Shwe Pann Thee Love ဆက်မလာတဲ့ဖုန်းကို ဒီနေ့တစ်ညတော့ မျှော်ဖြစ်ဦးမှာပါ

ဆက်မလာတဲ့ဖုန်းကို ဒီနေ့တစ်ညတော့ မျှော်ဖြစ်ဦးမှာပါ



ဆက်မလာတဲ့ဖုန်းကို ဒီနေ့တစ်ညတော့ မျှော်ဖြစ်ဦးမှာပါ ….. ကျွန်မ ဖုန်းလေး အသက်မဲ့နေခဲ့တာ အတော့်ကို ကြာပြီ ။

ကျွန်မ ပိုင်ဆိုင်ထားတဲ့ Relationship ကို ခေါင်းစဉ်ဘယ်လိုတပ်ရမလဲ မသိတော့ဘူး ။ တစ်ယောက်နဲ့တစ်ယောက် မုန်းတယ်လို့မပြောပဲ တစ်ယောက်ကို တစ်ယောက် တစ်ယောက် မဆက်သွယ်ဖြစ်တော့တဲ့ ဆက်ဆံရေးတစ်ခုဟာ တစ်ခါတစ်လေကျတော့ အဆုံးသတ်သွားသလို တစ်ခါတစ်လေကျပြန်တော့လဲ အဆုံးအစတွေ မရှိတော့သလို ကျွန်မ ကိုယ်ကျွန်မ တောင် နားမလည်နိုင်တော့ဘူး ။

နှလုံးသားထဲအထိ မှတ်မိနေတဲ့ သူ့စကားသံလေးတွေ သူ့အပြောအဆိုလေးတွေ အခုဆို မကြားရတာ အတော့်ကို ကြာပြီလေ ။ ချစ်လားဆိုတဲ့ မေးခွန်းတွေ မမေးဖြစ်တော့သလို မလွမ်းဘူးဆိုတဲ့ စကားနာတွေလဲ မထိုးဖြစ်တော့ဘူး ။ ကျွန်မ တိတ်ဆိတ်ရင်းပဲ နေလိုက်မိတယ် … မာနတွေ ထားလိုက်တာ မဟုတ်ပဲ သူသတိရခဲ့ရင်တော့ ကျွန်မကို အမှတ်ရမှာပါဆိုတဲ့ အတွေးနဲ့ စောင့်နေမိရုံပါ ။

ခုဆို … ကျွန်မ ဖုန်းလေး အသက်မဲ့နေတာ အတော်ကို ကြာပြီ … အရင်ကလို အချိန်တွေအကြာကြီး စကားပြောဖြစ်ဖို့ နေနေသာသာ ခဏတစ်ဖြုတ်လေးတောင် အမှတ်တမဲ့နဲ့ ထမမြည်တော့ဘူး .. ဖုန်းဆိုတာကလဲ ခေါ်မယ့်သူရှိမှပဲ အသက်ဝင်တာမျိုးလေ ။ ဘယ်သူကမှ သတိတရမရှိတဲ့အခါ ကိုယ့်ကိုယ်တိုင်ကလဲ တဖြေးဖြေး တိတ်ဆိတ်တတ်လာတယ် … ဒါ ဘယ်လို Relationship မျိုးပါလိမ့် ။

မမျှော်ပါဘူးလို့သာ လိမ်နေတာပါ တကယ်လို့ ဖုန်းသံလေးမြည်လာရင် ပြေးကိုင်မိမှာက ကျွန်မကိုယ်တိုင်ပါပဲ မေ့နေပါပြီလို့ ဟစ်ကြွေးရင်း ငိုမိတတ်တဲ့သူဟာ ကျွန်မပဲ ဖြစ်သလို မမေ့ပါဘူးလို့ ကတိတွေ ပေးပြီး မေ့နေတဲ့သူက သူပဲလေ .. လောကကြီးက မတရားလိုက်တာဆိုပြီး မငြီးတွားချင်တော့ဘူး ချစ်တိုင်းလဲ မညားတတ်တာဟာ ကိုယ်တစ်ယောက်တည်း ကြုံရတာမှ မဟုတ်ပဲလေ …

အသက်မဲ့နေတဲ့ ဖုန်းလေးကို ကြည့်ရင်း နောက်ညတွေရင် မငိုတော့ဘူး ဒီနေ့တစ်ညတော့ ကျွန်မ မျှော်ဖြစ်ဦးမှာပါ ခေါ်မလာတော့ဘူးဆိုတာ သေသေချာချာသိလာတဲ့အချိန်ကျရင် ကျွန်မ လဲ ငိုရင်းမောလောက်ရောက်ပေါ့ အဲ့ဒီအချိန်တွေရောက်ရင် အိပ်မက်လှလှ တွေ မမက်ရင်တောင် ကျွန်မ အိပ်လို့တော့ပျော်မှာပါ ။

