Shwe Pann Thee Knowledge ဝိုင်အရက်နဲ့ ဘီယာတွေက Creative ဉာဏ်ပိုထက်သန်စေတယ်လို့ ဆို

ဝိုင်အရက်နဲ့ ဘီယာတွေက Creative ဉာဏ်ပိုထက်သန်စေတယ်လို့ ဆို



ဝိုင်အရက်နဲ့ ဘီယာတွေက Creative ဉာဏ်ပိုထက်သန်စေတယ်လို့ ဆို

ဝိုင်တစ်ဖန်ခွက်နဲ့ ဘီယာတစ်ပိုင့်လောက်ဟာ ဖန်တီးဉာဏ်ပိုကောင်းစေတယ်ဆိုပြီး ဩစတြေးလျသိပ္ပံပညာရှင်တွေက တွေ့ရှိထားပါတယ်။

“အယ်လ်ကိုဟောလ်ဟာ ဖန်တီးနိုင်စွမ်းနဲ့ ဆက်စပ်မှုရှိနေပါတယ်” လို့ သိပ္ပံပညာရှင်အကြီးအကဲတစ်ဦးဖြစ်တဲ့ ဒေါက်တာ မာသီးယပ်စ် ဘန်နီဒက်ခ်က ပြောပါတယ်။ “အရင်သုတေသနတွေအရ ထိပ်ထိပ်ကြဲစာရေးဆရာကြီးတွေရဲ့ တစ်ဝက်နီးပါးဟာ ယမကာမှီဝဲတဲ့ သမိုင်းကြောင်းရှိတယ်ဆိုတာ တွေ့ထားပါတယ်။ ယမကာကို အတိုင်းအတာနဲ့ အနည်းငယ်မျှ သောက်သုံးခြင်းဟာ ဖန်တီးနိုင်စွမ်းတက်လာအောင် ကူညီပေးနိုင်တယ်လို့ တွေ့ရပါတယ်။”

ဘန်နီဒက်ခ်ရဲ့ အဆိုအရ အတော်အတင့် သောက်ခြင်းဟာ အာရုံစိုက်လုပ်ရတဲ့ အလုပ်တွေကို နည်းနည်း ပိုခက်ခဲစေတယ်လို့ ဆိုပါတယ်။ ဖန်တီးမှုနဲ့ လုပ်ရတဲ့ စာရေးတာမျိုးတွေ ၊ အိုင်ဒီယာသစ်တွေ ထွက်အောင် ဦးနှောက်စားနေချိန်မျိုးမှာ ယမကာအတော်အသင့် သောက်ပေးတာက ပိုပြီး ဖန်တီးမှုကို လှုံ့ဆော်နှိုးဆွနိုင်တယ်လို့လည်း သူက ပြောပါတယ်။ လေ့လာမှုမှာ ပါဝင်သူတချို့ကို ပုံမှန် ဘီယာတစ်ပုလင်းစီ သောက်စေပြီး တခြားသူတွေကိုတော့ ယမကာပါဝင်မှု မရှိတဲ့ Non-Alcoholic ဘီယာသောက်စေတာပါ။

ဒီနောက်စကားလုံးတွေ စုစည်းချိတ်ဆက်ရတဲ့ အလုပ်ကို ပေးထားတာပါ။ ဥပမာ- Swiss ၊ Blue ၊ Cake စတဲ့ စကားလုံးတွေအကြား ဆက်စပ်မှုရှာခိုင်းတာ ဖြစ်ပါတယ်။ အယ်လိုဟောသောက်သူတွေကတော့ ဒီစကားလုံးတွေကို ချိတ်ပေးတဲ့ ချိတ်ဆက်စကားလုံးဟာ ချိစ် Cheese ဖြစ်တယ်လို့ မှန်မှန်ကန်ကန် ခန့်မှန်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

Consciousness & Cognition ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ သုတေသနထဲမှာ အယ်လ်ကိုဟောသောက်သုံးသူတွေဟာ အာရုံစိုက်မှုနဲ့ သိစိတ်ထိန်းချုပ်တဲ့ဘက်မှာ အားလျော့တယ်လို့ ပါရှိပါတယ်။

