Shwe Pann Thee Health ဖုန်း နဲ့ကွန်ပျူတာ ကြည့်တာများလို့ မျက်လုံး ခြောက်ရင် ဘာလုပ်ရမလဲ

ဖုန်း နဲ့ကွန်ပျူတာ ကြည့်တာများလို့ မျက်လုံး ခြောက်ရင် ဘာလုပ်ရမလဲ



ဖုန်း နဲ့ကွန်ပျူတာ ကြည့်တာများလို့ မျက်လုံး ခြောက်ရင် ဘာလုပ်ရမလဲ

မျက်လုံး ထဲ ကျိန်းတာ၊စပ်တာ၊ ခို့လို့ခုလုဖြစ်တာတွေက မျက်လုံးခြောက်သွေ့နေတာဖြစ်နိုင်တယ်။

Dry eye လို့ခေါ်တဲ့ မျက်လုံးခြောက်သွေ့တဲ့ပြဿနာဟာ ကွန်ပျူတာတွေ၊ ဖုန်းတွေလို ဒစ်ဂျစ်တယ်စခရင်မ်တွေကြည့်တာများတဲ့သူတွေမှာဖြစ်နေကျပါ။ တီဗီကိုမထတမ်းကြည့်လေ့ရှိတဲ့သူတွေမှာလည်း ခံစားရတတ်ပါတယ်။ တကယ်တော့ မျက်လုံး ကျန်းမာပြီး အမြင်အာရုံ ကြည်လင်စေဖို့ ထိန်းသိမ်းပေးနိုင်ဖို့ မျက်ရည် မလုံလောက်တဲ့အခါ အခုလိုဖြစ်လာတာပါ။

မျက်လုံး ထဲမှာ ရေဓာတ် ထိန်းသိမ်းနိုင်ဖို့၊ သက်တောင့်သက်သာရှိဖို့၊ အမြင် ကြည်လင်ဖို့၊ အမှုန်အမွှားနဲ့ ပြင်ပက ဖုန်မှုန့်တွေကို မျက်လုံးထဲကဖယ်ရှားပေးဖို့၊ ရောဂါပိုးတွေ ရန်က ကာကွယ်ပေးဖို့ ဆိုတာ မျက်ရည်ရဲ့ လုပ်ဆောင်ချက်တွေ ပါ။ ဒါ့ကြောင့် မျက်ရည်အမြဲအလုံအလောက်ရှိနေဖို့ လိုပါတယ်။ မျက်ရည်ခန်းခြောက်လို့ Dry eye ဖြစ်နေပြီဆို ဒီအချက်လေးတွေ လုပ်ကြည့်ပါ။ မျက်ရည်တု ခတ်ပါ မျက်ရည်တုလို့ခေါ်တဲ့ မျက်စဉ်းလေးတွေကို ဆေးဆိုင်မှာ အလွယ်တကူ ဝယ်လို့ရပါတယ်။ မျက်ရည်တု ကြောင့် မျက်စိအတွင်း မခြောက်သွေ့အောင် ကာကွယ်ပေးပြီး အမြင်ပြန်ကြည်လင်စေပါတယ်။ မျက်စိထဲ အေးမြတဲ့ ခံစားမှုကို ရရှိစေပြီး ကျိန်းစပ်တာတွေ အမြန်သက်သာစေပါလိမ့်မယ်။

မျက်လုံး အဖွင့်အပိတ် လုပ်ပေးပါ မျက်လုံး ထဲမှာ ခို့လို့ခုလု ဖြစ်နေတယ်လို့ ခံစားနေရပြီး ကျိန်းစပ်သလို အောင့်သလို ခံစားနေရရင် မျက်လုံးအဖွင့်အပိတ် လေ့ကျင့်ခန်းလုပ်ကြည့်ပါ။ မျက်စိအကြောပြေပြီး နေရသက်သာပါလိမ့်မယ်။ ဒီနည်းက မျက်ရည်ခမ်းခြင်းကို သက်သာစေပြီး အမှုန်ဝင်နေရင်လည်း သူ့အလိုလို ဖယ်ရှားပြီးသား ဖြစ်စေနိုင်ပါတယ်။ မျက်စိ တဝိုက် သွေးလည်ပတ်မှု ကောင်းစေပြီး မျက်စိညောင်း သက်သာစေပါတယ်။ မျက်စိ မှိတ်ပြီး ၂ စက္ကန့်နေပါ။

