Shwe Pann Thee Knowledge ဘယ်လိုအခြေအနေရောက်ရောက် ဖြစ်တည်မှုကို ချစ်တတ်ပါစေ

ဘယ်လိုအခြေအနေရောက်ရောက် ဖြစ်တည်မှုကို ချစ်တတ်ပါစေ



ဘယ်လိုအခြေအနေရောက်ရောက် ဖြစ်တည်မှုကို ချစ်တတ်ပါစေ

ယောကျာ်းဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် လူတိုင်းဟာ ထိုင်ခုံကို မှီထိုင်ရင် ဗိုက်ခေါက်ထွက်ပါတယ် ( gym ဘယ်လောက်ဆော့ဆော့ ထွက်တယ် ,တကယ် ) တစုံတယောက်က နင် ဒီနေ့ သိပ်လှတာပဲလို့ ပြောလာခဲ့ရင် ယုံလိုက်ပါ။ ကိုယ်ဟာ အရင်ခါတိုင်း နေ့တွေထက် ဒီနေ့ပိုလှတယ်။

ညဘက် သွားတိုက်ထားလဲ မနက်မိုးလင်းလို့ ခံတွင်းအနံ့ရှိတယ် ဆိုတာ ပုံမှန်ပါ။
ရုပ်ရှင်တွေထဲကလို ဘယ်သူမှ မွှေးကြိုင်မနေပါဘူး။ ကိုယ်က အသားညိုတယ်လို့ စိတ်ဓါတ်ကျနေပေမဲ့ နိုင်ငံခြားသူတွေဟာ tanned skin ရဖို့ နေပူထွက်ခံနေရတာကို သတိရပါ။ ကိုယ့်ဘဝကို ကယ်တင်ဖို့ တစုံတယောက်လိုနေပြီ မထင်ပါနဲ့။ လူတိုင်းဟာ ကိုယ့်ဘဝကိုယ် ရုန်းကန်ကူးခတ်နေကြရတာပါ။ ကိုယ့်မျက်နာနဲ့ ခန္ဓာကိုယ်ပေါ်က အစိတ်အပိုင်းတွေ အကုန်လုံးဟာ ၁၀၀% လှမနေပါဘူး။

ဒါပေမဲ့ ကိုယ့်အတွက်တော့ နေသားကျကြည့်ကောင်း လှပနေပါတယ်။နင်က ငါ့ကို တန်ဖိုးမထားဘူး လို့တွေးပြီး စိတ်ညစ်မနေပါနဲ့။ တန်ဖိုးဆိုတာ ကိုယ့်ကိုယ်ကို ထားရတာ။ ချစ်သူနဲ့ ပြတ်ရင် သူသနားအောင် အသည်းကွဲပြ အရွဲ့တိုက်ပြမယ် မလုပ်ပါနဲ့။

ပိုလှ ပိုကျက်သရေရှိ ပိုတော်ရင် သူ့ထက်အဆပေါင်းများစွာ သာတဲ့သူနဲ့ ဆုံရမှာပါ။ ကျွန်မတို့ မိန်းမသားတွေဟာနူးညံ့ရင်း ကြံ့ခိုင်ရပါမယ်ငိုကြွေးရင်း ပြုံးတတ်ရပါမယ် သင်ခန်းစာယူရင်း ချစ်တတ်ရပါမယ် ကိုယ့်ဖြစ်တည်မှုကို ချစ်ပါ။ ပတ်ဝန်းကျင်ကို အကောင်းနဲ့ ရှုမြင်ပါ။ သူ့နေရာမှာ ငါ ဆိုတဲ့စိတ်နဲ့ကိုယ်ချင်းစာပါ။ ကြင်နာနွေးထွေးမှု စာနာထောက်ထားမှု ကိုယ်ချင်းစာတရားချစ်တတ်ခြင်း ဆိုတဲ့မိခင်စိတ် ဆိုတာ မိန်းမသားတွေဆီမှာပဲ ရှိတာမို့ ကျေနပ်စွာ ဂုဏ်ယူပါ။