ဝိုင် ၊ ဘီယာစတဲ့ အရက်ပျော့သောက်ခြင်းနဲ့ ဖန်တီးမှုဉာဏ်အကြား ဆက်စပ်နိုင်တဲ့ သီအိုရီနှစ်ခု ရှိပါတယ်။ ပထမတစ်ခုက ပြဿနာတစ်ခုခုပေါ် တကယ်တမ်း အာရုံစိုက်တဲ့အခါ စိတ်ဟာ ပြဿနာကို ဖြေရှင်းဖို့လမ်းကြောင်းတစ်ခုတည်းမှာ ပိတ်မိသွားတယ်လို့ ဆိုပါတယ်။ အယ်လ်ကိုဟောဟာ စိတ်ထဲက အလုပ်လုပ်တဲ့ အချက်အလက်အားလုံးကို ထိန်းသိမ်းထားဖို့ ပိုခက်စေတာကြောင့် တခြားဦးတည်ဘက်တစ်ခုကနေ ပြဿနာကို အဖြေရှာဖို့ ကူညီပေးတာ ဖြစ်ပါတယ်။ ဒုတိယသီအိုရီအရ အယ်လ်ကိုဟာဟာ အဓိကပြဿနာကနေ ကွဲထွက်စေအောင် ထောက်ပံ့ပြီး မသိစိတ်ထဲ ဝင်ရောက်နိုင်အောင် ခွင့်ပြုတာပါ။

ဒီနည်းနဲ့ တစ်ဖက်နည်းနဲ့ အဖြေရှာမှု လုပ်တာ ဖြစ်ပါတယ်။ ဒီတော့ အရက်ပါဝင်မှုသိပ်မမြင့်တဲ့ ဝိုင်နဲ့ ဘီယာလို ယမကာတွေကို အသင့်အတင့်သောက်ပေးခြင်းအားဖြင့် သင့်မသိစိတ်နဲ့ ချိတ်ဆက်ပြီး ဖန်တီးမှုတံခါးကို ဖွင့်ပေးနိုင်တယ်လို့ ပြောချင်ပါတယ်။

Credit

Zawgyi Version

ဝိုင္အရက္နဲ႔ ဘီယာေတြက Creative ဉာဏ္ပိုထက္သန္ေစတယ္လို႔ ဆို

ဝိုင္တစ္ဖန္ခြက္နဲ႔ ဘီယာတစ္ပိုင့္ေလာက္ဟာ ဖန္တီးဉာဏ္ပိုေကာင္းေစတယ္ဆိုၿပီး ဩစေၾတးလ်သိပၸံပညာရွင္ေတြက ေတြ႕ရွိထားပါတယ္။

“အယ္လ္ကိုေဟာလ္ဟာ ဖန္တီးႏိုင္စြမ္းနဲ႔ ဆက္စပ္မႈရွိေနပါတယ္” လို႔ သိပၸံပညာရွင္အႀကီးအကဲတစ္ဦးျဖစ္တဲ့ ေဒါက္တာ မာသီးယပ္စ္ ဘန္နီဒက္ခ္က ေျပာပါတယ္။ “အရင္သုေတသနေတြအရ ထိပ္ထိပ္ႀကဲစာေရးဆရာႀကီးေတြရဲ႕ တစ္ဝက္နီးပါးဟာ ယမကာမွီဝဲတဲ့ သမိုင္းေၾကာင္းရွိတယ္ဆိုတာ ေတြ႕ထားပါတယ္။ ယမကာကို အတိုင္းအတာနဲ႔ အနည္းငယ္မွ် ေသာက္သုံးျခင္းဟာ ဖန္တီးႏိုင္စြမ္းတက္လာေအာင္ ကူညီေပးႏိုင္တယ္လို႔ ေတြ႕ရပါတယ္။”

