Shwe Pann Thee Global News အသက်(5)နှစ်အရွယ်သမီးဖြစ်သူကိုဒူဘိုင်းသူဌေးတစ်ဦးထံတရားဝင်မွေးစားခွင့်ပေးခဲပီးနောက်၊မမျှော်လင့်ထားတဲ့ငွေပမာဏအများအပြားကိုလက်ခံရရှိခဲ့တဲ့မိဘနှစ်ပါး
အသက်(5)နှစ်အရွယ်သမီးဖြစ်သူကိုဒူဘိုင်းသူဌေးတစ်ဦးထံတရားဝင်မွေးစားခွင့်ပေးခဲပီးနောက်၊မမျှော်လင့်ထားတဲ့ငွေပမာဏအများအပြားကိုလက်ခံရရှိခဲ့တဲ့မိဘနှစ်ပါး
Breanna Youn ဆိုတဲ့အသက်(5)နှစ်အရွယ်သာရှိသေးတဲ့ခလေးမလေးဟာ၊ကိုးရီးယားနိုင်ငံသားဖခင်နဲ့ဖိလစ်ပိုင်နိုင်ငံသူမိခင်တို့ကနေမွေးဖွားလာသူတစ်ယောက်ပဲဖြစ်ပါတယ်။မတူတဲ့နှစ်နိုင်ငံသွေးနှောသူလေးမို့ Breena Youn ရဲ့မျက်နှာအသွင်ပြင်၊အသားရေနဲ့ချစ်စရာကောင်းလွန်းတဲ့မျက်နှာလေးကမြင်သူတိုင်းကိုချစ်ခင်စေခဲ့ရတာတော့အမှန်ပဲ။ Breena ရဲ့မိဘများကတော့ကိုရီးယားနိုင်ငံဘူဆန်ဒေသမှာပင်လယ်စာ export တင်ပို့တဲ့လုပ်ငန်းရှင်များဖြစ်တာကြောင့်၊ကျောထောက်နောက်ခံကောင်းတဲ့မိသားစုလို့ပြောရမှာပါ။
Breena ရဲ့ချစ်စရာကောင်းတဲ့ပုံလေးတွေကို​တေ့ာမိခင်ဖြစ်သူကသူမရဲ့ Instagram မှာပိုစ့်တင်မျှဝေရှိတာကြောင့်၊ Instagram cele တစ်ယောက်ဆိုလဲမမှားပါဘူး။ Breena ရဲ့ fan တွေဟာ (1 million)လောက်ရှိပီး၊သူမရဲ့ fan အများစုကအရှေ့အလယ်ပိုင်းဒေသနိုင်ငံများမှာပိုများတယ်လို့သိရပါတယ်။ဒါ့အပြင် Breena ဟာ fan တွေလက်ဆောင်ပေးတဲ့တန်ဖိုးကြီးပစ္စည်းတွေဖြစ်တဲ့ LV,Channel,Gucci စတဲ့ luxuary brand တွေကိုအမြဲလက်ခံရလေ့ရှိတယ်လို့သိရပါတယ်။
ထိုကဲ့သို့သူမရဲ့ fan တွေထဲမှာဒူဘိုင်းနိုင်ငံကသူဌေးတစ်​ယောက်လဲပါဝင်ခဲ့တယ်လို့သိရပါတယ်။ထိုသူဌေးကြီးဟာ Breena ရဲ့အကြီးစား fan ဖြစ်တာကြောင့် ၊ Breena နဲ့မိသားစုဝင်တွေကိုဒူဘိုင်းလာလည်ဖို့ကိုယ်ပိုင်ဂျက်လေယာဥ်၊ဇိမ်ခံကားအပြင် Five star အဆင့်ရှိတဲ့ဟိုတယ်တွေပါစီစဥ်ထားပီးကမ်းလှမ်းဖိတ်ခေါ်ခဲ့ပါတယ်။ထို့နောက် Breena တို့ရောက်ရှိသွားချိန်မှာပဲသူဌေးကြီးဟာ Breena ကိုမွေးစားခွင့်ပေးဖို့တောင်းဆိုခဲ့ပါတယ်။ထို့နောက်သတင်းများအရ Breena လေးရဲ့ဖခင်အသစ်ဟာ၊ထိုဒူဘိုင်းသူဌေးဆိုတာကိုကြေငြာခဲ့ပါတယ်။
ထိုသူဌေးမှာလဲသားသုံးယောက်ရှိတာကြောင့် ၊ Breena လေးမှာအကိုသုံးယောက်တိုးလို့နေခဲ့ပါတယ်။ထို့နောက် Breena ရဲ့မိဘများကသမီးရဲ့ဘဝပျော်ရွှင်မှုကိုစောင့်ကြည့်ဖို့အတွက်၊ဒူဘိုင်းကိုအဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့သာပြောင်းရွှေ့နေထိုင်ခဲ့ပေမဲ့လို့၊ဒူဘိုင်းသူဌေးကြီးပေးထားတဲ့ဇိမ်ခံကား၊ကောင်းပေ့ဆိုတဲ့အစားစာ၊ဇိမ်ခံအိမ်ကြီးအပြင် Branded ဆိုတဲ့အရာတွေကိုသာဝတ်ဆင်ဝယ်ယူနိုင်သူတွေအဖြစ်ဇိမ်ကျကျနေထိုင်နိုင်ခဲ့ပါတယ်။ဒါ့အပြင်များစွာသောငွေကြေးပမာဏကိုလဲသုံးမကုန်အောင်ရရှိခဲ့သေးတယ်လို့သိရပါတယ်။
ထို့နောက်သတင်းများအရ Breena လေးဟာ၊ဒူဘိုင်းသူဌေးရဲ့ဘာသာနဲ့ထိုနိုင်ငံသားအဖြစ်တရားဝင်ခံယူနေထိုင်လိုက်ပီး၊အမျိုးသမီးများဝတ်လေ့ရှိတဲ့ဝတ်ရုံမဲကြီးကိုသာနေ့စဥ်ဝတ်ဆင်ရပီး၊ယခင်လိုသူမအနေနဲ့လဲ social media မှာပုံရိပ်တွေမျှဝေဖို့မရှိတော့ဘူးလို့သိရပါတယ်။အကြောင်းကတော့ထိုနိုင်ငံဘာသာရဲ့ဓလေ့အရ၊အမျိုးသမီးများဟာကိုယ်ပိုင်လွတ်လပ်ခွင့်အပြည့်အဝမရရှိနိုင်​တော့တာကြောင့်စည်းကမ်းနဲ့အညီဘောင်အတွင်းမှာသာနေထိုင်ရတယ်လို့သိရပါတယ်။ Breena လေးရဲ့ fan တွေကတော့ Breena လေးရဲ့နေ့စဥ်မျှဝေခဲ့တဲ့ပုံရိပ်တွေကိုမြင်တွေ့ရဖွယ်မရှိတော့ပေမဲ့လဲ ၊ social media ကြောင့် Breena လေးရဲ့မိဘတွေနဲ့ Breena ရဲ့ဘဝကနေ့ချင်းညချင်းပြောင်းလဲသွားခဲ့တာနဲ့တင်ကျေနပ်ခဲ့ရပါတယ်။
Bam Bam (Cele Angle)
Zawgyi Version
Bam Bam (Cele Angle)
Leave a Reply
Your email address will not be published. Required fields are marked *