Credit သျှင်ယွန်း

Zawgyi Version

ဆက္မလာတဲ့ဖုန္းကို ဒီေန႔တစ္ညေတာ့ ေမွ်ာ္ျဖစ္ဦးမွာပါ ….. ကြၽန္မ ဖုန္းေလး အသက္မဲ့ေနခဲ့တာ အေတာ့္ကို ၾကာၿပီ ။

ကြၽန္မ ပိုင္ဆိုင္ထားတဲ့ Relationship ကို ေခါင္းစဥ္ဘယ္လိုတပ္ရမလဲ မသိေတာ့ဘူး ။ တစ္ေယာက္နဲ႔တစ္ေယာက္ မုန္းတယ္လို႔မေျပာပဲ တစ္ေယာက္ကို တစ္ေယာက္ တစ္ေယာက္ မဆက္သြယ္ျဖစ္ေတာ့တဲ့ ဆက္ဆံေရးတစ္ခုဟာ တစ္ခါတစ္ေလက်ေတာ့ အဆုံးသတ္သြားသလို တစ္ခါတစ္ေလက်ျပန္ေတာ့လဲ အဆုံးအစေတြ မရွိေတာ့သလို ကြၽန္မ ကိုယ္ကြၽန္မ ေတာင္ နားမလည္ႏိုင္ေတာ့ဘူး ။

ႏွလုံးသားထဲအထိ မွတ္မိေနတဲ့ သူ႔စကားသံေလးေတြ သူ႔အေျပာအဆိုေလးေတြ အခုဆို မၾကားရတာ အေတာ့္ကို ၾကာၿပီေလ ။ ခ်စ္လားဆိုတဲ့ ေမးခြန္းေတြ မေမးျဖစ္ေတာ့သလို မလြမ္းဘူးဆိုတဲ့ စကားနာေတြလဲ မထိုးျဖစ္ေတာ့ဘူး ။ ကြၽန္မ တိတ္ဆိတ္ရင္းပဲ ေနလိုက္မိတယ္ … မာနေတြ ထားလိုက္တာ မဟုတ္ပဲ သူသတိရခဲ့ရင္ေတာ့ ကြၽန္မကို အမွတ္ရမွာပါဆိုတဲ့ အေတြးနဲ႔ ေစာင့္ေနမိ႐ုံပါ ။

ခုဆို … ကြၽန္မ ဖုန္းေလး အသက္မဲ့ေနတာ အေတာ္ကို ၾကာၿပီ … အရင္ကလို အခ်ိန္ေတြအၾကာႀကီး စကားေျပာျဖစ္ဖို႔ ေနေနသာသာ ခဏတစ္ျဖဳတ္ေလးေတာင္ အမွတ္တမဲ့နဲ႔ ထမျမည္ေတာ့ဘူး .. ဖုန္းဆိုတာကလဲ ေခၚမယ့္သူရွိမွပဲ အသက္ဝင္တာမ်ိဳးေလ ။ ဘယ္သူကမွ သတိတရမရွိတဲ့အခါ ကိုယ့္ကိုယ္တိုင္ကလဲ တေျဖးေျဖး တိတ္ဆိတ္တတ္လာတယ္ … ဒါ ဘယ္လို Relationship မ်ိဳးပါလိမ့္ ။

မေမွ်ာ္ပါဘူးလို႔သာ လိမ္ေနတာပါ တကယ္လို႔ ဖုန္းသံေလးျမည္လာရင္ ေျပးကိုင္မိမွာက ကြၽန္မကိုယ္တိုင္ပါပဲ ေမ့ေနပါၿပီလို႔ ဟစ္ေႂကြးရင္း ငိုမိတတ္တဲ့သူဟာ ကြၽန္မပဲ ျဖစ္သလို မေမ့ပါဘူးလို႔ ကတိေတြ ေပးၿပီး ေမ့ေနတဲ့သူက သူပဲေလ .. ေလာကႀကီးက မတရားလိုက္တာဆိုၿပီး မၿငီးတြားခ်င္ေတာ့ဘူး ခ်စ္တိုင္းလဲ မညားတတ္တာဟာ ကိုယ္တစ္ေယာက္တည္း ႀကဳံရတာမွ မဟုတ္ပဲေလ …

အသက္မဲ့ေနတဲ့ ဖုန္းေလးကို ၾကည့္ရင္း ေနာက္ညေတြရင္ မငိုေတာ့ဘူး ဒီေန႔တစ္ညေတာ့ ကြၽန္မ ေမွ်ာ္ျဖစ္ဦးမွာပါ ေခၚမလာေတာ့ဘူးဆိုတာ ေသေသခ်ာခ်ာသိလာတဲ့အခ်ိန္က်ရင္ ကြၽန္မ လဲ ငိုရင္းေမာေလာက္ေရာက္ေပါ့ အဲ့ဒီအခ်ိန္ေတြေရာက္ရင္ အိပ္မက္လွလွ ေတြ မမက္ရင္ေတာင္ ကြၽန္မ အိပ္လို႔ေတာ့ေပ်ာ္မွာပါ ။

Credit သွ်င္ယြန္း

Leave a Reply

Your email address will not be published. Required fields are marked *