ဘန္နီဒက္ခ္ရဲ႕ အဆိုအရ အေတာ္အတင့္ ေသာက္ျခင္းဟာ အာ႐ုံစိုက္လုပ္ရတဲ့ အလုပ္ေတြကို နည္းနည္း ပိုခက္ခဲေစတယ္လို႔ ဆိုပါတယ္။ ဖန္တီးမႈနဲ႔ လုပ္ရတဲ့ စာေရးတာမ်ိဳးေတြ ၊ အိုင္ဒီယာသစ္ေတြ ထြက္ေအာင္ ဦးေႏွာက္စားေနခ်ိန္မ်ိဳးမွာ ယမကာအေတာ္အသင့္ ေသာက္ေပးတာက ပိုၿပီး ဖန္တီးမႈကို လႈံ႕ေဆာ္ႏႈိးဆြႏိုင္တယ္လို႔လည္း သူက ေျပာပါတယ္။ ေလ့လာမႈမွာ ပါဝင္သူတခ်ိဳ႕ကို ပုံမွန္ ဘီယာတစ္ပုလင္းစီ ေသာက္ေစၿပီး တျခားသူေတြကိုေတာ့ ယမကာပါဝင္မႈ မရွိတဲ့ Non-Alcoholic ဘီယာေသာက္ေစတာပါ။

ဒီေနာက္စကားလုံးေတြ စုစည္းခ်ိတ္ဆက္ရတဲ့ အလုပ္ကို ေပးထားတာပါ။ ဥပမာ- Swiss ၊ Blue ၊ Cake စတဲ့ စကားလုံးေတြအၾကား ဆက္စပ္မႈရွာခိုင္းတာ ျဖစ္ပါတယ္။ အယ္လိုေဟာေသာက္သူေတြကေတာ့ ဒီစကားလုံးေတြကို ခ်ိတ္ေပးတဲ့ ခ်ိတ္ဆက္စကားလုံးဟာ ခ်ိစ္ Cheese ျဖစ္တယ္လို႔ မွန္မွန္ကန္ကန္ ခန႔္မွန္းႏိုင္ခဲ့တယ္လို႔ ဆိုပါတယ္။

Consciousness & Cognition ဂ်ာနယ္မွာ ေဖာ္ျပခဲ့တဲ့ သုေတသနထဲမွာ အယ္လ္ကိုေဟာေသာက္သုံးသူေတြဟာ အာ႐ုံစိုက္မႈနဲ႔ သိစိတ္ထိန္းခ်ဳပ္တဲ့ဘက္မွာ အားေလ်ာ့တယ္လို႔ ပါရွိပါတယ္။

ဝိုင္ ၊ ဘီယာစတဲ့ အရက္ေပ်ာ့ေသာက္ျခင္းနဲ႔ ဖန္တီးမႈဉာဏ္အၾကား ဆက္စပ္ႏိုင္တဲ့ သီအိုရီႏွစ္ခု ရွိပါတယ္။ ပထမတစ္ခုက ျပႆနာတစ္ခုခုေပၚ တကယ္တမ္း အာ႐ုံစိုက္တဲ့အခါ စိတ္ဟာ ျပႆနာကို ေျဖရွင္းဖို႔လမ္းေၾကာင္းတစ္ခုတည္းမွာ ပိတ္မိသြားတယ္လို႔ ဆိုပါတယ္။ အယ္လ္ကိုေဟာဟာ စိတ္ထဲက အလုပ္လုပ္တဲ့ အခ်က္အလက္အားလုံးကို ထိန္းသိမ္းထားဖို႔ ပိုခက္ေစတာေၾကာင့္ တျခားဦးတည္ဘက္တစ္ခုကေန ျပႆနာကို အေျဖရွာဖို႔ ကူညီေပးတာ ျဖစ္ပါတယ္။ ဒုတိယသီအိုရီအရ အယ္လ္ကိုဟာဟာ အဓိကျပႆနာကေန ကြဲထြက္ေစေအာင္ ေထာက္ပံ့ၿပီး မသိစိတ္ထဲ ဝင္ေရာက္ႏိုင္ေအာင္ ခြင့္ျပဳတာပါ။

ဒီနည္းနဲ႔ တစ္ဖက္နည္းနဲ႔ အေျဖရွာမႈ လုပ္တာ ျဖစ္ပါတယ္။ ဒီေတာ့ အရက္ပါဝင္မႈသိပ္မျမင့္တဲ့ ဝိုင္နဲ႔ ဘီယာလို ယမကာေတြကို အသင့္အတင့္ေသာက္ေပးျခင္းအားျဖင့္ သင့္မသိစိတ္နဲ႔ ခ်ိတ္ဆက္ၿပီး ဖန္တီးမႈတံခါးကို ဖြင့္ေပးႏိုင္တယ္လို႔ ေျပာခ်င္ပါတယ္။

Credit

Leave a Reply

Your email address will not be published. Required fields are marked *