Shwe Pann Thee Global News ကျောင်းနောက်ဆုံးနေ့၌ ကလေးငယ် ၅ ဦး သေဆုံးခဲ့ရတဲ့ ဩစတေးလျနိုင်ငံကအဖြစ်

ကျောင်းနောက်ဆုံးနေ့၌ ကလေးငယ် ၅ ဦး သေဆုံးခဲ့ရတဲ့ ဩစတေးလျနိုင်ငံကအဖြစ်



ဩစတေးလျနိုင်ငံတွင် ကျောင်းနောက်ဆုံးနေ့၌ ကလေးငယ် ၅ ဦး သေဆုံးခဲ့ရတဲ့အဖြစ်

ဩစတေးလျနိုင်ငံတွင် ကလေးများ ကစားနေသည့် ရဲတိုက်တစ်ခုအား လေပြင်းတိုက်ခတ်ခဲ့ရာ ကျောင်းသား ၅ ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်များက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ ဒီ အဖြစ်အပျက်ဟာ သြစတြေးလျနိုင်ငံ တက်စမေးနီးယားပြည်နယ် Devonport မှာရှိတဲ့ ကျောင်းတစ်ကျောင်းမှာ ဖြစ်ပွားခဲ့တာပါ

 

လေပြင်းတိုက်ခတ်စဉ်တွင် ရဲတိုက်အတွင်း ကလေးငယ် ၉ ဦးရှိနေကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည် ။ တစ်ချို့က ရဲတိုက်ရဲ့ ပေ 30 လောက်ကနေ မြေပေါ်ပြုတ်ကျသွားသည်။ အခင်းဖြစ်ရာနေရာ၌ ယောက်ျားလေး နှစ်ဦးနှင့် မိန်းကလေးနှစ်ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ ၅ ယောက်မြောက် ကလေးတစ်ဦးကတော့ ဆေးရုံတွင် သေဆုံးသွားခဲ့သည်။

တက်စမေးနီးယားရဲမင်းကြီး Darren Hine က အခြားကလေးငယ်အချို့ ဒဏ်ရာရခဲ့ကြောင်း ပြောကြားခဲ့သည်။ ရဲတိုက်ရှိ ကလေးငယ်များသည် အသက် ၁၀ နှစ် သို့မဟုတ် ၁၁ နှစ်ခန့်ရှိပြီဟု သိရသည်။

“ဒီကလေးတွေက မူလတန်းကျောင်းနောက်ဆုံးနေ့ကို ကျင်းပဖို့ လုပ်နေကြတာ” ဟု The New York Times ရဲ့ ဖော်ပြချက်အရ သိရပါတယ်။ သြစတြေးလျ ဝန်ကြီးချုပ် Scott Morrison က အဖြစ်အပျက်တွေဟာ ကြေကွဲဝမ်းနည်းဖွယ် ကောင်းတယ်လို့ ပြောပါတယ်။

Translate by Anne

Zawgyi Version






Leave a Reply

Your email address will not be published. Required fields are marked *