Shwe Pann Thee Global News ပရဟိတရန်ပုံ‌ငွေအတွက် အအေးဒဏ်ကိုပင် အံတုကာ ရေကူးဝတ်စုံတွေပါ ဝတ်ပြီး လမ်းတစ်လျှောက်ပြေးနေကြတဲ့ ဆန်တာများ၏ စိတ်အားထက်သန်မှုမြင်ကွင်း

ပရဟိတရန်ပုံ‌ငွေအတွက် အအေးဒဏ်ကိုပင် အံတုကာ ရေကူးဝတ်စုံတွေပါ ဝတ်ပြီး လမ်းတစ်လျှောက်ပြေးနေကြတဲ့ ဆန်တာများ၏ စိတ်အားထက်သန်မှုမြင်ကွင်း



ပရဟိတရန်ပုံ‌ငွေအတွက် အအေးဒဏ်ကိုပင် အံတုကာ ရေကူးဝတ်စုံတွေပါ ဝတ်ပြီး လမ်းတစ်လျှောက်ပြေးနေကြတဲ့ ဆန်တာများ၏ စိတ်အားထက်သန်မှုမြင်ကွင်း

Budapest ၏ နှစ်စဉ် Santa Claus Jogging ပွဲ၌ ပါဝင်ရန်အတွက် အပြေးသမား ၄၀ ကျော်သည် Santa ဦးထုပ်များနှင့် ရေကူးဝတ်စုံများ ၀တ်ဆင်ခဲ့ကြကာ Budapest လမ်းများတစ်လျှောက် ပြေးခဲ့ကြသည်။

“Naked Santa Run” နှင့် “Santa Speedo Run” ဟုလည်းလူသိများသော နှစ်စဉ်ကျင်းပသည့်ပွဲကို 2020 ခုနှစ်တွင် ကပ်ရောဂါကြောင့် ဖျက်သိမ်းခဲ့သော်လည်း ယခုနှစ်တွင် ပါဝင်သူ 40 ကျော် ဖြင့် ဟန်ဂေရီမြို့တော်သို့ တနင်္ဂနွေနေ့တွင် ပြန်လည်ရောက်ရှိကျင်းပခဲ့သည် ။

အပြေးသမားများသည် ကြံ့ခိုင်ရေးစင်တာ၏ အပြင်ဘက်တွင် စုရုံးခဲ့ကြပြီး ၎င်းတို့၏ ရေကူးဝတ်စုံကို ၀တ်ဆင်ကာ ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီတွင် စတင်ပြေးခဲ့ကြသည်။အကွာအဝေး 2.2 မိုင်ခန့် ပြေးပြီး အားကစားရုံရှေ့တွင် ပြေးပွဲအား ပြီးဆုံးစေခဲ့သည်။

 

အအေးလွန်ကဲသောအချိန်အခါတွင် အပြေးလေ့ကျင့်ခန်းလုပ်ရင်းမှ ပူနွေးလာစေရန် ပါဝင်သူများအား ဒေသခံ Szechenyi spa က 50% လျှော့စျေး ပေးခဲ့ပါသည်။ 18 ကြိမ်မြောက် Santa Claus Jogging ပွဲသည် ပရဟိတအဖွဲ့ Better Childhood အတွက် ရန်ပုံငွေရရှိခဲ့သည်။

Translate by Wint Phue Aung

Zawgyi Version

ပရဟိတရန္ပုံ‌ေငြအတြက္ အေအးဒဏ္ကိုပင္ အံတုကာ ေရကူးဝတ္စုံေတြပါ ဝတ္ၿပီး လမ္းတစ္ေလွ်ာက္ေျပးေနၾကတဲ့ ဆန္တာမ်ား၏ စိတ္အားထက္သန္မႈျမင္ကြင္း

Budapest ၏ ႏွစ္စဥ္ Santa Claus Jogging ပြဲ၌ ပါဝင္ရန္အတြက္ အေျပးသမား ၄၀ ေက်ာ္သည္ Santa ဦးထုပ္မ်ားႏွင့္ ေရကူးဝတ္စုံမ်ား ၀တ္ဆင္ခဲ့ၾကကာ Budapest လမ္းမ်ားတစ္ေလွ်ာက္ ေျပးခဲ့ၾကသည္။

“Naked Santa Run” ႏွင့္ “Santa Speedo Run” ဟုလည္းလူသိမ်ားေသာ ႏွစ္စဥ္က်င္းပသည့္ပြဲကို 2020 ခုႏွစ္တြင္ ကပ္ေရာဂါေၾကာင့္ ဖ်က္သိမ္းခဲ့ေသာ္လည္း ယခုႏွစ္တြင္ ပါဝင္သူ 40 ေက်ာ္ ျဖင့္ ဟန္ေဂရီၿမိဳ႕ေတာ္သို႔ တနဂၤေႏြေန႔တြင္ ျပန္လည္ေရာက္ရွိက်င္းပခဲ့သည္ ။

အေျပးသမားမ်ားသည္ ႀကံ့ခိုင္ေရးစင္တာ၏ အျပင္ဘက္တြင္ စု႐ုံးခဲ့ၾကၿပီး ၎တို႔၏ ေရကူးဝတ္စုံကို ၀တ္ဆင္ကာ ေဒသစံေတာ္ခ်ိန္ မြန္းလြဲ ၂ နာရီတြင္ စတင္ေျပးခဲ့ၾကသည္။အကြာအေဝး 2.2 မိုင္ခန႔္ ေျပးၿပီး အားကစား႐ုံေရွ႕တြင္ ေျပးပြဲအား ၿပီးဆုံးေစခဲ့သည္။

အေအးလြန္ကဲေသာအခ်ိန္အခါတြင္ အေျပးေလ့က်င့္ခန္းလုပ္ရင္းမွ ပူေႏြးလာေစရန္ ပါဝင္သူမ်ားအား ေဒသခံ Szechenyi spa က 50% ေလွ်ာ့ေစ်း ေပးခဲ့ပါသည္။ 18 ႀကိမ္ေျမာက္ Santa Claus Jogging ပြဲသည္ ပရဟိတအဖြဲ႕ Better Childhood အတြက္ ရန္ပုံေငြရရွိခဲ့သည္။

Leave a Reply

Your email address will not be published. Required fields are marked *