Shwe Pann Thee Religious “အလုပ်တွေမအားလို့ သေခါနီးမှ တရားအားထုတ်လို့ ရပါသလား”ဆိုတဲ့ မေးခွန်းအပေါ် တောင်ပုလု ဆရာတော်ကြီးရဲ့ အဖြေ

“အလုပ်တွေမအားလို့ သေခါနီးမှ တရားအားထုတ်လို့ ရပါသလား”ဆိုတဲ့ မေးခွန်းအပေါ် တောင်ပုလု ဆရာတော်ကြီးရဲ့ အဖြေ



“အလုပ်တွေမအားလို့ သေခါနီးမှ တရားအားထုတ်လို့ ရပါသလား”ဆိုတဲ့ မေးခွန်းအပေါ် တောင်ပုလု ဆရာတော်ကြီးရဲ့ အဖြေ

သေခါနီးမှတရားအားထုတ်ရင် (တောင်ပုလုဆရာတော်ကြီး)

တောင်ပုလုဆရာတော် သက်တော်ထင်ရှားရှိစဉ် အခါတုန်းက ဒကာတစ်ယောက် ကျောင်းကိုရောက်လာရင်း ဆရာတော်အား မေးလျှောက်ပါတယ်။

ဆရာတော်ဘုရား “တပည့်တော်မှာသားရေး၊ သမီးရေး၊ အိမ်ထောင်ရေး၊ စီးပွားရေး၊ လူမှုရေးတွေ လုပ်နေရတော့ မအားဘူး ဘုရား။

ဆရာတော်ရဲ့တရားတွေကလည်း ကောင်းပါတယ်ဘုရား၊ ခလေးတွေကြီးပြင်းပြီး သူ့ဟာနဲ့သူအဆင်ပြေပြေနဲ့ နေနိုင်ကြတော့မှ

တပည့်တော်အားမယ်ထင်ပါတယ်ဘုရား တကယ်လို့ သေခါနီးမှ တရားအားထုတ်ရင် မရဘူးလား ဘုရား ” လို့ မေးတော့

ဆရာတော်က “ အေးကွာ မင်းမှာ မအားဘူးဆိုတော့လည်း၊ ဒါက မင်းသဘောပဲ။အားထုတ်လို့ မရဘူးလို့တော့ မပြောနိုင်ပါဘူး။

ငါပြောတဲ့ ဥပမာလေးကို နားထောင်လိုက်ဦး။ ”

“မင်းတို့အိမ်မှာ မိသားစု နေကြတယ်နော်”

“တန်ပါ့ဘုရား.. မိသားစုနေကြပါတယ်”

“မနက်စာထမင်းကို ဘယ်အချိန်စားကြသလဲ ? ”

“၁၂ နာရီ လောက်မှာ မိသားစုအားလုံး စုပြီးစားကြပါတယ် ”

“ဒါဆိုရင် ၁၂ နာရီ မထိုးခင် အချိန်လေးမှာ ကပ်ပြီး ထမင်းချက်စားကြတာလား ?”

“မဟုတ်ပါဘူး ဘုရား တပည့်တော် အိမ်ရှင်မက မနက် မိုးလင်းတာနဲ့ စားသောက်ဖို့အတွက် မီးဖိုနားမှာ ချွေးတစ်လုံးလုံးနဲ့ ချက်ပြုတ်နေရပါတယ် ဘုရား။

စားခါနီးတောင် ချက်ပြုတ်မပြီးသေးပါ ဘုရား။ စားခါနီးမှ ချက်ပြုတ်စားလို့တော့ မရနိုင်ပါ ဘုရား။ ဟင်းတွေကလည်း မနူးမနပ် ဖြစ်မှာပါ ဘုရား”

“အဲဒီအတိုင်းပဲ တရားဓမ္မကို သေခါနီးမှ ကပ်လုပ်ရင် မနူးမနပ်ဘူးပေါ့၊ တရားဓမ္မဆိုတာအချိန်ရှိတုန်းကပင် လေ့ကျင့်ယူရတယ်၊ နူးနပ်အောင် ကျင့်ကြံအားထုတ်ရတယ် ကွဲ့”

ဒါကြောင့် တရားချစ်ခင် သူတော်စင်အပေါင်းတို့ကလည်း ကျန်ရှိနေသေးတဲ့

အချိန်ကလေးကို အကျိုးရှိအောင် ကုသိုလ်စိတ်ဖြင့်နေပြီး တစ်ဆင့်ထက်တစ်ဆင့် မြင့်မြတ်သထက် မြင့်