မျက်စိ မှိတ်လျက်နဲ့ မျက်ခွံကို ကျုံ့ပြီး ၂ စက္ကန့်။ပြီးရင် မျက်စိ ပြန်ဖွင့်ပြီး ၂ စက္ကန့်။ဒီအတိုင်း အစက ပြန်လုပ်ပေးပါ။ သုံးလေးကြိမ်လောက် လုပ်ပြီးရင် မျက်စိဝေဒနာ သက်သာသွားပါလိမ့်မယ်။ နွေးတဲ့အရာ တစ်ခုခု ကပ်ပေးပါ မျက်လုံးအောင့်တာ၊ ကျိန်းစပ်တာတွေကို ချက်ချင်း သက်သာစေတာက အနွေးဓာတ် ပေးတာပါပဲ။ တစ်ခုခု ကြောင့် မျက်စိယားတာ၊ စပ်တာတွေတောင် သက်သာစေနိုင်ပါတယ်။ လက်ကိုင်ပဝါလေး ဖြစ်ဖြစ် အာငွေ့ပေးပြီး မျက်ခွံပေါ်မှာ ကပ်ပြီး ငါးမိနစ် ထားပါ။ လက်ဖဝါး အနွေးဓာတ် ပေးပါ

လက်ဖဝါးကုထုံး ကလည်း နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။ စာဖတ်တာ ကြာသွားလို့ ဒါမှမဟုတ် ကွန်ပျူတာ၊ တီဗီကြည့်တာ ကြာသွားလို့ မျက်စိညောင်းလာပြီ ဆိုရင် ပိုအသုံးဝင်ပါတယ်။ သက်သောင့်သက်သာ ဖြစ်မယ့် အနေအထား နဲ့ ထိုင်ပါ။ လက်ဖဝါးနှစ်ဖက်ကို ပူနွေးလာတဲ့အထိ ပွတ်ပါ။ မှိတ်ထားတဲ့ မျက်ခွံပေါ်မှာ လက် နဲ့ အုပ်ထားပါ။ မဖိရပါ။ ဖြေလျော့ပြီး စက္ကန့်၃ဝလောက် ငြိမ်နေပေးပါ။ မျက်လုံးကို ဖြည်းဖြည်းဖွင့်ပြီး ဟိုဟိုဒီဒီ ကြည့်ပါ။ ဒီနည်းကို ၃ ကြိမ်မှ ၅ ကြိမ် ထပ်လုပ်ပေးပါ။ အဆီများတဲ့ငါး စားပါ အဓိက ကတော့ အကျိုးပြုအဆီဓာတ် omega-3 fatty acids ကြွယ်ဝတဲ့ တူနာ၊ ဆာဒင်း၊ မက်ကာရယ်၊ ဆာဒင်းငါးနဲ့ ဆယ်လ်မွန်ငါးတွေက အမြင်အာရုံ ကျန်းမာရေး အတွက် သိပ်ကို ကောင်းပါတယ်။

ရေသောက်ပါ မျက်စိ အပါအဝင် ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်း အားလုံးကို ကျန်းမာစေဖို့ အတွက် ရေဓာတ် လုံလောက်ဖို့ လိုအပ်ပါတယ်။ ရေအရမ်းဆာတဲ့အထိ မနေပါနဲ့။ မကြာမကြာ ရေသောက်ပေးပါ။

ဘာပဲဖြစ်ဖြစ် –

ကွန်ပျူတာ သို့မဟုတ် တီဗီမျက်နှာပြင်ကို တစ်ဆက်တည်း အကြာကြီး ကြည့်နေရင် မျက်စိနဲ့ ပတ်သက်တဲ့ဝေဒနာတွေက ဖြစ်လာမှာပဲ ဆိုတော့ ကြည့်နေတဲ့ကြားမှာ ခဏလောက်တော့ မျက်လုံး လွှဲပြီး နားနားပေးပါ။ အိပ်ရေးဝအောင် အိပ်ပါ။ အိပ်ရေးပျက်ခံခြင်းက မျက်စိဝေဒနာ မကြာခဏ ဖြစ်စေတတ်ပါတယ်။

Credit

Zawgyi Version

ဖုန္း နဲ႔ကြန္ပ်ဴတာ ၾကည့္တာမ်ားလို႔ မ်က္လုံး ေျခာက္ရင္ ဘာလုပ္ရမလဲ

မ်က္လုံး ထဲ က်ိန္းတာ၊စပ္တာ၊ ခို႔လို႔ခုလုျဖစ္တာေတြက မ်က္လုံးေျခာက္ေသြ႕ေနတာျဖစ္ႏိုင္တယ္။

