Shwe Pann Thee Knowledge အသက်(၂၅)နှစ်မတိုင်ခင် အိမ်ထောင်ပြုဖို့ လုံးဝ မစဉ်းစားသင့်ကြောင်း ပြနေတဲ့ အချက်(၅)ချက်

အသက်(၂၅)နှစ်မတိုင်ခင် အိမ်ထောင်ပြုဖို့ လုံးဝ မစဉ်းစားသင့်ကြောင်း ပြနေတဲ့ အချက်(၅)ချက်



အသက်(၂၅)နှစ်မတိုင်ခင် အိမ်ထောင်ပြုဖို့ လုံးဝ မစဉ်းစားသင့်ကြောင်း ပြနေတဲ့ အချက်(၅)ချက်

အိမ်ထောင်ပြုတယ်ဆိုတာ အရွယ်ရောက်ပြီးတဲ့သူတိုင်း ရွေးချယ်နိုင်တဲ့ ဘဝရဲ့ အစိတ်အပိုင်းထဲက အရာ တစ်ခု ဆိုပေမယ့် ဘဝတစ်ခုလုံးနဲ့ သက်ဆိုင်နေတဲ့ အရာမို့ လွယ်လွယ်နဲ့ ဆုံးဖြတ်ချက်ချသင့်တဲ့ အရာမျိုးတော့ မဟုတ်ပါဘူး။ ဒီနေ့လို တိုးတက်မှုတွေ၊ မယုံကြည်စရာ များတာတွေနဲ့ ခက်ခဲ ရုန်းကန်ရတဲ့ ခေတ်ကြီးထဲမှာ ပိုလို့တောင် လွယ်လွယ် မတွေးသင့်ပါဘူး။

အထူးသဖြင့် အသက် (၂၅) နှစ် မတိုင်ခင် အိမ်ထောင် မပြုဖြစ်ရင် ကိုယ့်အတွက် ပိုပြီး ကောင်းတယ်လို့ ဆိုနိုင်ပါတယ်။ ၂၅ နှစ် မတိုင်ခင်မှာ အိမ်ထောင်ပြုဖို့ လုံးဝ မစဉ်းစားသင့်ဘူးဆိုတာကို ဒီအချက်တွေ ကြည့်ရင် သိသာပါတယ်။

လူငယ်ဘဝကို စွန့်လွှတ်ရမယ်

လူငယ်ဘဝဆိုတာ အချိန်အများကြီး ရနေတာမျိုး မဟုတ်ပါဘူး။ လူငယ်ဘဝမှာ အသက်ကြီးရင် ပြန်မရနိုင်မယ့် အချိန် အနည်းငယ် ဖြစ်ပါတယ်။

သူငယ်ချင်းတွေနဲ့ စိတ်ရှိတိုင်း ဆုံလို့ ရတာ၊ အခွင့်အလမ်းတွေ အများကြီး ရှာဖွေပြီး ရွေးချယ်ခွင့် ရနေတာ၊ ကလေးဆန်ဆန် နေလို့ ရတာ၊ စသဖြင့် ကောင်းမွန်တဲ့ အချိန်တွေနဲ့

အခွင့်အရေးတွေ အများကြီး ရနေစေတဲ့ အချိန်တစ်ခုပါ။ ၂၅ နှစ် မတိုင်ခင်မှာ အိမ်ထောင်ပြုရင်တော့ ဒီလို အခွင့်အရေးကောင်းတွေကို တခြားသော

လူငယ်တွေလို ရမှာ မဟုတ်တော့ဘဲ ကိုယ့်ရဲ့ လူငယ်ဘဝကို အိမ်ထောင်သည်ဘဝအဖြစ် ပြောင်းလဲလိုက်ရတော့မှာပါ။

တိုးတက်လမ်းကို နှောင့်နှေးစေတယ်

ဘဝကို တိုးတက်အောင် လုပ်လို့ ရတဲ့ အကောင်းဆုံး အသက်အရွယ်ကတော့ အသက် ၂၅ နှစ် မတိုင်ခင်ပဲ ဖြစ်ပါတယ်။ ပူပန်မှုတွေကို ကိုယ့်အတွက်ကလွဲရင် ဘာမှ သိပ်မရှိတဲ့