မြတ်အောင် ကျင့်ကြံအားထုတ်ကာ မြတ်နိဗ္ဗာန်ကို ရရောက်နိုင်ကြပါစေ ကုန်သတည်း

Crd လွင်မာစိန်

Zawgyi Version

“အလုပ္ေတြမအားလို႔ ေသခါနီးမွ တရားအားထုတ္လို႔ ရပါသလား”ဆိုတဲ့ ေမးခြန္းအေပၚ ေတာင္ပုလု ဆရာေတာ္ႀကီးရဲ႕ အေျဖ

ေသခါနီးမွတရားအားထုတ္ရင္ (ေတာင္ပုလုဆရာေတာ္ႀကီး)

ေတာင္ပုလုဆရာေတာ္ သက္ေတာ္ထင္ရွားရွိစဥ္ အခါတုန္းက ဒကာတစ္ေယာက္ ေက်ာင္းကိုေရာက္လာရင္း ဆရာေတာ္အား ေမးေလွ်ာက္ပါတယ္။

ဆရာေတာ္ဘုရား “တပည့္ေတာ္မွာသားေရး၊ သမီးေရး၊ အိမ္ေထာင္ေရး၊ စီးပြားေရး၊ လူမႈေရးေတြ လုပ္ေနရေတာ့ မအားဘူး ဘုရား။

ဆရာေတာ္ရဲ႕တရားေတြကလည္း ေကာင္းပါတယ္ဘုရား၊ ခေလးေတြႀကီးျပင္းၿပီး သူ႔ဟာနဲ႔သူအဆင္ေျပေျပနဲ႔ ေနႏိုင္ၾကေတာ့မွ

တပည့္ေတာ္အားမယ္ထင္ပါတယ္ဘုရား တကယ္လို႔ ေသခါနီးမွ တရားအားထုတ္ရင္ မရဘူးလား ဘုရား ” လို႔ ေမးေတာ့

ဆရာေတာ္က “ ေအးကြာ မင္းမွာ မအားဘူးဆိုေတာ့လည္း၊ ဒါက မင္းသေဘာပဲ။အားထုတ္လို႔ မရဘူးလို႔ေတာ့ မေျပာႏိုင္ပါဘူး။

ငါေျပာတဲ့ ဥပမာေလးကို နားေထာင္လိုက္ဦး။ ”

“မင္းတို႔အိမ္မွာ မိသားစု ေနၾကတယ္ေနာ္”

“တန္ပါ့ဘုရား.. မိသားစုေနၾကပါတယ္”

“မနက္စာထမင္းကို ဘယ္အခ်ိန္စားၾကသလဲ ? ”

“၁၂ နာရီ ေလာက္မွာ မိသားစုအားလုံး စုၿပီးစားၾကပါတယ္ ”

“ဒါဆိုရင္ ၁၂ နာရီ မထိုးခင္ အခ်ိန္ေလးမွာ ကပ္ၿပီး ထမင္းခ်က္စားၾကတာလား ?”

“မဟုတ္ပါဘူး ဘုရား တပည့္ေတာ္ အိမ္ရွင္မက မနက္ မိုးလင္းတာနဲ႔ စားေသာက္ဖို႔အတြက္ မီးဖိုနားမွာ ေခြၽးတစ္လုံးလုံးနဲ႔ ခ်က္ျပဳတ္ေနရပါတယ္ ဘုရား။

စားခါနီးေတာင္ ခ်က္ျပဳတ္မၿပီးေသးပါ ဘုရား။ စားခါနီးမွ ခ်က္ျပဳတ္စားလို႔ေတာ့ မရႏိုင္ပါ ဘုရား။ ဟင္းေတြကလည္း မႏူးမနပ္ ျဖစ္မွာပါ ဘုရား”

“အဲဒီအတိုင္းပဲ တရားဓမၼကို ေသခါနီးမွ ကပ္လုပ္ရင္ မႏူးမနပ္ဘူးေပါ့၊ တရားဓမၼဆိုတာအခ်ိန္ရွိတုန္းကပင္ ေလ့က်င့္ယူရတယ္၊ ႏူးနပ္ေအာင္ က်င့္ႀကံအားထုတ္ရတယ္ ကြဲ႕”

ဒါေၾကာင့္ တရားခ်စ္ခင္ သူေတာ္စင္အေပါင္းတို႔ကလည္း က်န္ရွိေနေသးတဲ့

အခ်ိန္ကေလးကို အက်ိဳးရွိေအာင္ ကုသိုလ္စိတ္ျဖင့္ေနၿပီး တစ္ဆင့္ထက္တစ္ဆင့္ ျမင့္ျမတ္သထက္ ျမင့္

ျမတ္ေအာင္ က်င့္ႀကံအားထုတ္ကာ ျမတ္နိဗၺာန္ကို ရေရာက္ႏိုင္ၾကပါေစ ကုန္သတည္း

Crd လြင္မာစိန္

Leave a Reply

Your email address will not be published. Required fields are marked *