Dry eye လို႔ေခၚတဲ့ မ်က္လုံးေျခာက္ေသြ႕တဲ့ျပႆနာဟာ ကြန္ပ်ဴတာေတြ၊ ဖုန္းေတြလို ဒစ္ဂ်စ္တယ္စခရင္မ္ေတြၾကည့္တာမ်ားတဲ့သူေတြမွာျဖစ္ေနက်ပါ။ တီဗီကိုမထတမ္းၾကည့္ေလ့ရွိတဲ့သူေတြမွာလည္း ခံစားရတတ္ပါတယ္။ တကယ္ေတာ့ မ်က္လုံး က်န္းမာၿပီး အျမင္အာ႐ုံ ၾကည္လင္ေစဖို႔ ထိန္းသိမ္းေပးႏိုင္ဖို႔ မ်က္ရည္ မလုံေလာက္တဲ့အခါ အခုလိုျဖစ္လာတာပါ။

မ်က္လုံး ထဲမွာ ေရဓာတ္ ထိန္းသိမ္းႏိုင္ဖို႔၊ သက္ေတာင့္သက္သာရွိဖို႔၊ အျမင္ ၾကည္လင္ဖို႔၊ အမႈန္အမႊားနဲ႔ ျပင္ပက ဖုန္မႈန႔္ေတြကို မ်က္လုံးထဲကဖယ္ရွားေပးဖို႔၊ ေရာဂါပိုးေတြ ရန္က ကာကြယ္ေပးဖို႔ ဆိုတာ မ်က္ရည္ရဲ႕ လုပ္ေဆာင္ခ်က္ေတြ ပါ။ ဒါ့ေၾကာင့္ မ်က္ရည္အၿမဲအလုံအေလာက္ရွိေနဖို႔ လိုပါတယ္။ မ်က္ရည္ခန္းေျခာက္လို႔ Dry eye ျဖစ္ေနၿပီဆို ဒီအခ်က္ေလးေတြ လုပ္ၾကည့္ပါ။ မ်က္ရည္တု ခတ္ပါ မ်က္ရည္တုလို႔ေခၚတဲ့ မ်က္စဥ္းေလးေတြကို ေဆးဆိုင္မွာ အလြယ္တကူ ဝယ္လို႔ရပါတယ္။ မ်က္ရည္တု ေၾကာင့္ မ်က္စိအတြင္း မေျခာက္ေသြ႕ေအာင္ ကာကြယ္ေပးၿပီး အျမင္ျပန္ၾကည္လင္ေစပါတယ္။ မ်က္စိထဲ ေအးျမတဲ့ ခံစားမႈကို ရရွိေစၿပီး က်ိန္းစပ္တာေတြ အျမန္သက္သာေစပါလိမ့္မယ္။

မ်က္လုံး အဖြင့္အပိတ္ လုပ္ေပးပါ မ်က္လုံး ထဲမွာ ခို႔လို႔ခုလု ျဖစ္ေနတယ္လို႔ ခံစားေနရၿပီး က်ိန္းစပ္သလို ေအာင့္သလို ခံစားေနရရင္ မ်က္လုံးအဖြင့္အပိတ္ ေလ့က်င့္ခန္းလုပ္ၾကည့္ပါ။ မ်က္စိအေၾကာေျပၿပီး ေနရသက္သာပါလိမ့္မယ္။ ဒီနည္းက မ်က္ရည္ခမ္းျခင္းကို သက္သာေစၿပီး အမႈန္ဝင္ေနရင္လည္း သူ႔အလိုလို ဖယ္ရွားၿပီးသား ျဖစ္ေစႏိုင္ပါတယ္။ မ်က္စိ တဝိုက္ ေသြးလည္ပတ္မႈ ေကာင္းေစၿပီး မ်က္စိေညာင္း သက္သာေစပါတယ္။ မ်က္စိ မွိတ္ၿပီး ၂ စကၠန႔္ေနပါ။