ဒီအရွယ်က ကိုယ့်ဘဝအတွက် လိုအပ်တဲ့ ပညာရပ်တွေကို သင်ယူလို့ ရပြီး ကိုယ့်အတွက် ရောက်လာတဲ့ အခွင့်အရေးတွေကို နှောင့်နှေးစရာ မလိုဘဲ ဖမ်းဆုပ်နိုင်တဲ့

အရွယ်ကောင်းလည်း ဖြစ်ပါတယ်။ အိမ်ထောင်ပြုထားတဲ့ လူငယ်ကတော့ ဒီလို အရာတွေကို ရဖို့ အခက်ခဲကြီး ခက်ခဲနေပါလိမ့်မယ်။

အိမ်ထောင်ရေး အဆင်မပြေတာမျိုး ကြုံရနိုင်တယ်

တစ်ဘဝလုံး အတူလက်တွဲရမယ့် အိမ်ထောင်ဖက်ကို ရွေးချယ်ဖို့ဆိုရင် အချိန်တွေ လိုအပ်ပါတယ်။ အသက် ၂၀ ကျော်ကာလမှာ ကိုယ် ချစ်ရတဲ့သူ တွေ့ရင်တောင်

ကိုယ်နဲ့ လိုက်ဖက်တဲ့ အိမ်ထောင်ဖက် ဟုတ်၊ မဟုတ် စောင့်ကြည့်ဖို့ လိုအပ်ပါတယ်။ ဘာမှ အကဲမဖြတ်ဘဲ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးဖြတ်လိုက်တဲ့ အိမ်ထောင်ရေးက

ကိုယ်မထင်ထားသလို အိမ်ထောင်ရေး အခက်အခဲတွေ ကြုံလာရနိုင်ပါတယ်။ လူချင်း အဆင်မပြေတာမျိုး၊ ကွာရှင်းဖို့အတွက် ကြုံလာရတာမျိုးအပြင် ကလေးရတာကြောင့် အခက်အခဲ တွေ့ရတာမျိုးတွေ ဖြစ်လာတတ်ပါတယ်။

အလုပ်မှာ ခက်ခဲမယ်

လူလွတ် တစ်ယောက် အလုပ်လုပ်ရတာမျိုးနဲ့ အိမ်ထောင်သည် တစ်ယောက် အလုပ်လုပ်ရတာ မတူပါဘူး။ အိမ်ထောင်မှု တာဝန်တွေ လုပ်နေရတာမျိုး၊ မလုပ်ရင်လည်း ဆက်ဆံရေးမှာ

မပြေလာတာ ဖြစ်လာတာမျိုးတွေကြောင့် အလုပ်ကို အိမ်ထောင်ကျတဲ့ လူငယ်တွေက အပြည့်အဝ အာရုံမစိုက်နိုင်သလို ဖြစ်နေတတ်ပါတယ်။

ဒါကြောင့် အသက် ၂၅ နှစ် မတိုင်ခင်မှာ အိမ်ထောင် လုံးဝ မပြုသေးတာက ပိုပြီး ကောင်းပါတယ်။ အလုပ်အကိုင်နဲ့ ရည်မှန်းချက်တွေ အတည်တကျ

ဖြစ်တဲ့အချိန်က ပိုပြီး ကိုယ့်အတွက် အဆင်ပြေမှာ ဖြစ်ပါတယ်။

 

ကိုယ်ပိုင်ဘဝ မရှိတော့ဘူး

လူငယ်တစ်ယောက်က ကိုယ်ပိုင်ဘဝ အပြည့်အဝ ရှိတယ်လို့ ဆိုလို့ ရပါတယ်။ အိမ်ထောင်သည် ဖြစ်လာရင်တော့ မိသားစုအရေးကို တွေးရပြီး

အိမ်မှုကိစ္စတွေအတွက်ပါ စဉ်းစားရတော့တာ ဖြစ်ပါတယ်။ ဒါကြောင့် လူငယ်ဘဝမှာ အိမ်ထောင်ပြုလိုက်ရင် လူငယ်ဘဝ ပျောက်ရုံတင်မကဘဲ ကိုယ့်ရဲ့ တစ်ကိုယ်ရည် ဘဝမှာ ပျောက်သွားနိုင်ပါတယ်။

Credit

Zawgyi Version

အသက္(၂၅)ႏွစ္မတိုင္ခင္ အိမ္ေထာင္ျပဳဖို႔ လုံးဝ မစဥ္းစားသင့္ေၾကာင္း ျပေနတဲ့ အခ်က္(၅)ခ်က္