Credit:ချစ်သောအိချို

Zawgyi Version

ဘယ္လိုအေျခအေနေရာက္ေရာက္ ျဖစ္တည္မႈကို ခ်စ္တတ္ပါေစ
ေယာက်ာ္းျဖစ္ျဖစ္ မိန္းမျဖစ္ျဖစ္ လူတိုင္းဟာ ထိုင္ခုံကို မွီထိုင္ရင္ ဗိုက္ေခါက္ထြက္ပါတယ္ ( gym ဘယ္ေလာက္ေဆာ့ေဆာ့ ထြက္တယ္ ,တကယ္ ) တစုံတေယာက္က နင္ ဒီေန႔ သိပ္လွတာပဲလို႔ ေျပာလာခဲ့ရင္ ယုံလိုက္ပါ။ ကိုယ္ဟာ အရင္ခါတိုင္း ေန႔ေတြထက္ ဒီေန႔ပိုလွတယ္။

ညဘက္ သြားတိုက္ထားလဲ မနက္မိုးလင္းလို႔ ခံတြင္းအနံ႔ရွိတယ္ ဆိုတာ ပုံမွန္ပါ။
႐ုပ္ရွင္ေတြထဲကလို ဘယ္သူမွ ေမႊးႀကိဳင္မေနပါဘူး။ ကိုယ္က အသားညိဳတယ္လို႔ စိတ္ဓါတ္က်ေနေပမဲ့ ႏိုင္ငံျခားသူေတြဟာ tanned skin ရဖို႔ ေနပူထြက္ခံေနရတာကို သတိရပါ။ ကိုယ့္ဘဝကို ကယ္တင္ဖို႔ တစုံတေယာက္လိုေနၿပီ မထင္ပါနဲ႔။ လူတိုင္းဟာ ကိုယ့္ဘဝကိုယ္ ႐ုန္းကန္ကူးခတ္ေနၾကရတာပါ။ ကိုယ့္မ်က္နာနဲ႔ ခႏၶာကိုယ္ေပၚက အစိတ္အပိုင္းေတြ အကုန္လုံးဟာ ၁၀၀% လွမေနပါဘူး။

ဒါေပမဲ့ ကိုယ့္အတြက္ေတာ့ ေနသားက်ၾကည့္ေကာင္း လွပေနပါတယ္။နင္က ငါ့ကို တန္ဖိုးမထားဘူး လို႔ေတြးၿပီး စိတ္ညစ္မေနပါနဲ႔။ တန္ဖိုးဆိုတာ ကိုယ့္ကိုယ္ကို ထားရတာ။ ခ်စ္သူနဲ႔ ျပတ္ရင္ သူသနားေအာင္ အသည္းကြဲျပ အ႐ြဲ႕တိုက္ျပမယ္ မလုပ္ပါနဲ႔။

ပိုလွ ပိုက်က္သေရရွိ ပိုေတာ္ရင္ သူ႔ထက္အဆေပါင္းမ်ားစြာ သာတဲ့သူနဲ႔ ဆုံရမွာပါ။ ကြၽန္မတို႔ မိန္းမသားေတြဟာႏူးညံ့ရင္း ႀကံ့ခိုင္ရပါမယ္ငိုေႂကြးရင္း ၿပဳံးတတ္ရပါမယ္ သင္ခန္းစာယူရင္း ခ်စ္တတ္ရပါမယ္ ကိုယ့္ျဖစ္တည္မႈကို ခ်စ္ပါ။ ပတ္ဝန္းက်င္ကို အေကာင္းနဲ႔ ရႈျမင္ပါ။ သူ႔ေနရာမွာ ငါ ဆိုတဲ့စိတ္နဲ႔ကိုယ္ခ်င္းစာပါ။ ၾကင္နာေႏြးေထြးမႈ စာနာေထာက္ထားမႈ ကိုယ္ခ်င္းစာတရားခ်စ္တတ္ျခင္း ဆိုတဲ့မိခင္စိတ္ ဆိုတာ မိန္းမသားေတြဆီမွာပဲ ရွိတာမို႔ ေက်နပ္စြာ ဂုဏ္ယူပါ။

Credit:ခ်စ္ေသာအိခ်ိဳ

Leave a Reply

Your email address will not be published. Required fields are marked *