Shwe Pann Thee Knowledge တကယ်လို့သင်က အသက် 20 ကျော်လာပြီဆိုရင်

တကယ်လို့သင်က အသက် 20 ကျော်လာပြီဆိုရင်

တကယ်လို့သင်က အသက် 20 ကျော်လာပြီဆိုရင်

လူကြီးမဟုတ်သေးပေမယ့် လူလတ်ပိုင်း

အရွယ်ရောက်လာပြီမို့ ကိုယ့်နေထိုင်မှုပုံစံမှာ

အရင်ဆယ်ကျော်သက်လို့ နေလို့မသင့်တော့ပါ။

ပြောင်းလဲဖို့ လိုအပ်လာပါပြီလေ။

1.အချစ်အတွက်ပဲ အချိန်မကုန်ပါနဲ့။

ဆယ်ကျော်သက်တုန်းက ကိုယ်အများကြီး

ထားဖူးခဲ့ပါလိမ့်မယ်။သေချာလေး အချိန်ပေးပြီး

စဉ်းစားဖို့လိုအပ်ပါပြီ။ဆယ်ကျော်သက်လို ကိုယ့်အချစ်ကို ဈေးမပေါနဲ့တော့။

2.Neeed or Want ကိုခွဲခြားပါ။

လိုချင်တာလား လိုအပ်တာလား အမြဲတွေးပြီး

ဝယ်ပါ။ကိုယ့်ဆီမှာ ဝတ်လို့ရသေးရင်၊

အသုံးပြုလို့ရသေးရင် မဝယ်ပါနဲ့အုန်း။

3.ပိုက်ဆံစုတတ်တဲ့အကျင့်ရှိပါ။

ကိုယ့်ရှာနိုင်တဲ့ဝင်ငွေက နည်းသည် ဖြစ်စေများသည်ဖြစ်စေ စုပါ။သုံးပြီးမှ ပိုတာမစုပါနဲ့။

စုဖို့ဖယ်ထားပြီးမှ ပိုတာသုံးပါ။တစ်နေ့တော့

ကိုယ်စုထားတဲ့ပိုက်ဆံက ကိုယ့်အတွက်အကျိုးပေးပါလိမ့်မယ်။

4.သူများတွေရဲ့ ထင်မြင်ချက်ကို ဂရုမစိုက်ပါနဲ့

ကိုယ်ဗိုက်နာတာ ကိုယ်ပဲသိတာမို့ လိုအပ်တာ

ထက်ပိုနားမထောင်ပါနဲ့။ခုအသက်၂၀ကျော်ပြီမို့ အမှားအမှန် ကိုယ်ပိုင်ဉာဏ်နဲ့ဆုံးဖြတ်နိုင်ပါပြီ။

5.မိဘတွေကို အပြစ်မတင်ပါနဲ့။

မိဘတွေဆိုတာ အကောင်းဆုံးတဲ့နည်းကနေ

ကိုယ်တို့ကို ပံ့ပိုးပေးခဲ့တာချည်းပါ။

ငယ်ငယ်ကတည်းက မဖြည့်ဆည်းနိုင်ခဲ့တဲ့

အရာတွေကို ခုချိန်မှာ အပြစ်မတင်ပါနဲ့တော့။

သင်အကောင်းဆုံး ကြိုးစားပြီးဖန်တီးယူပါ။ (အားလုံးကို မဆိုလိုပါ)

6.ဘဝရည်မှန်းချက် ရှိနေပါစေ။

စိတ်အေးအေးနဲ့ သေချာတွေးကြည့်ပါ။

ကိုယ်ဘာဖြစ်ချင်တာလဲ၊ဘယ်အရာမှာ

အားသာသလဲပေါ့။ငွေကြေးမပြည့်စုံလို့

စိတ်ပျက်အားမလျော့ပါနဲ့။တတ်နိုင်တဲ့အားဖြင့် ကြိုးစားနေပေးပါ။

7.ပရဟိတ များများလုပ်ပါ။

လူလတ်ပိုင်းဖြစ်လာပြီမို့ ကိုယ်ပြန်ထွက်သွား

ရင် ကိုယ့်နောက်ပါသွားမယ့် အရာတွေများများလုပ်ပါ။

လူမချမ်းသာရင်တောင် မေတ္တာတော့ ချမ်းသာနေပါစေကွယ်။

8.လူတိုင်းအပေါ် ကောင်းတာလျော့ပါ။

စေတနာက လူတိုင်းနဲ့မတန်ဘူးဆိုတာ

ခုအရွယ်မှာ ကောင်းစွာနာလည်သဘောပေါက် မှာပါ။

ယုတ်မာစိတ်၊မကောင်းတဲ့စိတ် မွေးခိုင်းနေတာ မဟုတ်ရပါ။

ကိုယ့်ကောင်း ပေးရဲ့သားနဲ့ ကိုယ့်အပေါ်လူပါးဝလာတယ်

ဆိုရင်အဲလူအပေါ် ဆက်မကောင်းသင့်ပါ။

နောက်ဆုံး ကိုယ်ရောစိတ်ဆင်းရဲရပြီး စေတနာက ဝေဒနာဖြစ်သွားမှာကိုး..။

ရင့်ကျက်လာပြီမို့ တန်ဖိုးရှိတဲ့လူတစ်ယောက် ဖြစ်အောင် ကြိုးစားနေပေးပါ။

ဘယ်လောက်ခက်ခဲနေပါစေ ပျော်ပျော်နေပေးနော်..။

ချစ်ခြင်းများစွာဖြင့် နူးနူးအောင်

Leave a Reply

Your email address will not be published. Required fields are marked *