အိမ္ေထာင္ျပဳတယ္ဆိုတာ အ႐ြယ္ေရာက္ၿပီးတဲ့သူတိုင္း ေ႐ြးခ်ယ္ႏိုင္တဲ့ ဘဝရဲ႕ အစိတ္အပိုင္းထဲက အရာ တစ္ခု ဆိုေပမယ့္ ဘဝတစ္ခုလုံးနဲ႔ သက္ဆိုင္ေနတဲ့ အရာမို႔ လြယ္လြယ္နဲ႔ ဆုံးျဖတ္ခ်က္ခ်သင့္တဲ့ အရာမ်ိဳးေတာ့ မဟုတ္ပါဘူး။ ဒီေန႔လို တိုးတက္မႈေတြ၊ မယုံၾကည္စရာ မ်ားတာေတြနဲ႔ ခက္ခဲ ႐ုန္းကန္ရတဲ့ ေခတ္ႀကီးထဲမွာ ပိုလို႔ေတာင္ လြယ္လြယ္ မေတြးသင့္ပါဘူး။

အထူးသျဖင့္ အသက္ (၂၅) ႏွစ္ မတိုင္ခင္ အိမ္ေထာင္ မျပဳျဖစ္ရင္ ကိုယ့္အတြက္ ပိုၿပီး ေကာင္းတယ္လို႔ ဆိုႏိုင္ပါတယ္။ ၂၅ ႏွစ္ မတိုင္ခင္မွာ အိမ္ေထာင္ျပဳဖို႔ လုံးဝ မစဥ္းစားသင့္ဘူးဆိုတာကို ဒီအခ်က္ေတြ ၾကည့္ရင္ သိသာပါတယ္။

လူငယ္ဘဝကို စြန္႔လႊတ္ရမယ္

လူငယ္ဘဝဆိုတာ အခ်ိန္အမ်ားႀကီး ရေနတာမ်ိဳး မဟုတ္ပါဘူး။ လူငယ္ဘဝမွာ အသက္ႀကီးရင္ ျပန္မရႏိုင္မယ့္ အခ်ိန္ အနည္းငယ္ ျဖစ္ပါတယ္။

သူငယ္ခ်င္းေတြနဲ႔ စိတ္ရွိတိုင္း ဆုံလို႔ ရတာ၊ အခြင့္အလမ္းေတြ အမ်ားႀကီး ရွာေဖြၿပီး ေ႐ြးခ်ယ္ခြင့္ ရေနတာ၊ ကေလးဆန္ဆန္ ေနလို႔ ရတာ၊ စသျဖင့္ ေကာင္းမြန္တဲ့ အခ်ိန္ေတြနဲ႔

အခြင့္အေရးေတြ အမ်ားႀကီး ရေနေစတဲ့ အခ်ိန္တစ္ခုပါ။ ၂၅ ႏွစ္ မတိုင္ခင္မွာ အိမ္ေထာင္ျပဳရင္ေတာ့ ဒီလို အခြင့္အေရးေကာင္းေတြကို တျခားေသာ

လူငယ္ေတြလို ရမွာ မဟုတ္ေတာ့ဘဲ ကိုယ့္ရဲ႕ လူငယ္ဘဝကို အိမ္ေထာင္သည္ဘဝအျဖစ္ ေျပာင္းလဲလိုက္ရေတာ့မွာပါ။

တိုးတက္လမ္းကို ေႏွာင့္ေႏွးေစတယ္

ဘဝကို တိုးတက္ေအာင္ လုပ္လို႔ ရတဲ့ အေကာင္းဆုံး အသက္အ႐ြယ္ကေတာ့ အသက္ ၂၅ ႏွစ္ မတိုင္ခင္ပဲ ျဖစ္ပါတယ္။ ပူပန္မႈေတြကို ကိုယ့္အတြက္ကလြဲရင္ ဘာမွ သိပ္မရွိတဲ့

ဒီအ႐ြယ္က ကိုယ့္ဘဝအတြက္ လိုအပ္တဲ့ ပညာရပ္ေတြကို သင္ယူလို႔ ရၿပီး ကိုယ့္အတြက္ ေရာက္လာတဲ့ အခြင့္အေရးေတြကို ေႏွာင့္ေႏွးစရာ မလိုဘဲ ဖမ္းဆုပ္ႏိုင္တဲ့