မ်က္စိ မွိတ္လ်က္နဲ႔ မ်က္ခြံကို က်ဳံ႕ၿပီး ၂ စကၠန႔္။ၿပီးရင္ မ်က္စိ ျပန္ဖြင့္ၿပီး ၂ စကၠန႔္။ဒီအတိုင္း အစက ျပန္လုပ္ေပးပါ။ သုံးေလးႀကိမ္ေလာက္ လုပ္ၿပီးရင္ မ်က္စိေဝဒနာ သက္သာသြားပါလိမ့္မယ္။ ေႏြးတဲ့အရာ တစ္ခုခု ကပ္ေပးပါ မ်က္လုံးေအာင့္တာ၊ က်ိန္းစပ္တာေတြကို ခ်က္ခ်င္း သက္သာေစတာက အေႏြးဓာတ္ ေပးတာပါပဲ။ တစ္ခုခု ေၾကာင့္ မ်က္စိယားတာ၊ စပ္တာေတြေတာင္ သက္သာေစႏိုင္ပါတယ္။ လက္ကိုင္ပဝါေလး ျဖစ္ျဖစ္ အာေငြ႕ေပးၿပီး မ်က္ခြံေပၚမွာ ကပ္ၿပီး ငါးမိနစ္ ထားပါ။ လက္ဖဝါး အေႏြးဓာတ္ ေပးပါ

လက္ဖဝါးကုထုံး ကလည္း နည္းလမ္းေကာင္းတစ္ခု ျဖစ္ပါတယ္။ စာဖတ္တာ ၾကာသြားလို႔ ဒါမွမဟုတ္ ကြန္ပ်ဴတာ၊ တီဗီၾကည့္တာ ၾကာသြားလို႔ မ်က္စိေညာင္းလာၿပီ ဆိုရင္ ပိုအသုံးဝင္ပါတယ္။ သက္ေသာင့္သက္သာ ျဖစ္မယ့္ အေနအထား နဲ႔ ထိုင္ပါ။ လက္ဖဝါးႏွစ္ဖက္ကို ပူေႏြးလာတဲ့အထိ ပြတ္ပါ။ မွိတ္ထားတဲ့ မ်က္ခြံေပၚမွာ လက္ နဲ႔ အုပ္ထားပါ။ မဖိရပါ။ ေျဖေလ်ာ့ၿပီး စကၠန႔္၃ဝေလာက္ ၿငိမ္ေနေပးပါ။ မ်က္လုံးကို ျဖည္းျဖည္းဖြင့္ၿပီး ဟိုဟိုဒီဒီ ၾကည့္ပါ။ ဒီနည္းကို ၃ ႀကိမ္မွ ၅ ႀကိမ္ ထပ္လုပ္ေပးပါ။ အဆီမ်ားတဲ့ငါး စားပါ အဓိက ကေတာ့ အက်ိဳးျပဳအဆီဓာတ္ omega-3 fatty acids ႂကြယ္ဝတဲ့ တူနာ၊ ဆာဒင္း၊ မက္ကာရယ္၊ ဆာဒင္းငါးနဲ႔ ဆယ္လ္မြန္ငါးေတြက အျမင္အာ႐ုံ က်န္းမာေရး အတြက္ သိပ္ကို ေကာင္းပါတယ္။

ေရေသာက္ပါ မ်က္စိ အပါအဝင္ ခႏၶာကိုယ္ရဲ႕ အစိတ္အပိုင္း အားလုံးကို က်န္းမာေစဖို႔ အတြက္ ေရဓာတ္ လုံေလာက္ဖို႔ လိုအပ္ပါတယ္။ ေရအရမ္းဆာတဲ့အထိ မေနပါနဲ႔။ မၾကာမၾကာ ေရေသာက္ေပးပါ။

ဘာပဲျဖစ္ျဖစ္ –

ကြန္ပ်ဴတာ သို႔မဟုတ္ တီဗီမ်က္ႏွာျပင္ကို တစ္ဆက္တည္း အၾကာႀကီး ၾကည့္ေနရင္ မ်က္စိနဲ႔ ပတ္သက္တဲ့ေဝဒနာေတြက ျဖစ္လာမွာပဲ ဆိုေတာ့ ၾကည့္ေနတဲ့ၾကားမွာ ခဏေလာက္ေတာ့ မ်က္လုံး လႊဲၿပီး နားနားေပးပါ။ အိပ္ေရးဝေအာင္ အိပ္ပါ။ အိပ္ေရးပ်က္ခံျခင္းက မ်က္စိေဝဒနာ မၾကာခဏ ျဖစ္ေစတတ္ပါတယ္။

Credit

Leave a Reply

Your email address will not be published. Required fields are marked *