတ်တရအဖြစ်အပျက်တွေကို သတိသွားရပြီး ဝမ်းသာ၊ဝမ်းနည်းစတဲ့ ရသအမျိုးမျိုးကို ခံစားရအောင်လုပ်နိုင်တာကိုက သီချင်းတွေရဲ့အစွမ်းတွေပါ။ တေးသွားတွေရဲ့ဆန်းကြယ်မှုဟာ အကန့်အသတ်မဲ့ပြီး ကိုမာရထားတဲ့လူနာကိုတောင်မှ ပြန်လည်နိုးထလာစေနိုင်ကြောင်း အခုဖော်ပြမယ့်အကြောင်းအရာလေးက သက်သေခံနေပါတယ်။

တရုတ်ပြည်မကြီးက အမည်မသိအမျိုးသမီးတစ်ဦးဟာ ကိုမာဖြစ်နေတာ(၄)လလောက် ရှိပါပြီ။ ထိုလူနာအမျိုးသမီးရဲ့ သူနာပြုတစ်ဦးက လူနာကြည့်ရင်း ထိုင်ဝမ်တေးသံရှင် ဂျေးချူးရဲ့သီချင်းကို သီဆိုနေခဲ့ပါတယ်။ သူနာပြုအမျိုးသားရဲ့သီချင်းဆိုနေသံကို ကြားရပြီးတဲ့နောက်မှ လူနာဟာ ကိုမာကနေ သတိပြန်လည်လာခဲ့တာဖြစ်ပါတယ်။ သူနာပြု ပန်ကီလင်းရဲ့ပြောဆိုချက်အရ ကိုမာဝေဒနာရှင်ဟာ အသက်(၂၄)နှစ်အရွယ်ဖြစ်ပြီး အာရုံခံစားမှုအသိ မဲ့နေခဲ့ကြောင်းဆိုပါတယ်။

ပန်ကီလင်းက သူဟာ ဂျေးချူးရဲ့ (၂၀၀၆)ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Still Fantasy အမည်ရှိ တေးအယ်လ်ဘမ်ထဲမှာပါတဲ့ Rosemary တေးသီချင်းကို သီဆိုနေခဲ့တာဖြစ်ကြောင်း ပြန်လည်ပြောပြခဲ့ပါတယ်။ သီချင်းသံကိုကြားတဲ့အခါ လူနာရဲ့ခြေထောက်တွေက စတင်လှုပ်ရှားလာခဲ့ကြောင်း ဆိုပါတယ်။ နောက်ဆုံးမှာ လူနာဟာ မျက်လုံးပွင့်လာခဲ့ပြီး ခြေထောက်တွေလက်တွေ ကြွခြင်း၊ လက်ညိူးထိုးခိုင်းခြင်း စတဲ့ကီလင်းပြောတဲ့ညွှန်ကြားချက်တွေကို လိုက်လံလုပ်ဆောင်လာနိုင်ကြောင်း သိရပါတယ်။

သူနာပြုပန်ကီလင်းဟာ ဂျေးချူးရဲ့သီချင်းတွေကို နှစ်သက်ပြီး သူ့ရဲ့သီချင်းတွေနဲ့အတူု ကြီးပြင်းလာသူဖြစ်ကြောင်းလည်း ပြောပြခဲ့ပါတယ်။ ဒါကြောင့် သူ့အနေနဲ့ လူနာအမျိုးသမီးကလည်း ဂျေးချူးရဲ့သီချင်းတွေကိုနှ စ်သက်မယ်ထင်ပြီး သူကဆိုပြခဲ့တာဖြစ်တယ်လို့ ပြောပြခဲ့ပါတယ်။

 

လူနာအမျိုးသမီးဟာ ပြီးခဲ့တဲ့နှစ်နိုဝင်ဘာတုန်းက အောက်ဆီဂျင်ပြတ်လပ်မှုကြောင့် ဦးနှောက် အလုပ်မလုပ်တော့ပဲ ကိုမာဝေဒနာသည် ဖြစ်နေခဲ့တာပါ။ ပြီးခဲ့တဲ့မတ်လကုန်ပိုင်းလောက်မှာမှ သတိပြန်လည်လာခဲ့ပြီး အခြေအနေကောင်းမွန်လာတာကြောင့် အထွေထွေကုသဆောင်ကို ရွှေ့ပြောင်းခဲ့ရတယ်လို့ သိရပါတယ်။

Credit HtooHtooSanSan

Leave a Reply

Your email address will not be published. Required fields are marked *