အ႐ြယ္ေကာင္းလည္း ျဖစ္ပါတယ္။ အိမ္ေထာင္ျပဳထားတဲ့ လူငယ္ကေတာ့ ဒီလို အရာေတြကို ရဖို႔ အခက္ခဲႀကီး ခက္ခဲေနပါလိမ့္မယ္။

 

အိမ္ေထာင္ေရး အဆင္မေျပတာမ်ိဳး ႀကဳံရႏိုင္တယ္

တစ္ဘဝလုံး အတူလက္တြဲရမယ့္ အိမ္ေထာင္ဖက္ကို ေ႐ြးခ်ယ္ဖို႔ဆိုရင္ အခ်ိန္ေတြ လိုအပ္ပါတယ္။ အသက္ ၂၀ ေက်ာ္ကာလမွာ ကိုယ္ ခ်စ္ရတဲ့သူ ေတြ႕ရင္ေတာင္

ကိုယ္နဲ႔ လိုက္ဖက္တဲ့ အိမ္ေထာင္ဖက္ ဟုတ္၊ မဟုတ္ ေစာင့္ၾကည့္ဖို႔ လိုအပ္ပါတယ္။ ဘာမွ အကဲမျဖတ္ဘဲ ငယ္ငယ္႐ြယ္႐ြယ္နဲ႔ ဆုံးျဖတ္လိုက္တဲ့ အိမ္ေထာင္ေရးက

ကိုယ္မထင္ထားသလို အိမ္ေထာင္ေရး အခက္အခဲေတြ ႀကဳံလာရႏိုင္ပါတယ္။ လူခ်င္း အဆင္မေျပတာမ်ိဳး၊ ကြာရွင္းဖို႔အတြက္ ႀကဳံလာရတာမ်ိဳးအျပင္ ကေလးရတာေၾကာင့္ အခက္အခဲ ေတြ႕ရတာမ်ိဳးေတြ ျဖစ္လာတတ္ပါတယ္။

 

အလုပ္မွာ ခက္ခဲမယ္

လူလြတ္ တစ္ေယာက္ အလုပ္လုပ္ရတာမ်ိဳးနဲ႔ အိမ္ေထာင္သည္ တစ္ေယာက္ အလုပ္လုပ္ရတာ မတူပါဘူး။ အိမ္ေထာင္မႈ တာဝန္ေတြ လုပ္ေနရတာမ်ိဳး၊ မလုပ္ရင္လည္း ဆက္ဆံေရးမွာ

မေျပလာတာ ျဖစ္လာတာမ်ိဳးေတြေၾကာင့္ အလုပ္ကို အိမ္ေထာင္က်တဲ့ လူငယ္ေတြက အျပည့္အဝ အာ႐ုံမစိုက္ႏိုင္သလို ျဖစ္ေနတတ္ပါတယ္။

ဒါေၾကာင့္ အသက္ ၂၅ ႏွစ္ မတိုင္ခင္မွာ အိမ္ေထာင္ လုံးဝ မျပဳေသးတာက ပိုၿပီး ေကာင္းပါတယ္။ အလုပ္အကိုင္နဲ႔ ရည္မွန္းခ်က္ေတြ အတည္တက်

ျဖစ္တဲ့အခ်ိန္က ပိုၿပီး ကိုယ့္အတြက္ အဆင္ေျပမွာ ျဖစ္ပါတယ္။

 

ကိုယ္ပိုင္ဘဝ မရွိေတာ့ဘူး

လူငယ္တစ္ေယာက္က ကိုယ္ပိုင္ဘဝ အျပည့္အဝ ရွိတယ္လို႔ ဆိုလို႔ ရပါတယ္။ အိမ္ေထာင္သည္ ျဖစ္လာရင္ေတာ့ မိသားစုအေရးကို ေတြးရၿပီး

အိမ္မႈကိစၥေတြအတြက္ပါ စဥ္းစားရေတာ့တာ ျဖစ္ပါတယ္။ ဒါေၾကာင့္ လူငယ္ဘဝမွာ အိမ္ေထာင္ျပဳလိုက္ရင္ လူငယ္ဘဝ ေပ်ာက္႐ုံတင္မကဘဲ ကိုယ့္ရဲ႕ တစ္ကိုယ္ရည္ ဘဝမွာ ေပ်ာက္သြားႏိုင္ပါတယ္။

Credit

Leave a Reply

Your email address will not be published. Required fields are marked *